Rationale Thinking



https://www.facebook.com/notes/%E1%80%84%E1%80%9B%E1%80%B2-%E1%80%9E%E1%80%AC%E1%80%B8/%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%94%E1%80%AE%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8-%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%9A%E1%80%B9/360931797316413



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်....။

by ငရဲ သား on Tuesday, September 11, 2012 at 9:42pm ·

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html


ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June  မှာ တရုတ်ခေါင်းဆောင် ဝမ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp)  လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအဝင် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့  the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို  ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ  မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ဝယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ဝမ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ဝယ်ယူထားပြီး ဝမ်ပေါင်းက ငွေချေခဲ့တာပါ..။ ဝမ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”ဝန်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။


the voice journal တရားစွဲခံရသော သတင်း



ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို  သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို  အောက်ပါလင့်မှာ  ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167

ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။



လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။


 အခု လက်ပံတောင်းတောင်စီမံကိန်းကိုေတာ့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့  အဲဒီ Wanbao Mining IndustryCo., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။  အများသိတဲ့ ဝမ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။
အဲဒီ ဝမ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအဝင် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22


သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘဝရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ဝမ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။



Norinco's VT1A MBT 2000, Main Battle Tank



Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို  အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအဝင် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအဝင် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ဝိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။ 

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအဝင် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။

မည်သူမဆို share နိုင်ပါသည်..။

Who Should Be TIME's Person of the Year 2012?


Source: http://www.time.com/time/specials/packages/article/0,28804,2128881_2128882_2129196,00.html


Who Should Be TIME's Person of the Year 2012?

 

As always, TIME's editors will choose the Person of the Year, but that doesn't mean readers shouldn't have their say. Cast your vote for the person you think most influenced the news this year for better or worse. Voting closes at 11:59 p.m. on Dec. 12, and the winner will be announced on Dec. 14.
Click here to find out more!


Read more: http://www.time.com/time/specials/packages/article/0,28804,2128881_2128882_2129196,00.html #ixzz2Db8mdMTA

New Laws in Myanmar (Up to Nov 2012)



1
Thu, 29 Sep 2011
2
Thu, 29 Sep 2011
3
Thu, 29 Sep 2011
4
Thu, 29 Sep 2011
5
Thu, 29 Sep 2011
6
Wed, 5 Oct 2011
7
Tue, 11 Oct 2011
8
Tue, 18 Oct 2011
9
Tue, 18 Oct 2011
10
Tue, 18 Oct 2011
11
Fri, 4 Nov 2011
12
Mon, 21 Nov 2011
13
Wed, 30 Nov 2011
14
Fri, 2 Dec 2011
15
Fri, 2 Dec 2011
16
Thu, 5 Jan 2012
17
Thu, 5 Jan 2012
18
Thu, 5 Jan 2012
19
Fri, 24 Feb 2012
20
Fri, 24 Feb 2012
21
Mon, 19 Mar 2012
22
Mon, 19 Mar 2012
23
Wed, 28 Mar 2012
24
Wed, 28 Mar 2012
25
Wed, 28 Mar 2012
26
Fri, 30 Mar 2012
27
Fri, 30 Mar 2012
28
Fri, 30 Mar 2012
29
Fri, 30 Mar 2012
30
Fri, 10 Aug 2012
31
Thu, 30 Aug 2012
32
Fri, 31 Aug 2012
33
Mon, 3 Sep 2012
34
Mon, 10 Sep 2012
35
Fri, 2 Nov 2012
36
Fri, 2 Nov 2012
37
Fri, 2 Nov 2012
38
Sat, 3 Nov 2012

မြကျွန်းညိုညို မူလအဆိုရှင်





ဂန္တဝင် မြကျွန်းညိုညို သီချင်းရှင် ဆရာကြီးဦးမြသိန်း (ကထိက ငြိမ်း မြန်မာစာဌာန ရန်ကုန်တက္ကသိုလ် )သည် 11-11-2012 နေ့တွင် ကွယ်လွန်သွားပါသဖြင့်
ဝမ်နည်းစွာနှင့် ၎င်း၏သီချင်းနှင့် စာသားကို တင်ပေးလိုက်ပါသည်။
(Thet Htun Oo - EMDevS- 7)

သီခ်င္းdownload



မြကျွန်းညိုညို
တေးရေးဆရာဦးသက်လွင်
ဆိုဦးမြသိန်း၊ကိုလေးဝင်း၊အေဝမ်းတင်တင်လှ၊ဒေါ်ကြည်ကြည်ဝင်း

၁(ခြေဆင်း)မြစ်ချောင်းငယ်ပြာပြာ၊ရေပြာပြာ--သမုဒရာမှာပေါင်း--ဆုံအသစ်အေဧာင်းနယ်စုံစွာကျက်သရေဂုဏ်ဝေဖြာတဲ့-အကြေတကသိုလ်မှာ--အကြောင်း--ဆုံ
၂(မြကျွန်းညိုညိုကွန်းခိုရာတကသိုလ်မှာကြိုစာပေဂီတနဲ့သာအနုပညာအစစမှာလဲစုံတေးပဥင်ငြိမ့်ငြိမ်းညောင်းစုပေါင်းပါလို့သီကျူးပုံတေးမင်္ဂလာဘဝင်မှာအေးလို့ငြိမ်းချမ်းကြစေကုန်)၂
၃(ရှေးယဉ်ကျေးမှု-အစဉ်အလာဒို့ဆက်ခံကာသာယုံ-တေးထွင်ရေး-ပြုညီညာတိုး-တက်ပါစေကုန်)၂
၄(ပန်းကံ့ကော်ဝင်း--ဖန့်ဖန့်သင်း-ပျံ့ကြိုင်လှိုင်ထုံ(တို့တကသိုလ်ဂုဏ်)စိန်ပန်းစုံနီဝေေ၀--မြကန်ရေ-သာမော--အစဉ်ဆန်း--ပုံပင်နန်း-စုံ--အလှအဖုံဖုံ--ဝန်း-ခို-ခ-ရုံံ-ကျွန်းညိုမြ--ဂုဏ်)တီးလုံး၃
၂ပြန်ဆို
၃ပြန်ဆို
၄ပြန်ဆို