နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း
(ငြိမ်းချမ်းရေးစကားဝိုင်း)
========================================
နေပြည်တော် ဧပြီ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒီစကားဝိုင်းကို ရောက်လာတဲ့ လူငယ်တွေအားလုံးကို ကြိုဆိုပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အချက်လေးတွေတစ်ချို့ ပြောချင်ပါတယ်။ ဒီလိုဆွေးနွေးတယ်ဆိုတာဟာ နံပါတ်တစ်ကတော့ တစ်ယောက်နဲ့တစ်ယောက် နားထောင်ပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ဆွေးနွေးပွဲလုပ်တာ သုံးလေးကြိမ်လောက် ရှိသွားပါပြီ။ သုံးလေးကြိမ်လောက်ရှိပြီဆိုတော့ ဘာသတိပြုမိလဲဆိုတော့ တစ်ချို့က မလာခင်ကတည်းက ဘာပြောမယ်ဆိုတာ ဆုံးဖြတ်ပြီးသား။ ဆွေးနွေးပွဲမှာ တခြားသူတွေ ဘာပြောတယ်ဆိုတာကို နားမထောင်ဘူး။ ပြောချင်တာပြောသွားတယ်။ ဆွေးနွေးပွဲဆိုတာ အဲ့လိုမဟုတ်ဘူး။ နံပါတ်တစ်က ဘာပြောလဲဆိုတာ နားထောင်ရမယ်။ အဓိပ္ပါယ်ကတော့ တခြားဆွေးနွေးပွဲမှာပါတဲ့ တခြားပါဝင်တဲ့သူတွေကို လေးစားရမယ်။ လေးစားသော အားဖြင့် နားထောင်ရမယ်။ နားထောင်ပြီးတော့ ကိုယ်က တုံ့ပြန်တဲ့ အခါမှာ ရိုးရိုးသားသားပဲ တုံ့ပြန်စေချင်တယ်။ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် တုံ့ပြန်စေချင်တယ်။ ဒါမှလည်း ဒီဆွေးနွေးပွဲဟာ တကယ်အနှစ်သာရ ရှိမှာဖြစ်ပါတယ်။ နောက်တစ်ခုက အားလုံးနဲ့ အတူတူ ၀ိုင်းပြီးပြောတယ်ဆိုတော့ အားလုံးကို အချိန်ရအောင်ပေးချင်တယ်။ ကိုယ်တစ်ယောက်တည်းပြောချင်တာတွေကို ဖိပြီးတော့ ပြောနေတော့ အမေက ဖြတ်မှာပဲနော်။ တော်ပြီလို့ပြောမှာပဲ။ အဲ့ဒါတော့ မပြောစေချင်လို့ မဟုတ်ဘူး။ တခြားသူတွေရဲ့ အချိန်ကို လေးစားသောအားဖြင့် အဲ့ဒီအချက်လေးကိုတော့ သတိပြုစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဆွေးနွေးပွဲမှာဆိုရင် ဒီဟာကို သတိထားမိတယ်။ တစ်ချို့က ကိုယ်ပြောချင်တာပြော ကျန်တဲ့သူတွေအတွက် အချိန်လောက်မလား၊ မလောက်ဘူးလား ဆိုတာကို လုံးဝမစဉ်းစားတဲ့ သဘောပေါ့။ တခြားသူတွေပြောတာကို သေချာနားမထောင်တာ။ ဆွေးနွေးပွဲဆိုတာ နံပါတ်တစ်က နားထောင်ခြင်းပဲ။ တခြားသူတွေရဲ့ အထင်အမြင်တွေကို သေသေချာချာ လေးလေးစားစား နားမထောင်လို့ရှိရင် ဆွေးနွေးပွဲမဟုတ်တော့ဘူး။ ဟောပြောပွဲဖြစ်သွားတာ။ တစ်ယောက်ပြီးတစ်ယောက် ဟောပြောသွားတဲ့ သဘောပေါ့။ တခြားလူတွေအတွက် အချိန်ကိုလည်း သတိထားပြီးတော့ ကိုယ့်အချိန်ကို ကိုယ်ကန့်သတ်မယ်။ ပထမမေးရမယ်ဆိုရင် သားက ဒီထဲမှာ ငယ်တယ်ပေါ့နော်။ အခုဒီစကားဝိုင်းမှာဆိုရင် ကျေးလက်တောရွာမှာနေတဲ့ လူငယ်တွေရယ်လို့ မဟုတ်ပါဘူး။ တကယ်တော့ ပြည်သူလူထုလို့ ပြောတာကို လူငယ်တွေပဲ ရွေးလိုက်တော့ ဒီတစ်ခါတော့ လူငယ်တွေပေါ့။ နောက်တစ်ခါကျရင် လူကြီးတွေပဲ သတ်သတ်မှတ်မှတ် ဖိတ်ရလိမ့်မယ်ထင်တယ်။ ကျေးလက်တောရွာမှာ နေတဲ့ အမေတို့ရဲ့ ပြည်သူလူထုဟာ ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြောရမယ် ဆိုလို့ရှိရင် ဒီနိုင်ငံရဲ့ ကျောရိုးလို့ပဲ ပြောလို့ရတယ်။ ကျေးလက်တောရွာမှနေတဲ့ ပြည်သူလူထုဟာ ဒီနိုင်ငံရဲ့ ကျောရိုးဖြစ်တယ်။ လူတစ်ယောက်ရဲ့ ကျောရိုးဆိုတာဟာ မားမားမတ်မတ်ရပ်နိုင်အောင်လို့ ထောက်ပေးထားတာ။ ဒါကြောင့်မို့လို့ ဒီနိုင်ငံဟာ တိုးတက်ဖို့၊ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ဆိုလို့ရှိရင် ကျေးလက်တောရွာ ပြည်သူလူထုရဲ့ ဘ၀တွေဟာ ခိုင်မာမှ၊ တိုးတက်မှ၊ ကောင်းမွန်မှ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်မို့လို့ ကျေးလက်တောရွာပြည်သူလူထုရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။
အခုဒီဆွေးနွေးပွဲကတော့ ငြိမ်ချမ်းရေးနဲ့ ပတ်သက်တယ်။ ငြိမ်ချမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍက ဘယ်လိုအရေးကြီးတယ်ဆိုတာ ဒီဆွေးနွေးပွဲကနေပြီးတော့ အဖြေတစ်ခု ပေါ်အောင်လို့ ကြိုးစားဖို့လည်းဖြစ်တယ်။ တချို့တွေက ငြိမ်းချမ်းနေတဲ့ ဒေသတွေမှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နည်းနည်းစိတ်ဝင်စားမှု နည်းတာလည်းပါတယ်၊ ဗဟုသုတနည်းတာလည်း ပါတယ်။ မကြာခင်တုန်းကဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တချို့ လူငယ်တွေမဟုတ်ပါဘူး။ လူကြီးတွေနဲ့ပဲ ဆွေးနွေးလိုက်တဲ့အခါကျတော့ မန္တလေးတိုင်းဘက်ကဆိုလို့ရှိရင် ငြိမ်းချမ်းရေးကိစ္စကို စိတ်ဝင်စားမှုနည်းတယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးတိုင်းက ငြိမ်းချမ်းနေလို့။ ပြည်တွင်း စစ်တွေမရှိဘူး။ မရှိတော့ သူတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ ဒီလိုနေကြတယ်။ တကယ်တော့ အားလုံးနဲ့ ဆိုင်တယ်။
တစ်တိုင်းပြည်ဆိုတာဟာ လူတစ်ယောက်နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် အစိတ်အပိုင်း အားလုံး ကောင်းမွန်မှ အားလုံးကောင်းမယ်။ ဥပမာဆိုလို့ရှိရင် လက်နာနေတယ်ဆိုရင် နာနေတာပဲ။ လက်တစ်ခုပဲ နာနေတယ် ဆိုပြီး ပစ်ထားလို့မရဘူး။ သွားတစ်ချောင်းနာနေရင်လည်း နာတာပဲ။ စိတ်မသာယာဘူးပေါ့နော်။ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး၊ စားရတာလည်း အဆင်မပြေဘူး၊ အဲ့ဒီတော့ ပြဿနာဖြစ်တယ်။ ပိုပြီးတော့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု နှလုံးဆိုပါတော့။ နှလုံးမကောင်းဘူး ဆိုလို့ရှိရင် တခြား လက်တွေ၊ ခြေတွေ ဘယ်လိုပဲကောင်းကောင်း နှလုံးမကောင်းဘူးဆိုလို့ရှိရင်တော့ အသက်အန္တရာယ် တောင်မှ ဖြစ်နိုင်တဲ့အနေအထားကို ရောက်သွားတယ်။
အဲ့ဒီတော့ အမေတို့နိုင်ငံရဲ့ နှလုံးသားဆိုတာဟာ ငြိမ်းချမ်းရေးနဲ့ဆိုင်တယ်ဆိုတာကို သတိပြု စေချင်တယ်။ ငြိမ်းချမ်းရေးရမှ ဒီနိုင်ငံဟာ လူနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျန်းမာနိုင်မယ်၊ ကောင်းမွန်နိုင်မယ်၊ တိုးတက်နိုင်မယ်။ အဲ့ဒီတော့ အဲ့ဒီစိတ်ဓာတ်နဲ့ အားလုံးကိုဝိုင်းပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် လူတိုင်း လူတိုင်းမှာ ဘယ်လို တာဝန်ရှိလဲ၊ ဘာလုပ်ပေးနိုင်လဲဆိုတာကို စဉ်းစားပြီးတော့ ဆွေးနွေးစေချင်ပါတယ်ဟု ပြောကြားသည်။
ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များက တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး၊ ၂၁-ရာစု ပင်လုံအောင်မြင်ရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရာသီ ဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိရေး၊ မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်တွင်းစစ်ကြောင့်ရရှိခဲ့သည့် စိတ်ဒဏ်ရာများ ကုစားနိုင်ရေး၊ ဒီမိုကရေစီ စံနှုန်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ မငြိမ်းချမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ငြိမ်းချမ်းမှု၏ ရလဒ်အသီးအပွင့်များ၊ မြို့ပြနှင့်ကျေးလက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကျဉ်း မြောင်းရေး၊ ပြည်သူများ၏ အရည်အချင်း အရည်အသွေးမြင့်မာရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လူငယ်များပါဝင်ရေးတို့နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က online မှမေးမြန်းသည့် “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတွေ ဘာဖြစ်လို့ သီးခြားနိုင်ငံအဖြစ် မနေသင့်လဲ ဆိုတာကို ရှင်းပြပေးစေလိုပါတယ်၊ နိုင်ငံတော်တည်ထောင်ခြင်းဖြစ်စဉ်မှာ တစ်စု၊ တစ်ဖွဲ့ရဲ့ အာဏာရှင် ဆန်ဆန် ဓါးမိုးထားတဲ့ ပြည်ထောင်စုနဲ့ တစ်စိတ်တစ်ဝမ်း ညီတူမျှတူ အခွင့်အရေးရကြတဲ့ ပြည်ထောင်စု ကွားခြားပုံကိုလည်း ပြောပြပေးစေလိုကြောင်းမေးခွန်း”၊ “မြန်မာနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာ မူးယစ် ဆေးဝါးနှင့် အရက်သောက်သုံးမှုတွေဟာ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ကျေးလက်ဒေသနေ ပြည်သူတွေဟာ ပညာရေးနိမ့်ကျမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် နိုင်ငံရပ်ခြားကိုထွက်ပြီး အလုပ်လုပ်နေကြရပါတယ်၊ ဒီလိုအခြေ အနေတွေ ဆက်မဖြစ်အောင် ဘယ်လိုစီမံဆောင်ရွက်မယ်ဆိုတာ သိလိုပါတယ် မေးခွန်း”နှင့် “ကျေးလက်နေပြည်သူအချို့ဟာ မြို့နေပြည်သူတွေလောက် ဗဟုသုတ ကြွယ်ဝခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ကျေးလက်နေ ပြည်သူတွေ ကြားမှာ လူမျိုးရေ၊ ဘာသာရေးအမုန်းတရားတွေ မှိုင်းတိုက်ခံထားရတာ အများဆုံးဖြစ်နေတာကို တွေ့ရ ပါတယ်။ ဒီလိုအမုန်းတရားမီးတွေ ကျေးလက်နေပြည်သူတွေကြားမှာ ချုပ်ငြိမ်းသွားအောင် နိုင်ငံအ၀န်း တရားဥပဒေစိုးမိုးအောင်၊ နိုင်ငံသားတိုင်း ဥပဒေကို လေးစားလိုက်နာအောင် အမြန်ဆုံးဆောင်ရွက်ပေးပါ မေးခွန်း” မေးခွန်း၃ ခုအား ပြန်လည်ဖြေကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တူညီသည့် စိန်ခေါ်မှုတွေရှိတာကိုလည်းတွေ့ရလိမ့်မယ်၊ အားလုံးဟာ ဒီတစ်နိုင်ငံထဲမှာနေတာဖြစ်တယ်၊ ဒီနိုင်ငံ ချမ်းသာရင်၊ တည်ငြိမ်ရင်၊ အေးချမ်းရင်အားလုံးအတွက် အဆင်ပြေပြီးတော့ ပိုကောင်းမယ်၊ အဖြေဆိုတာ အမှန်တကယ်လိုချင်ရင် အဖြေဟာရှာလို့ရပါတယ်၊ မေးပါများ စကားရ၊ သွားပါများခရီးရောက်ဆိုတဲ့ မောင်ပေါက်ကျိုင်းစကားပုံလိုပဲ ငြိမ်းရေးဖြစ်စဉ်ဟာလည်း ဒီလိုပါပဲ၊ သွားပါများရင် ခရီးရောက်ဆိုတဲ့အတိုင်း ဒီငြိမ်းချမ်းရေး လမ်းကြီးကို သွားရင်းသွားရင်းနဲ့ ခရီးရောက်မယ်၊ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်မယ် လို့ယုံကြည်တယ်။ မေးပါများစကားရဆိုတာ ကိုယ့်အချင်းချင်းမေးရမယ်၊ ကိုယ့်အချင်းချင်းနား ထောင်ရမယ်၊ မေးပြီးတော့ အဖြေကိုနားမတောင်ရင် အလကားပဲ အဖြေကိုနားထောင်ပြီး အကောင်းဆုံးအဖြေကိုရှာပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အားလုံးဝိုင်း ပြီးလုပ်ရ မယ်၊ ဒီလိုဆွေးနွေးတယ်ဆိုတာဟာ လုံလောက်တဲ့ ထိတွေ့ချင်းတော့ မဟုတ်ပါဘူး၊ ၅၃ သန်းကျော်တဲ့ ပြည်သူအားလုံးနဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းတွေ့ပြီး ဆွေးနွေးဖို့က မလွယ်ပါဘူး၊ အစိုရအနေနဲ့ တတ်နိုင်သမျှ ပြည်သူလူထုနဲ့ထိတွေ့ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူတွေကို ပါစေချင်ပါတယ်၊ ပြည်သူတွေရဲ့အင်အားနဲ့မှ အောင်မြင်နိုင်မယ်ဆိုတာကို ယုံကြည်ပါတယ် ဟုပြောကြား သည်။
ယင်းနောက် လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါစကားဝိုင်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ကျေးလက်တောရွာနေ လူငယ်များကိုယ်စားပြု လူငယ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကိုထွေးပို၊ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာမှ မလုအိန်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းမှ ကိုခိုင်မင်းထက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ နတ်ရေတောင်ရွာမှ မနန်းဖြူနှင်းသက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ် တာရွှေထန် ကျေးရွာမှ ကိုသာမောင်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာမှ မသိန်းသိန်းအိ၊ ရှမ်းပြည်နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ နောင်ပစ်ရွာမှ ခွန်စိုးမောင်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဆပ်ခင်းရွာ မှ မ၀င်းမာခိုင်၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကော့ကျေးရွာမှ ကိုလှိုင်မင်းစိုး၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာမှ မိအေးမွန်၊ မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ကိုထိန်လင်းအောင်၊ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ဇယန်းကြီး ကျေးရွာမှ မဖြူစင်ပွင့်တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယ၀န်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Source: https://web.facebook.com/state.counsellor/posts/1021340858000130
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန "သတင်းထုတ်ပြန်ချက်" ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
"သတင်းထုတ်ပြန်ချက်"
နေပြည်တော်
၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲကြေညာချက်
==============================================
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၁ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်း တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရေးအတွက် နှစ်ဦးနှစ်ဖက် အလေးအနက် အမြင်ချင်းဖလှယ်ခဲ့ကြပြီး တူညီဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ပါသည်။
၂။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပေါ် အမြင်ချင်းဖလှယ်သုံးသပ်ခဲ့ကြပြီး “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုအပေါ် အလေးထား ပြောကြားခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား လွန်ခဲ့သည့် နှစ်ပေါင်း (၆၇)နှစ်ကျော်ကာလက သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့စဉ်ကတည်းကပင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးခဲ့ကြပြီး နှစ်ဖက်ပြည်သူများ၏ လက်တွေ့ကျသော အကျိုးစီးပွားအား ဖော်ဆောင်ပေးသည့် နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက် ဖြစ်ပေါ်စေရေးအတွက် အတူတကွဆောင်ရွက်ခဲ့ကြကြောင်း နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါသည်။
၃။ နှစ်ဖက်အကြားအိမ်နီးချင်းကောင်းပီသသော ဆက်ဆံရေးမူဝါဒကို ဆက်လက် ထိန်းသိမ်း သွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက် ရေရှည်မျှော်မှန်းချက် တစ်ရပ်ချမှတ်ကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထားလျက် နှစ်နိုင်ငံအကြား ရှိရင်းစွဲဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဆောင်ရွက်သွားကြရန် ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။
၎။ နှစ်နိုင်ငံအဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် နီးကပ်သည့် အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုများကို ထိန်းသိမ်းသွားရန်၊ နိုင်ငံတကာ မျက်နှာစာတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံအကြား အဆင့်အသီးသီးတွင် ချစ်ကြည်ရင်းနှီးမှုများဖလှယ်သွားရန်၊ မဟာဗျူဟာကျသော ဆက်သွယ်မှုများကိုမြှင့်တင်ရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံများ နက်ရှိုင်းစွာဖလှယ်သွားရန် သဘောတူညီခဲ့ကြပါသည်။
၅။ တရုတ်နိုင်ငံကအဆိုပြုထားသည့် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” အစီအစဉ်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ မေလတွင် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုအစီအစဉ်အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ” ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးကိစ္စကိုလည်းကောင်း မြန်မာနိုင်ငံက အားပေးထောက်ခံပါသည်။
၆။ နှစ်နိုင်ငံအကြားပြည်သူများ၏ လူနေမှုဘ၀တိုးတက်မြင့်မားစေရေးနှင့် နှစ်နိုင်ငံအကြား ဘုံတိုးတက်မှု မြှင့်တင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးတွဲကော်မတီ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ စသည့် အစိုးရ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများကို ထိရောက်စွာအသုံးချရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအားစသည့်ကဏ္ဍများတွင် နှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။
၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် လျှောက်လှမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပုံမှန်တိုးတက်ရေး တို့အပေါ် ထောက်ခံအားပေးခဲ့ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လူနေမှု အဆင့်အတန်း မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုလျက် အကူအညီများ အစွမ်းကုန်ပေးအပ်ရန်အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ခိုင်မာစွာရပ်တည်ထားချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသအရေးတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ဆက်လက် ထောက်ခံကြောင်း ဖော်ပြခဲ့ပါသည်။
၈။ နှစ်နိုင်ငံအကြား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယင်းဒေသရှိ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားစေရေးတို့ကို ထိရောက်စွာ အတူတကွဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ ယန္တရားကို ဆက်လက်၍ ထိရောက်စွာ အသုံးပြုသွားကြရန် သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်နေမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံ အားပေးကြောင်း ဖော်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏အပြုသဘောဆောင်သောကဏ္ဍမှ ဆက်လက်ကူညီရေးကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။
၉။ နှစ်နိုင်ငံအကြား ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ရန် အတွက် ကုလသမဂ္ဂ၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အခြားနိုင်ငံတကာ မျက်နှာစာများတွင် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် သဘော တူညီခဲ့ကြပါသည်။
၁၀။ နိုင်ငံတော်သမ္မတဦးထင်ကျော်က ၎င်း၏ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုမှုနှင့်ဧည့်ဝတ်ကျေပွန်မှုများအတွက် သမ္မတမစ္စတာရှီကျင့်ဖျင်အား ကျေးဇူးတင်ရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ သမ္မတမစ္စတာရှီကျင့်ဖျင်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ပါရန် ဖိတ်ကြားခဲ့ပါသည်။ သမ္မတမစ္စတာ ရှီကျင့်ဖျင်ကလည်း ဖိတ်ကြားမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ပါသည်။
Source: https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1283493038365096
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၁ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်း တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရေးအတွက် နှစ်ဦးနှစ်ဖက် အလေးအနက် အမြင်ချင်းဖလှယ်ခဲ့ကြပြီး တူညီဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ပါသည်။
၂။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပေါ် အမြင်ချင်းဖလှယ်သုံးသပ်ခဲ့ကြပြီး “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုအပေါ် အလေးထား ပြောကြားခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား လွန်ခဲ့သည့် နှစ်ပေါင်း (၆၇)နှစ်ကျော်ကာလက သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့စဉ်ကတည်းကပင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးခဲ့ကြပြီး နှစ်ဖက်ပြည်သူများ၏ လက်တွေ့ကျသော အကျိုးစီးပွားအား ဖော်ဆောင်ပေးသည့် နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက် ဖြစ်ပေါ်စေရေးအတွက် အတူတကွဆောင်ရွက်ခဲ့ကြကြောင်း နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါသည်။
၃။ နှစ်ဖက်အကြားအိမ်နီးချင်းကောင်းပီသသော ဆက်ဆံရေးမူဝါဒကို ဆက်လက် ထိန်းသိမ်း သွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက် ရေရှည်မျှော်မှန်းချက် တစ်ရပ်ချမှတ်ကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထားလျက် နှစ်နိုင်ငံအကြား ရှိရင်းစွဲဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဆောင်ရွက်သွားကြရန် ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။
၎။ နှစ်နိုင်ငံအဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် နီးကပ်သည့် အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုများကို ထိန်းသိမ်းသွားရန်၊ နိုင်ငံတကာ မျက်နှာစာတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံအကြား အဆင့်အသီးသီးတွင် ချစ်ကြည်ရင်းနှီးမှုများဖလှယ်သွားရန်၊ မဟာဗျူဟာကျသော ဆက်သွယ်မှုများကိုမြှင့်တင်ရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံများ နက်ရှိုင်းစွာဖလှယ်သွားရန် သဘောတူညီခဲ့ကြပါသည်။
၅။ တရုတ်နိုင်ငံကအဆိုပြုထားသည့် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” အစီအစဉ်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ မေလတွင် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုအစီအစဉ်အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ” ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးကိစ္စကိုလည်းကောင်း မြန်မာနိုင်ငံက အားပေးထောက်ခံပါသည်။
၆။ နှစ်နိုင်ငံအကြားပြည်သူများ၏ လူနေမှုဘ၀တိုးတက်မြင့်မားစေရေးနှင့် နှစ်နိုင်ငံအကြား ဘုံတိုးတက်မှု မြှင့်တင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးတွဲကော်မတီ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ စသည့် အစိုးရ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများကို ထိရောက်စွာအသုံးချရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအားစသည့်ကဏ္ဍများတွင် နှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။
၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် လျှောက်လှမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပုံမှန်တိုးတက်ရေး တို့အပေါ် ထောက်ခံအားပေးခဲ့ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လူနေမှု အဆင့်အတန်း မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုလျက် အကူအညီများ အစွမ်းကုန်ပေးအပ်ရန်အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ခိုင်မာစွာရပ်တည်ထားချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသအရေးတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ဆက်လက် ထောက်ခံကြောင်း ဖော်ပြခဲ့ပါသည်။
၈။ နှစ်နိုင်ငံအကြား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယင်းဒေသရှိ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားစေရေးတို့ကို ထိရောက်စွာ အတူတကွဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ ယန္တရားကို ဆက်လက်၍ ထိရောက်စွာ အသုံးပြုသွားကြရန် သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်နေမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံ အားပေးကြောင်း ဖော်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏အပြုသဘောဆောင်သောကဏ္ဍမှ ဆက်လက်ကူညီရေးကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။
၉။ နှစ်နိုင်ငံအကြား ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ရန် အတွက် ကုလသမဂ္ဂ၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အခြားနိုင်ငံတကာ မျက်နှာစာများတွင် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် သဘော တူညီခဲ့ကြပါသည်။
၁၀။ နိုင်ငံတော်သမ္မတဦးထင်ကျော်က ၎င်း၏ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုမှုနှင့်ဧည့်ဝတ်ကျေပွန်မှုများအတွက် သမ္မတမစ္စတာရှီကျင့်ဖျင်အား ကျေးဇူးတင်ရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ သမ္မတမစ္စတာရှီကျင့်ဖျင်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ပါရန် ဖိတ်ကြားခဲ့ပါသည်။ သမ္မတမစ္စတာ ရှီကျင့်ဖျင်ကလည်း ဖိတ်ကြားမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ပါသည်။
Source: https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1283493038365096
တင်ဒါလုပ်ထုံးလုပ်နည်း
အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း
Source: https://www.facebook.com/permalink.php?story_fbid=900248740114961&id=777018172438019
Peace Talk
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေလူငယ်များစကားဝိုင်း
==============================
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေလူငယ်များစကားဝိုင်းကို နေပြည်တော် MICC-2 တွင် ၁၁-၄-၂၀၁၇ ရက်နေ့ နေ့လယ် ၁၄၀၀ နာရီ အချိန်၌ စတင်ကျင်းပသွားမည်ဖြစ်ပါသည်။ ၎င်းအစီအစဉ်ကို နေ့လယ် ၁၃၄၅ နာရီအချိန်တွင် Live စတင်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား BBC သတင်းဌာနမှ သတင်းထောက် Fergal Keane က တွေ့ဆုံမေးမြန်း
British Broadcasting Corporation - BBC သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား BBC သတင်းဌာနမှ သတင်းထောက် Fergal Keane က တွေ့ဆုံမေးမြန်း မှု (အင်္ဂလိပ်ဘာသာ) အား မြန်မာဘာသာသို့ပြန်ဆိုချက်နှင့် အတူဖော်ပြအပ်ပါသည်။
Q: In terms of change, in the lives of ordinary people, one of the things that has happened, as in South Africa, is there is a massive sense of disappointment when a liberation movement comes into power. What have you done to make their life better?
Q: ပြောင်းလဲမှုကိုပြောရမယ်ဆိုရင် သာမာန်ပြည်သူတွေရဲ့ဘဝမှာပေါ့ ၊ တောင်အာဖရိကမှ တွေ့ကြုံခဲ့ရတဲ့ အခြေအနေမျိုးပေါ့၊ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အပြီး အာဏာရ လာတဲ့အချိန်မှာ စိတ်တိုင်းမကျဖြစ်တဲ့ အနေအထားမျိုးတွေရှိနေတယ်လို့ ခံစားမိပါသမလား? ပြည်သူတွေရဲ့ဘဝတွေပိုမိုကောင်းမွန်ဖို့ ဘာတွေများလုပ်ပေးပြီးပါပြီလဲ?
A: In practical ways, lots of roads. You think that may not be much because you come from a country where there were roads from your grandfathers time. But in our country that means a lot. Because all-weather roads make a great difference to ones lives. Last year one of our priorities was job creation. We discovered over this one year that if you start constructing all-weather Roads and provide electrification, people start creating jobs for themselves. That is what has made one of the big differences.
A: လက်တွေ့ကျကျပြောမယ်ဆိုရင် လမ်းတွေအများကြီးဖောက်ခဲ့တယ်။ ရှင်တို့အနေနဲ့ ဒီလိုလုပ် တာဟာဘာမှ ကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ကောင်းထင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့ဆီမှာ လမ်းတွေဟာဘိုးဘွားတွေလက်ထက်ကတည်းက ဖောက်လုပ်ပြီးနေပြီလေ၊ ကျွန်မတို့ဆီမှာတော့ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းတွေဟာ လူတွေအတွက် အများကြီးပြောင်းလဲစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ မနှစ်ကဆိုရင် ကျွန်မတို့ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲ မှာ အလုပ်အကိုင်ဖန်တီးရေးကို ဦးစားပေးတစ်ရပ်အနေနဲ့ ထားခဲ့တယ်။ တစ်နှစ်အတွင်းမှာ သတိပြုမိတာက ရာသီမရွေးသွားနိုင်တဲ့ လမ်းတွေဖောက် လုပ်နိုင်ရင် ၊ လျှပ်စစ်ဓာတ်အား တွေပိုမိုဖြန့်ဖြူးနိုင်ရင် ပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင်က စတင်ပြီး လုပ်ငန်းတွေလုပ်ကိုင်လာနိုင်ကြမှာ ဖြစ်ပါတယ်၊ ဒီလိုဖြစ်လာတာဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။
A: But I think, we think, what we've done better, or what I think we have done better is take forward the peace movement. We can't say that we are there by any means, and we can't say we at the point where we are home and dry. But still, there has been success there, particularly because the people have become involved in it.
A: ဒါပေမယ့် ကျွန်မတို့အနေနဲ့ ကောင်းမွန်အောင်လုပ်နိုင်ခဲ့တဲ့လုပ်ငန်းတစ်ခုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့တာဟာလည်း ပိုပြီး သိသာတဲ့ ဆောင်ရွက်ချက် လို့ထင်ပါတယ်။ ကျွန်မတို့အနေနဲ့ လိုရာ ရောက်ပြီလို့တော့မပြောနိုင်သေးပါဘူး၊ ဒါပေမယ့် အောင်မြင်မှုတစ်ရပ်ပါ၊ အထူးသဖြင့် ပြည်သူတွေပိုမိုပါဝင်လာတာဖြစ်ပါတယ်။
Q: You mentioned the peace process, and you felt proud that it was an achievement last year, but right at this moment you have some of the most bitter fighting taking place on the borders of this country with ethnic groups ?
Q: အစ်မကြီးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တနှစ်တာအတွင်းရရှိခဲ့တဲ့ အောင်မြင်မှု တစ်ရပ်လို့ပြောခဲ့ပါတယ်၊ ဒါပေမယ့်အချို့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် များနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာကို တွေ့နေရပါတယ်?
A: But Fergal, you work for peace particularly because there is fighting. If there were no fighting there would be no need for us to work for peace. If there were no fighting at all, if all this settles down, that means the peace process is over. Now I did say at the beginning that we are not there yet.
A: ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် လုပ်ကြတယ်ဆိုတာ တိုက်ခိုက်မှုတွေရှိနေလိုပေါ့။ တိုက်ခိုက် မှုတွေသာ မရှိရင် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်စရာလည်း လိုဦးမှာလား၊ တိုက်ခိုက်မှုအားလုံး အဆုံးသတ်ပြီး အားလုံးအခြေအတကျဖြစ်နေပြီဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာလဲ ပြီးဆုံး သွားပြီလို့ ဆိုရမှာပေါ့၊ ဒါ့ကြောင့် အစကတည်းက ကျွန်မတို့အနေနဲ့ လိုရာတော့မရောက်သေးဘူး လို့ပြောခဲ့တာပေါ့။
Q: You don't control the army, you don't control the security forces, and when fighting breaks out, they are free to do what they have always done, rape, pillage and torture?
Q: အစ်မကြီးအနေနဲ့ တပ်မတော် အပေါ်မှာလား ထိန်းချုပ်နှိုင်မှုမရှိဘူး၊ လုံခြုံရေးတပ်ဖွဲ့တွေကိလည်း မထိန်းချုပ်နိုင်ဘူး၊ တိုက်ပွဲတွေဖြစ်တဲ့ အခါမှာ သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှု နဲ့ နှိပ်စက် ညှင်းပန်းမှုတွေကို သူတို့ လုပ်နေကြအတိုင်း လုပ်နေတာကိုရော?
A: They are not free to rape, pillage and torture. That they are not free to do. They are free to go in and fight. That is in the constitution. Military matters are to be left to the army. And that is why we are trying to change the constitution, we feel very awkward about it. Amending the constitution is one of our aims. Because according to the national ceasefire agreement, one of the last steps would be to adopt a federal constitution.
A: သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှု နဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို လုပ်ခွင့် မရှိပါဘူး၊ မလုပ်ပါဘူး၊ သူတို့တွေအနေနဲ့ တိုက်ပွဲတွေကိုတော့ တိုက်ခိုက်နိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ရေးစစ်ရာကိစ္စတွေကို တပ်မတော်ကသာ စီမံခန့်ခွဲပိုင်ခွင့် ပြဌာန်းထားတယ်လေ၊ ဒါ့ကြောင့်လဲ ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို ပြောင်းဖို့ကြိုးစားနေတာပေါ့ ၊ အခြေခံဥပဒေကို ပြင်ဆင်နိုင် ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့နောက်ဆုံး ပန်းတိုင်က ဖယ်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းနိုင်ဖို့လေ၊
Q: If you look at the history of this country, that has been going on since independence?
Q: မြန်မာ့ သမိုင်းလမ်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လွပ်လပ်ရေးရပြီးကတည်းက ဘာတွေဖြစ်နေ တာပါလဲ?
A: Fergal, you were in South Africa, and you did manage to end apartheid there didn't you, not you, but the South Africans.
A: ရှင့်အနေနဲ့ တောင်အာဖရိကမှာ နေဖူးကြုံဖူးခဲ့တာပဲ၊ အသားအရောင်ခွဲခြားမှုမူဝါဒကို အဆုံး သတ်နိုင်ခဲ့တယ်။ ရှင်အနေနဲ့တော့်မဟုတ်ဘူးပေါ့။ တောင်အာဖရိက ပြည်သူပြည်သား တွေအားလုံး ဝိုင်းဝန်း လုပ်ဆောင်နိုင်ခဲ့တာဘဲ၊
Q: Are we talking months or years?
Q: ဘယ်အချိန်အတိုင်းအတာကို ပြောနေတာလဲ? လပိုင်းအတွင်းလား နှစ်ပိုင်းအတွင်းလားခင်ဗျား?
A: We hope that it will not be more than a few years, that's what we're aiming at.
A: နှစ်အနည်းငယ်ထက်တော့ ပိုမကြာသင့်ဘူးလို့ မျှော်လင့်ထားပါတယ်၊ အဲဒီလိုဖြစ်အောင်လည်း ရည်မှန်းဆောင်ရွက်နေပါတယ်။
Q: Can I come to the issue which has caused most international concern and which has led to a real turn about in the way you are perceived internationally and you are aware of this. You have seen the newspaper headlines. The comments from international figures condemning how you have handled the issue of the Rohingya muslims ?
Q: နောက်တစ်ခုမေးချင်တာကတော့၊ အစ်မကြီးလည်း သိပြီးသားပါ။ ယခု နိုင်ငံတကာ မှာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေပြီး ၊ အစ်မကြီးအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်ပါ။ သတင်းစာ ခေါင်းကြီးပိုင်းတွေကိုလည်း အစ်မကြီးတွေ့ပြီးဖြစ်မှာပါ။ အစ်မကြီးအနေနဲ့ ရိုဟင်ဂျာမူဆလင်တွေကိစ္စ ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ထင်ပေါ် ကျော်ဇောသူတွေက ဝေဖန်ရှုတ်ချပြောဆိုနေတဲ့ ကိစ္စပါ ၊
A: What exactly is it that they are condemning?
A: သူတို့က ဘာကို ရှုတ်ချနေတာဘဲ?
Q: They want you to let a UN fact finding mission into Rakhine State?
Q: ရခိုင်ပြည်နယ်အတွင်းကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်တာကို အစ်မကြီးကို လက်ခံစေချင်တဲ့ကိစ္စပါ?
A: But that is just now, that is what they asked for last month. What have they been condemning over the last year?
A: ဒါပေမယ့် အဲ့ဒါက အခုမှဖြစ်တာလေ၊ ပြီးခဲ့တဲ့လကမှ သူတို့တောင်းဆိုတာလေ၊ ပြီးခဲ့တဲ့ တစ်နှစ်လုံး ဘာတွေကို ရှုတ်ချနေတာလဲ?
Q: Many many people, including those who would be sympathetic to you look at the situation and say why have you not spoken out ? Here is an icon of human rights?
Q: လူတွေအများကြီးကပေါ့၊ အစ်မကြီးအပေါ်စာနာစိတ်ရှိတဲ့လူတွေအပါအဝင်ပေါ့၊ လူ့အခွင့်အရေး အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဘာကြောင့်ဒီကိစ္စကို တစ်စုံတစ်ရာမပြောတာလဲ ဆိုပြီးတော့ ပေါ့နော်?
A: What do you mean by speaking out, Fergal, this question has been asked since 2013, when the last round of troubles broke out in Rakhine. And they would ask me questions and I would answer them and people would say I said nothing. Simply because I did not make the statements people wanted, which people wanted me to make, simply to condemn one community or the other.
A: တစ်စုံတစ်ရာ ပြောဆိုမှုမပြုဘူးဆိုတာ ဘာကိုပြောတာလဲ? ဒီမေးခွန်းမျိုး ယခင် ၂၀၁၃ ခုနှစ် ရခိုင်အရေးကိစ္စ ဖြစ်စဉ်ကလည်း မေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကလည်း သူတို့တွေ့ မေးခဲ့သမျှ ကျွန်မပြန်ဖြေခဲ့တယ်။ ဒါမေမယ့် ကျွန်မဘာမှ မပြောဘဲနေတယ်လို့ဘဲပြောကြပြန်ရော။ အဲဒါက ရှင်းပါတယ်၊ ကျွန်မက သူတို့ကြားချင်တဲ့ စကားမျိုးမပြောလို့လေ၊ သူတို့ကြားချင်တာက အသိုက် အဝန်း နှစ်ခုတည်းက တစ်ခုကို ရွေးချယ်ပြီး ပစ်တင်ဝေဖန်တာကို ကြားချင်တာပါ။
Q: Well let me quote to you what your fellow Noble Laureates have said, despite repeated appeals to DASSK we are frustrated that she has not taken any initiative to ensure full and equal citizen rights to the Rohingya. Daw Suu Kyi is the leader with the prime responsibility to lead with courage, humanity and compassion. Basically they are saying you have failed the test of humanity?
Q: နိုဘယ်ဆုရှင်တွေရဲ့ ပြောခဲ့တဲ့စကားအချို့ကို ကိုးကားပြောချင်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အား အကြိမ်ကြိမ်အခါခါ အသနားခံပြောကြား ခဲ့သော်လည်း ရိုဟင်ဂျာများရဲ့ တန်တူရည်တူရှိမှု နှင့် နိုင်ငံသားအခွင့်အရေး အပြည်အဝ ရရှိခံစားနိုင်ရေးအတွက် အရေးယူဆောင်ရွက် ပေးခြင်းမရှိသည့်အတွက် စိတ်ပျက်ရကြောင်း” ၊ ပြီးတော့ “ဒေါ်စုကြည်ဟာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သတ္တိရှိရှိ၊ လူသားဆန်ဆန် နှင့် သနားကြင်နာမှုနဲ့ အဓိကဦးဆောင်ရမည့် တာဝန်ရှိကြောင်း၊” အချုပ်အားဖြင့် အစ်မကြီးအနေနဲ့ လူသားဆန်တဲ့စိတ်ဓာတ်ရှိ/မရှိဆိုတဲ့ စမ်းသတ်ချက်ဖြစ်ပြီး အမ်မကြီးအနေနဲ့ ကျရှုံးတယ်လို့ သူတို့ရှုမြင်ကြောင်း၊?
A: Well that is their perception, but have they considered the fact that one of the first thing we did after we took over the administration was to go through the national verification process to give citizenship to all those who were entitled to it. And we started doing this and engaging in other developments activities to try to bring about stability and harmony.A lot of the problems in the Rakhine State are due to the fact that resources are limited and both communities are anxious about how their lives are going to pan out.
A: ဒါကတော့ သူတို့ရဲ့အမြင်ဖြစ်ပါတယ်။ အမှန်တရားကတော့ ကျွန်မတို့အနေနဲ့ နိုင်ငံတာဝန် စယူတဲ့အချိန်မှာ ပထမဦးဆုံးဆောင်ရွက်ခဲ့ကိစ္စက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဆိုတာကို သူတို့ထည့် သွင်းစဉ်းစားမိပါသလာ?။ နိုင်ငံသားဖြစ်ထိုက်သူတွေ နိုင်ငံသားဖြစ်လာစေဖို့ ဆောင်ရွက်ခဲ့တာပါ။ ကျွန်မတို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကိုပါ စလုပ်ဆောင်ခဲ့ပြီး ဒေသအတွင်းတည်ငြိမ်းအေးချမ်းဖို့နဲ့ သဟဇာတမျှညွတ်ရေးကို ဖေါ်ဆောင်ပေးနေတာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ပြဿနာအတော်များများဟာ အရင်းအမြစ်ရှားပါးမှု နဲ့ အသိုက် အဝန်းနှစ်ခုဟာ သူတို့ရဲ့ရှေ့ရေးကို စိုးရိမ်ကြောင့်ကြမှု တွေရှိနေပါတယ်။
A: In October there were these totally unexpected attacks on police outposts for no reason we could think of......because we had started the citizenship verification process, the process of bringing people back from the IDP camps, and resettle them, but the whole thing went awry because these attacks took place. We had no idea why these attacks took place. But a lot of people prefer to ignore the fact that these had happened at all. Why?
A: အောက်တိုဘာလမှာ နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်လာတယ်ဆိုတာကို ဘယ်လိုမှစဉ်းစားလို့မရဘူး၊ အဲဒီအချိန်မှာ နိုင်ငံသားစိစစ်ရေး ကိစ္စတွေ၊ IDP စခန်းကလူတွေကို ပြန်လည်နေရာချထားဖို့ကိစ္စတွေ စတင်ဆောင်ရွက်နေတဲ့ အချိန်ပါ။ ချောချောချူချူ ဆောင်ရွက်နေတဲ့ ကိစ္စတွေအားလုံး အခု တိုက်ခိုက်မှုတွေကြောင့် ကမောက်ကမဖြစ်ကုန်တယ်။ ဘာအကြောင်းကြောင့် ဒီလိုဖြစ်စရာရှိလဲဆိုတာကို နားမလည် နိုင်ဘူး။ ဒါပေမယ့် လူအတော်များများက အဲဒီလို အခြေအနေ (ဒီလိုဖြစ်လာအောင်ဖန်တီးနေတဲ့ အခြေအနေ) တွေကိုမသိကျိုးကျွံမျက်ကွယ်ပြုနေကြသလိုပါဘဲ ။ ဘာ့ကြောင့်မျက်ကွယ်ပြု နေတာလဲ?
Q: I have been there, on the ground, on a number of occasions, and interviewed people, and I would say I am someone who recognises ethnic hatred and not ethnic cleansing when I see it, after Rwanda and The Balkans. Maybe the attacks took place because ....there is a rising sense of frustration and that has fed into the hands of the militants...?
Q: ကျွန်တော် ရဝမ်ဒါ၊ ဘော်လ်ကန်ဒေသများမှာ အကြိမ်ကြိမ် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ တွေ့မြင်ခဲ့ခြင်း၊ လူအများအားမေးမြန်းမှုပြုခဲ့လုပ်ခြင်းစသည့်အတွေ့အကြုံများမှ လူမျိုးရေး မုန်းတီးမှု နဲ့ လူမျိုးစုမျိုးသုန်းသတ်ဖြတ်မှု ကွားခြားချက်ကို ကောင်းကောင်းနားလည်ထားပါကြောင်း၊ ရခိုင်ဒေသမှာ စိတ်မကျေမနပ်မှုတွေ့ တိုးတက်များပြားလာတဲ့အတွက်ကြောင့် အစွန်းရောက် စစ်သွေးကြွတွေရဲ့ လက်ထဲရောက်သွားပြီး ယခုလို တိုက်ခိုက်မှုတွေဖြစ်ပွားခြင်းဖြစ်တယ်လို့များ ထင်ပါသလား?
A: But as far as we could make out, at that time, things were calm because people were waiting to see how are development plans would work and our nationality verification plan. I just wonder if these attacks were calculated to put a stop to this process.
A: ကျွန်မတို့ချိန်ဆနိုင်တာကတော့၊ အဲဒီအချိန်မှာ အားလုံးအေးအေးချမ်းချမ်းရှိနေတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေက ကျွန်မတို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် တွေရဲ့ ရလဒ်တွေ့ကို စောင့်ကြည့်နေလို့ပါ။ အဲဒီလုပ်ငန်းတွေကို ရပ်ဆိုင်းသွားအောင် သေချာတွက် ချက်ပြီး ဆောင်ရွက်တာလားလို့ ထင်ရပါတယ်။
Q: Wouldn't the wisest thing to do to clear up all of this, would be to allow an international fact finding mission there ? To allow international agencies in ?
Q: ဒါတွေကိုရှင်းလင်းသွားဖို့အတွက် နိုင်ငံတကာ အချက် အလက်ရှာဖွေရေးအဖွဲ့ နဲ့ နိုင်ငံတကာ အေဂျင်စီတွေကို လာခွင့်ပြုလိုက်ရင် မကောင်းဖူးလား၊ လာခွင့်ကောပြုမှာလား?
A: Well we invited Dr. Annan and the commission to look into Rakhine before anything happened.
A: ဘာကိစ္စမှ မဖြစ်ခင်ကတည်းက ရခိုင်အရေးကိစ္စများလေ့လာသုံးသပ်ပေးဖို့ မစ္စတာကိုဖီအာနန်ရဲ့ ကော်မရှင်ကို ဖိတ်ကြားခဲ့တယ်လေ။
A: Well this happened not because the UN asked for this, or any other body said we should have a fact finding mission, we invited Dr Kofi Annan to form this commission and look into the problems in the Rakhine and help us to find long term solutions. We would very much like him to come back to see how we are getting on with the implementation of his recommendations.
A: ဒီလိုလုပ်ခဲ့တာ ကုလသမဂ္ဂကတောင်းဆိုလို့လဲမဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကမှ ကျွန်မတို့မှာ အချက်လက်ရှာဖွေရေးမစ်ရှင်လိုအပ်တယ်လို့မပြောခင်ကတည်းက၊ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပြီး ကောင်မရှင်ကိုဖွဲ့စည်းတယ်။ ရခိုင်ကိစ္စကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်း တွေရှာဖွေပေးပို့အကူအညီတောင်းခဲ့တယ်။ ကော်မရှင်ကပေးထားတဲ့အကြံပြုချက်တွေကို ကျွန်မတို့ ဘယ်လိုအကောင်အထည် ဖော်ဆောင်မှု အခြေအနေဘယ်လိုရှိနေ လဲဆိုတာကို သူကို တစ်ခေါက် ပြန်လာပြီး ကြည့်စေချင်ပါတယ်။
Q: Would you be happy, would you appeal to those tens of thousands who have fled the country into refugee camps in Bangladesh to come back ? And would you tell them that they would be safe if they do ?
Q: ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပေးသွားတဲ့ သူတွေကို ပြန်လာဖို့ခေါ်မှာလား၊ ပြန်လာရင် လုံခြုံစိတ်ချရပါတယ်လို့ ပြောမှာလား?
A: If they come back they will be safe. It is up for them to decide, some have come back. And we have tried to find out why they fled. We have asked them why they fled and they said it is because of the fighting in their area. They did not want to come if there was still fighting.
A: သူတို့ပြန်လာရင် လုံခြုံမှာပါ၊ ပြန်လာတာ မလာတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ၊ တချို့ပြန်လာ ကြပါတယ်၊ ထွက်သွားတဲ့သူတွေကို ဘာကြောင့် ထွက်သွားတယ်ဆိုတာမေးတော့ သူတို့နေတဲ့ နေရာဒေသတွေမှာ တိုက်ခိုက်မှုတွေဖြစ်လို့ ထွက်ပြေးတာလို့ပြောတယ်၊ တိုက်ခိုက်မှု တွေဖြစ်နေဦးမယ် ဆိုလျှင်တော့ သူတို့ ပြန်လာချင်မှာ မဟုတ်ဘူးပေါ့။
Q: And you will welcome them back ?
Q: သူတို့ကို လက်ခံ မှာလား?
A: We welcome them. It is not a matter, we will welcome them back. They have been coming back. And those who have come back have been welcomed.
A: လက်ခံမှာပါ၊ ပြန်လာနေကြတာဘဲ၊ ပြန်လာတဲ့သူတွေကိုလည်း လက်ခံနေတာဘဲ၊
Q: Do you ever worry that you will be remembered as the champion of human rights, the Nobel laureate who failed to stand up to ethnic cleansing in her own country .?
Q: အစ်မကြီးကို လူတွေက မိမိတိုင်းပြည်မှာ လူမျိုးသုဉ်းသုတ်သင်ရှင်းလင်းမှုဖြစ်ပေါ်နေတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ နိုဘယ်ဆုရှင်တစ်ယောက်အဖြစ်သော်လည်းကောင်း၊ လူ့အခွင့်အရေး အတွက် အထင်ကရ ရပ်တည်သူ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်လည်းကောင်း မည်သို့ အ
မှတ်တရ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်မှုများ ထားရှိပါသလား?
A: No, because I don't think there is ethnic cleansing going on. I think ethnic cleansing is to strong an expression to use for what is happening.
A: မဖြစ်ပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့် အခုဟာက လူမျိုးသုဉ်းသုတ်သင်ရှင်းလင်းမှုဖြစ်နေတာမှ မဟုတ်တာ၊ လူမျိုးသုဉ်းသုတ်သင်ရှင်းလင်းမှုဆိုတာ အခုဖြစ်နေတဲ့အခြေအနေကိုပြောဖို့အတွက် မကိုက်ညီပါဘူး။ ပြင်းထန်လွန်းပါတယ်။
Q: It is what I think I saw there I have to say.
Q: ကျွန်တော်မြင်ခဲ့တော့ ကျွန်တော်ပြောရမှာဘဲ။
A: Fergal I think there is a lot of hostility there, and as I pointed out just now, it is Muslims killing Muslims, as well if they think they are collaborating with authorities. It is not just a matter of ethnic cleansing. It is a matter of people on different sides of a divide, and this divide we are trying to close up. As best as possible and not to widen it further.
A: ကျွန်မ ထောက်ပြခဲ့သလိုပဲ အဲဒီမှာ အာဂတအမုန်းတရားကြီးမားကြပါတယ်။ ယုံကြည်သူတွေကပဲ အာဏာပိုင်တွေနဲ့ ပူးပေါင်းသူတွေလို့ထင်တဲ့ မူဆလင် တွေကို မူဆလင်တွေက သတ်ဖြတ် နေကြတာလေ။ ဒါကို လူမျိုးသုဉ်းရှင်းလင်းသုတ်သင်မှုလို့ပြောလို့မရဘူးလေ၊ အဲဒါက တစ်ဖက်နဲ့ တစ်ဖက်ကွာခြားနေတဲ့ အသိုက်အဝန်းကြားမှာ ရှိနေတဲ့ လူတွေအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ကိစ္စပါ၊ အဲဒီကွာခြားနေမှုတွေကို ကျွန်မတို့က ကြိုးစား နီးစပ်အောင် လုပ်ပေးနေတာပါ။ အတတ်နိုင်ဆုံး ဒီ့ထက်ပိုပြီး ကွာခြားမသွားဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေတာပါ၊
Q: Do you think people in the west misjudged you or mischaracterised you or misunderstood you. Expecting you to be this sort of amalgam of Mahatma Gandhi and Mother Teresa's, for example, and actually maybe your closer in your determination and steeliness to someone like Margaret Thatcher?
Q: အနောက်နိုင်ငံက လူတွေအနေနဲ့ အစ်မကြီးအပေါ် အထင်အမြင် နားလည်မှုလွဲမှားနေတယ်။ အစ်မကြီးရဲ့ စရိုက်လက္ခဏာအပေါ် သုံးသပ်မှု လွဲမှားနေတယ်လို့ ထင်မြင်ပါသလား? အစ်မကြီး ကို သူတို့အနေနဲ့မဟတ္တမဂန္ဒီ နဲ့ မာသာထရီဆာတို့ကဲ့သို့ မြင်ချင်နေပုံပေါ်တယ်လို့ ထင်ပါသလား? ဒါမှမဟုတ် မာဂရက်သက်ချာလို ဆုံးဖြတ်ချက်ပြတ်သားပြီး သံမဏိကဲ့သို့ မာကျောသူလို့များ မြင်နေမလားလို့?
Well No. I am just a politician. I am not quite like Margaret Thatcher, no. But on the other hand I am no mother Teresa either. I have never said that I was. Mahatma Gandhi was a very astute politician.
A: မထင်ပါဘူး။ ကျွန်မက နိုင်ငံရေးသမားတစ်ယောက်ပါ၊ မာဂရက်သက်ချာနဲ့လည်းမတူပါဘူး၊ တစ်ဘက်မှာလည်း မာသာထရီဆာလည်း မဟုတ်ပါဘူး၊ သူတို့နဲ့တူအောင်လည်း တစ်ခါမှ မပြောခဲ့ပါဘူး၊ မဟတ္တမဂန္ဒီကတော့ အင်မတန်မှ ပါးရည်နပ်ရည်ရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်ပါ၊
Q: He did put his own life at risk and ultimately tragically his life to protect his own minority Muslim population, was that an example you would not be tempted to follow?
Q: မဟတ္တမဂန္ဒီအနေနဲ့ သူ့ရဲ့အသက်အန္တရာယ်ကို မငဲ့ဘဲ လူနည်းစု မူဆလင်တွေအတွက် ကာကွယ်ဖို့လုပ်ခဲ့တာပေါ့နော်၊ အဲဒီလိုမျိုး နမူနာယူစရာလို့ မထင်ဘူးလား?
A: I don’t think putting one’s life at risk is a particular example that I would like to follow. I would like to think we could live up to his high principles.
A: မိမိအသက်ကို စွန့်စားပြီး လုပ်ငန်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စံနမူထက် သူရဲ့ မွန်မြတ်တဲ့နိယာမ သဘောတာရားတွေကို လေးစားလိုက်နာ နေထိုင်သွားတာက ပိုအရေးပါပါတယ်။
Q: One last question. What would stop you now going to Rakhine State and talking to all communities and appealing for peace? On the ground yourself?
Q: နောက်ဆုံးမေးခွန်းပါ၊ ဘာ့ကြောင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အသိုက်အဝန်း နှစ်ခုလုံးနဲ့တွေ့ပြီး ငြိမ်းချမ်းရေးအတွက် တိုက်တွန်းတာမျိုးမလုပ်တာလဲ?
A: Because I want to give those who are working on the Rakhine a chance to show that they are capable of it. I think there's not enough confidence in what our people are capable of doing.
A: ဘာ့ကြောင့်လည်းဆိုတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့သူတွေ သူတို့လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ စွမ်းရည် ရှိကြောင်းကို ပြကြဖို့ အခွင့်အလမ်း ပေးထားတာပါ။ ကျွန်မတို့လူတွေလုပ်ကိုင်ဆောင်ရွက်နေတာကို ၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အစွမ်းအစရှိတာကို ယုံကြည်သူ နည်းပါးနေတယ်လေ။
Q: Do you worry that people who do not want you to change the constitution, who are embedded in the military, embedded in intelligence are going to target you and the people round you?
Q: အခြေခံဥပဒေကို ပြောင်းလဲဖို့မလိုလားတဲ့သူတွေ ၊ တပ်နဲ့ပတ်သက်ပြီး အမြစ်တွယ်နေတဲ့သူတွေ၊ ထောက်လှမ်းရေးပတ်သက်ပြီးရှိနေသူတွေ အနေနဲ့ အစ်မကြီးနဲ့အစ်မကြီးပတ်ဝန်းကျင်က လူတွေကို ပစ်မှတ်ထားလာမှာကို မစိုးရိမ်ဘူး လားခင်ဗျ?
A: Well it is not something I think about, because we were asked the same set of questions over the last 30 years since I started working for the NLD. That’s aren't you worried about an assassination, and all kinds of other dangers coming from the powers that be. Those who are in a position to engage in these activities. But it is not something you think about on a day to day basis, it's just part of your job.
A: ဒါ ကျွန်မ စိတ်ထဲထားတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ NLD စတင်တည် ထောင်ချိန်ကစပြီး လွန်ခဲ့တဲ့ နှစ် ၃၀ လုံး အဲဒီလိုအမေးခံရပါတယ်။ လုပ်ကြံနိုင်တဲ့သူတွေရဲ့ လုပ်ကြံခံရမှာ ၊ အမျိုးစုံသော အန္တရယ်ပေးခံရမှာ မစိုးရိမ်ဘူလားလို့ မေးခံရပါတယ်၊ ဒီကိစ္စတွေ ကတော့နေ့တဓူဝ စဉ်စားလေ့ရှိတဲ့ကိစ္စမဟုတ်ပါဘူး၊ ဒါအလုပ်နဲ့ပါလာတဲ့ အစိတ်အပိုင်းပဲပေါ့။
END.
ပြီး။
Source: https://www.facebook.com/mofamyanmar/posts/670509309816034
အစိုးရ ဌာနဆိုင်ရာဝန်ထမ်းများ ရိုးသားချိန်တန်ပါပြီ
ဟုတ်ကဲ့ တစ်ပြိုင်တည်း ကျန်ဌာနများက ဝန်ထမ်းများလည်း ရိုးသားချိန် တန်ပါပြီ။
ပတခ ၂၀၁၄ မှာ ရုံးတစ်ရုံး စတင်ဖွဲ့စည်းပါတယ်။ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ပါ။
အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကို IMF AND USA OTA တို့ရဲ့အကြံပေးများခန့်ထားပြီးေောင်ရွက်ပါတယ်။ ရေတောင်တိုက်မရ မုန့်တောင် လက်ဆောင်ပေးမရပါ။ ZERO CORUPTION စစ်စစ်နဲ့ ကုမ္ပဏီအကြီးဆုံး ၅၀၀ ကိုစည်းကြပ်နေပါတယ်။ ယခုနှစ် နောက်ထပ် ကုမ္ပဏီအလတ် ၇၀၀ ကို အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရူံး ၁ ဖွဲ့စည်းလို့ ဆက်လက်ဆောင်ရွက်ပါပြီ။ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် နဲ့ ZERO CORUPTION ပါ။ နိုင်ငံတော်အကြံပေးကိုယ်တိုင် မျကိခြည်မပြတ် ထိန်းကြောင်းနေပါတယ်။ လာမယ့်နှစ် နောက်ထပ် ကုမ္ပဏီ ၁၂၀၀ ကိုဆက်လက် ပြောင်းလဲပါမယ်။ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ၂ ပါ။ ကျွန်တော် ရှိနေပါတယ်။ ပြောင်းလဲပြီး ဝန်ထမ်းများ ဘယ်လောက်ရိုးသားကြတယ်ဆိုတာ ဆက်ဆံနေရတဲ့ကုမ္ပဏီများသိကြပါတယ်။ တဖြေးဖြေး အားလုံးသော အခွန်ရုံးများ လိုက်ပြောင်းမှာပါ။ ပတခ တကယ်ရိုးသားဖို့ စတင်နေပါပြီ။ မကြာခင် အားလုံးရိုးသားပါ့မယ်။ ကဲအခွန်ထမ်းများကရော။ အသင့်ဘဲလား။ ပြိုင်တူမှန်ရင် အမှန်ပြိုင်လိုက်ရအောင်။ အပြိုင်မှန်ရင် တိုးတက်ပြီပေါ့။
စုံစမ်းနိုင်ပါတယ်။
ယခုစတင်ပြောင်းလဲလိုက်တဲ့ အခွန်ထမ်း ကုမ္ပဏီကြီး ၅၀၀ ကပေးဆောင်တဲ့အခွန်က တစ်ပြည်လုံးရဲ့ ၇၅ ရာနှုန်းခန့်ရှိပါတယ်။ လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ အများဆုံးအခွန်ပေးေောင်ထားတဲ့ လုပ်ငန်းရှင် များကို ဂုဏ်ပြုပွဲလုပ်ပါမယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးမှာပါ။
မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင် ဥပဒေ (မူကြမ်း)
ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ၂၀၁၃ခုနှစ် ၊ အောက်တိုဘာလ ၈ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၃၁) ဖြင့် ပြဋ္ဌာန်းခဲ့သည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၈၆ အရ ပြည်ထောင်စု အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဦး ဦးဆောင် သည့် လွတ်လပ် သော မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ် ဖြစ်ပေါ်လာရေး အတွက် ပြုစု ထားရှိသည့် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှု ကော်မရှင် ( Myanmar Communications Regulatory Commission- MCRC ) ဥပဒေ (မူကြမ်း) အပေါ် အများပြည်သူ မှ ပါဝင် အကြံပြုနိုင်ရေး ဖိတ်ခေါ် အပ်ပါသည်။
အဆိုပါ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှု ကော်မရှင် ( Myanmar Communications Regulatory Commission- MCRC ) ဥပဒေ (မူကြမ်း) အား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
downloading file: http://www.motc.gov.mm/sites/default/files/MCRC%20Law%20%28Draft%29.pdf
မြန်မာ့စီးပွားရေးဘဏ်ခွဲ သတင်း
ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့်မြန်မာနိုင်ငံရှိမိသားစုများထံသို့၃.၄.၂၀၁၇ရက်နေ့မှစ၍ငွေလွှဲပေးပို့နိုင်ပါပြီ။
ထိုင်းနိုင်ငံKrung Thai Bank(KTB)မှတဆင့်မြန်မာနိုင်ငံရှိမြန်မာ့စီးပွားရေးဘဏ်အသီးသီးသို့
KTB Corporate Online Asian Payment Gatewayစံနစ်အား
အသုံးပြု၍လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါကမိမိတို့နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်အသီးသီးရှိမန်နေဂျာများ၊
ဘဏ်ခွဲတာဝန်ခံများထံဆက်သွယ်စုံစမ်းနိုင်ပါသည်
..........................................................................................
ရန်ကုန်မြို့ရှိမြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)နှင့်(၃)တို့တွင်၂၀၁၇ခုနှစ်ဧပြီလ၂ရက်နေ့မှ
စတင်၍စာရင်းသေအပ်ငွေ(Fixed Deposit)များအားလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
#အတိုးနှုန်းများမှာ
၁လ ၈%
၃လ ၈.၂၅%
၆လ ၈.၅၀%
၉လ ၈.၇၅%
၁နှစ် ၉.၂၅% အသီးသီးဖြစ်ပါသည်။
..............................................................................................
စစ်ကိုင်းတိုင်းလေရှီးမြို့ ရှိမြန်မာ့စီးပွားရေးဘဏ်ငွေတိုက်ခွဲအားမြို့နယ်ဘဏ်ခွဲအဆင့်သို့တိုးမြှင့်သတ်မှတ်ပြီးဖြစ်သဖြင့်၁.၅.၂၀၁၇ရက်နေ့မှစတင်၍ငွေလွှဲလုပ်ငန်းအားယခင်ကျပ်၂၀သိန်းအများဆုံးလွှဲပို့ခွင့်အစားကျပ်၄၀သိန်းအထိတိုးမြှင့်ခွင့်ပြုသွားမည့်အကြောင်းအသိပေးအပ်ပါသည်။
အစိုးရဌာနများအနေဖြင့်ယခင်အတိုင်းပင်ပမာဏကန့်သတ်မှုမရှိပါကြောင်းတင်ပြအပ်ပါသည်။
Source: https://www.facebook.com/pages/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%98%E1%80%8F%E1%80%B9%E1%80%81%E1%80%BC%E1%80%B2%E1%81%83/1782103425398177
ထိုင်းနိုင်ငံKrung Thai Bank(KTB)မှတဆင့်မြန်မာနိုင်ငံရှိမြန်မာ့စီးပွားရေးဘဏ်အသီးသီးသို့
KTB Corporate Online Asian Payment Gatewayစံနစ်အား
အသုံးပြု၍လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါကမိမိတို့နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်အသီးသီးရှိမန်နေဂျာများ၊
ဘဏ်ခွဲတာဝန်ခံများထံဆက်သွယ်စုံစမ်းနိုင်ပါသည်
..........................................................................................
ရန်ကုန်မြို့ရှိမြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)နှင့်(၃)တို့တွင်၂၀၁၇ခုနှစ်ဧပြီလ၂ရက်နေ့မှ
စတင်၍စာရင်းသေအပ်ငွေ(Fixed Deposit)များအားလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
#အတိုးနှုန်းများမှာ
၁လ ၈%
၃လ ၈.၂၅%
၆လ ၈.၅၀%
၉လ ၈.၇၅%
၁နှစ် ၉.၂၅% အသီးသီးဖြစ်ပါသည်။
..............................................................................................
စစ်ကိုင်းတိုင်းလေရှီးမြို့ ရှိမြန်မာ့စီးပွားရေးဘဏ်ငွေတိုက်ခွဲအားမြို့နယ်ဘဏ်ခွဲအဆင့်သို့တိုးမြှင့်သတ်မှတ်ပြီးဖြစ်သဖြင့်၁.၅.၂၀၁၇ရက်နေ့မှစတင်၍ငွေလွှဲလုပ်ငန်းအားယခင်ကျပ်၂၀သိန်းအများဆုံးလွှဲပို့ခွင့်အစားကျပ်၄၀သိန်းအထိတိုးမြှင့်ခွင့်ပြုသွားမည့်အကြောင်းအသိပေးအပ်ပါသည်။
အစိုးရဌာနများအနေဖြင့်ယခင်အတိုင်းပင်ပမာဏကန့်သတ်မှုမရှိပါကြောင်းတင်ပြအပ်ပါသည်။
Source: https://www.facebook.com/pages/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%98%E1%80%8F%E1%80%B9%E1%80%81%E1%80%BC%E1%80%B2%E1%81%83/1782103425398177
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်းအခမ်းအနား
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်းအခမ်းအနား ကျင်းပ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အမှာစကားပြောကြား
===============================================
နေပြည်တော် မတ် ၃၁
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြား သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်ရိုးညွန်းတမ်းများ ပြန်လည်စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့ပြီး ယင်းအမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ စတင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ အခမ်းအနားကို ဖွင့်လှစ်တဲ့အခါမှာ အားလုံး ကြွရောက်လာတဲ့ ဧည့်သည်တော်များကို နှုတ်ခွန်းဆက်ကြိုဆိုပါတယ်။ အာရောဂျံ ပရမံ လာဘံ ကျန်းမာရေးသည် အကောင်းဆုံး လာဘ်လာဘ ဖြစ်တယ်လို့ ကျွန်မပြောလေ့ ရှိပါတယ်။ ကျွန်မပြောချင်တာက ပြည်သူများရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခု အတွက်လည်း အကောင်းဆုံး လာဘ်လာဘ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ လာဘ်လာဘလို့ ပြောတဲ့အခါမှာ အများကပေးတဲ့ လွယ်လွယ်နဲ့ ရတဲ့ လာဘ်လာဘမျိုး မဟုတ်ဘဲနဲ့ ဥာဏ်ပညာ၊ ၀ီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ စနစ်တကျရယူတဲ့ ဆုလာဘ်မျိုးပဲ ဖြစ်ရပါမယ်။ ဒီလို အတွေးအခေါ်နဲ့ ကျွန်မတို့ရဲ့ အမျိုးသားကျန်းမာရေးစီမံကိန်းကို ရေးဆွဲထားတာပါ။ စိတ်ကူးယဉ်နဲ့လည်း မဟုတ်ဘူး၊ ယေဘုယျအားဖြင့်လည်း မဟုတ်ဘူး။ တစ်နှစ်ပြီးတစ်နှစ် ဘယ်လို ဆက်လက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ ရေးဆွဲထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် ပြည်သူပြည်သားများရဲ့ ကျန်းမာရေးဟာ အင်မတန်မှပဲ အရေးကြီးပါတယ်။
သူနာပြုဆရာမတစ်ဦးဖြစ်ခဲ့တဲ့ မေမေဟာ အမြဲပဲ ပြောလေ့ရှိပါတယ်။ ကျန်းမာမှ။ မကျန်းမာရင် ဘာမှလုပ်လို့မရဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနာပြု ဆရာမ တစ်ဦးအနေနဲ့ အင်မတန်မှ ဥာဏ်ရယ် အလုပ်ရယ် အကိုင်ရယ် ဓနအင်အားရယ် ရှိတဲ့ ပုဂ္ဂိုလ်များဟာ ကျန်းမာရေး ပျက်စီးယိုယွင်းသွားတဲ့အခါ ဘာစွမ်းရည်မှ မရှိတော့ဘူး ဆိုတာကို ကိုယ်တိုင်မြင်ခဲ့လို့ပါ။ ဒါကြောင့်မို့ ကျန်းမာရေးကို အင်မတန်မှ အလေးထားခဲ့ပါတယ်။ ပြည်သူပြည်သားများရဲ့ ကျန်းမာရေးဟာ ကျွန်မတို့နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတစ်ခုဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။ ဒါကြောင့် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျွန်မတို့အားလုံး ၀ိုင်းပြီး ကြိုးစားရမှာပါ။ အခု ကျွန်မတို့ရဲ့ အမျိုးသားကျန်းမာရေးစီမံကိန်းဟာ ပြည်သူကို အခြေပြုတဲ့ စီမံကိန်းမျိုး ဖြစ်ပါတယ်။ ပြည်သူကို အခြေပြုတဲ့ စီမံကိန်းဆိုတော့ ကျန်းမာရေးဟာ အိမ်တွင်းကနေစတယ် ဆိုတဲ့အမြင်နဲ့ ကျွန်မတို့ ဆက်သွားဖို့ လိုပါတယ်။ ဆေးရုံရောက်မှ ကျန်းမာရေးကုသမှုယူရတာမဟုတ်ပါဘူး။ ကိုယ့်အိမ်တွင်းထဲကနေပြီးတော့ ကျန်းမာရေးကို ဂရုစိုက်သွားရမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်တဲ့သူနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူဆိုပြီး ကျွန်မတို့ ခွဲခြားပြီးတော့မြင်ပါတယ်။ ဒါပေမယ့် တကယ်တော့ အဲ့လိုခွဲခြားလို့တော့မရပါဘူး။ တချို့ပြောကြပါတယ်။ တကယ် ကုတာက ဆရာဝန်တွေက ကုတာမဟုတ်ပါဘူး။ လူနာက ကိုယ့်ကိုကိုယ် ကုရတယ်။ ဆရာဝန်တွေက လမ်းပြရုံပဲ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါလည်း မှန်ပါတယ်။ ဆရာဝန်တွေက၊ ကျန်းမာရေးနဲ့ပတ်သက်လို့ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေက ပညာပေးပြီးတော့ လမ်းပြဖို့ပါ။ ပြည်သူပြည်သား များဟာ ကိုယ်ရဲ့ ကျန်းမာရေးအတွက် ကိုယ့်ဟာကို တာဝန်ယူရပါမယ်။ ဒီလို ကိုယ့်ကိုကိုယ် ကျန်းမာရေးအတွက် တာဝန်ယူနိုင်တဲ့ အခြေအနေရောက်အောင်လို့ ကျွန်မတို့ရဲ့ အမျိုးသားစီမံကိန်းကို ရေးဆွဲ ထားတာလို့ ကျွန်မအနေနဲ့ နားလည်ပါတယ်။
မိခင်ရဲ့ဝမ်းထဲကနေမှ စပြီးတော့ ကျွန်မတို့ ကျန်းမာရေးဂရုစိုက်မှုက အထူးပဲ အရေးကြီးပါတယ်။ ငယ်ငယ်တုန်းက ကျန်းကျန်းမာမာနဲ့ မွေးမြူလာတဲ့ ပြုစုထားတဲ့ ကလေးများဟာ ကြီးလာတော့လည်း ပိုပြီးတော့ ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဥာဏ်ရည်လည်း ကောင်းပါတယ်။ အဖက်ဖက်ကနေပြီးတော့ နိုင်ငံအတွက်လည်း အကူအညီ အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးနှင့်ပတ်သက်လို့ရှိရင် အားလုံးဝိုင်းပြီးတော့ လုပ်ဖို့လိုတဲ့နေရာမှာ ကျွန်မတို့နိုင်ငံအတွင်းကနေ မဟုတ်ဘဲ ပြင်ပက မိတ်ဆွေများဆီကလည်း ကူညီထောက်ပံ့မှုတွေ အများကြီးရပါတယ်။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင်စွမ်းမှလည်း ကိုယ့်ကို ကူညီချင်တဲ့စိတ်တွေ ဖြစ်လာမှာဖြစ်ပါတယ်။
ကျွန်မက ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့အနေနဲ့တောင်မှ ဂုဏ်ယူတဲ့ ရောဂါသုံးခု တိုက်ဖျက်ရေး ကိစ္စမှာ ကျွန်မတို့ရဲ့နိုင်ငံက တိုးတက်မှုရှိလို့၊ အောင်မြင်မှု ရှိလို့၊ ပိုမိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့ ပံ့ပိုးချင်တဲ့စိတ်တွေဖြစ်လာပါတယ်။ လက်တွေ့ကျကျနဲ့ ပံ့ပိုးဖို့ အစီအစဉ်တွေကို အခုအကောင်အထည်စပြီး ဖော်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကိုယ့်ကိုကိုယ် ကူညီနိုင်မှလည်း တစ်ခြားသူတွေက ကျွန်မတို့ကို ကူညီချင်မှာဖြစ်ပါတယ်။ အခုကျွန်မတို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များဟာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ အင်မတန်မှများပါတယ်။ ကျွန်မတို့ရဲ့ ဘဏ္ဍာ အခြေအနေကတော့ အကန့်အသတ်နဲ့ရှိပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ ပြည်သူပြည်သားများကို အကောင်းဆုံး ကျန်းမာရေးပေးနိုင်ဖို့အတွက် ဦးတည်ပြီးတော့ ဒီစီမံကိန်းကို ရေးဆွဲထားတာပါ။ ငွေရေးကြေးရေးနဲ့ ရေးဆွဲထားတဲ့ စီမံကိန်းမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ စီမံကိန်းပဲ ကျွန်မတို့ ဆွဲထားတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီးဟာ ပြည်သူကို အခြေပြုတဲ့ ကျန်းမာရေးဘက်မှာ အထူးသဖြင့် အားသန်တာကြောင့်မို့ ကျွန်မတို့အတွက် ရထားတဲ့ လာဘ်လာဘ တစ်ခုပဲလို့ ကျွန်မကပြောချင်ပါတယ်။ အဲ့ဒါကြောင့် ဦးဆောင်မှု ကောင်းလို့ရှိရင် နောက်လိုက်တွေကလည်း ကောင်းဖို့လိုပါတယ်။
ကျွန်မတို့ရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၀န်ထမ်းများအားလုံးဟာ ၀န်ကြီးရဲ့ဦးဆောင်မှုနဲ့ ၀ိုင်းဝန်းပြီးတော့ ပြည်သူများရဲ့ ကျန်းမာရေး တိုးတက်ဖို့အတွက် လုပ်ဆောင်သွားကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ လူတိုင်းလက်လှမ်းမှီတဲ့ ကျန်းမာရေးကို ဦးတည်ပါတယ်။ လူတိုင်းလည်း လုပ်နိုင်တဲ့ ကျန်းမာရေးဆိုတော့ အထူးဂရုစိုက် လိုတာကတော့ ကျွန်မတို့ရဲ့ ကျေးလက် တောရွာနေတဲ့ ပြည်သူလူထုပဲ ဖြစ်ပါတယ်။ အများသိတဲ့အတိုင်းပါပဲ။ ကျွန်မတို့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကျေးလက်တောရွာဘက်မှာ နေတာပါ။ မြို့တွင်းမှာနေတာ မဟုတ်ပါဘူး။ ကျေးလက် တောရွာမှာနေတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ ဦးစားပေးဖို့ ဒီစီမံကိန်းထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။
ကျွန်မတို့ ပြည်သူတွေရဲ့ စွမ်းရည်တွေကိုမြှင့်တင်ပေးဖို့ အမြင့်ဆုံး မြှင့်တင်နိုင်အောင် ရေးဆွဲထားပြီးဖြစ်ပါတယ်။ ကျွန်မတို့က ဒီလို ကျန်းမာရေးအတွက် ကြိုးစားတဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုထဲနဲ့လည်း မပြီးပါဘူး။ အခြားဝန်ကြီးဌာန တွေကလည်း ၀ိုင်းဝန်းပြီး ကူညီပေးဖို့ရာ အင်မတန်မှ လိုအပ်ပါတယ်။ အထူးသဖြင့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာန အသီးသီးကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ရဲ့ ကဏ္ဍကလည်း အင်မတန်မှ အရေးကြီးပါတယ်။ လွှတ်တော်ရဲ့ကဏ္ဍက အရေးကြီးတယ်ဆိုတာ ကျွန်မတို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေကို ပြဋ္ဌာန်းတဲ့နေရာမှာ လွှတ်တော်ရဲ့ အကူအညီလည်း လိုပါတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကဏ္ဍကလည်း အင်မတန်မှ အရေးပါပါတယ်။ ပြီးတော့ ကျွန်မတို့ ပြည်သူပြည်သားများ ကျန်းမာရေးကောင်းဖို့ ဆိုတာဟာ အားလုံး ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။
စောစောက ကျွန်မ ပြောသလိုပေါ့ ကျန်းမာရေးကောင်းဖို့ ဆိုတာက မိခင်ဝမ်းထဲမှာရှိကတည်းက အစကတည်းက မိခင်တွေကို စပြီးတော့ ပညာပေးရမှာပါ။ လေ့လာဆန်းစစ်မှုအရ ဆိုလို့ရှိရင် ပညာတတ်တဲ့ မိခင်များရဲ့ သားသမီးများလည်း ပိုပြီးတော့ ကျန်းမာရေး ကောင်းတယ်ဆိုတာကို တစ်ကမ္ဘာလုံးက သုတေသနကနေပြီးတော့ ပြခဲ့ပါတယ်။ မိခင်ဟာ ကျောင်းပညာကို ဘယ်အဆင့်ထိ သင်ခဲ့တယ်ဆိုတာကို အခြေခံပြီးတော့ သားသမီးများရဲ့ ကျန်းမာရေးဟာ ကောင်းတတ်တယ်ဆိုတာကို ကျွန်မတို့ တွေ့ရှိခဲ့ရ ပါတယ်။ ပညာရေးအစဟာ မိခင်များရဲ့ ပညာရေးက စတာပါ။ မိခင်မဖြစ်ခင် ကလေးများရဲ့ ပညာရေးနဲ့စတာပါ။ တစ်သက်လုံး ကျန်းမာရေးရဲ့ ပညာတွေကို သင်ခဲ့ရတဲ့ ပြည်သူပြည်သားများဟာ ကျန်းမာသန်စွမ်းတဲ့ သားသမီးတွေကို မွေးဖွားပြီးတော့ ပြုစုပျိုးထောင်နိုင်တဲ့ အရည်အချင်းတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးဘက်ကလည်း အရေးကြီးပါတယ်။ တစ်ခြားဘက်ကလည်း အများကြီး အရေးကြီးပါတယ်။ စီးပွားရေးဆိုတာကလည်း ကျွန်မတို့ ကျန်းမာရေး၊ ပညာရေးနဲ့ ခွဲခြားလို့မရပါဘူး။
ကျွန်မတို့နိုင်ငံက စီးပွားရေး တောင့်တင်းမှုရှိမှလည်း လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေကို ကျွန်မတို့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားကျန်းမာရေး စီမံကိန်းအောင်မြင်ဖို့ဆိုတာဟာ အစိုးရအဖွဲ့ထဲမှာရှိနေတဲ့ ကျွန်မတို့ ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီးသာမက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့အစိုးရများကလည်း တာဝန် တစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ထောက်ပံ့ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။ ကျွန်မတို့ငယ်ငယ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေ ပေါ့နော်။ အဲဒီတုန်းကတော့ ကလေးများ အရေးပေါ်ရန်ပုံငွေလို့ ခေါ်ပါတယ်။ အဲ့ဒီ ရန်ပုံငွေကနေပြီးတော့ ကလေးများကို နို့မှုန့်ဝေတာကို ကျွန်မမှတ်မိပါတယ်။ ကျွန်မတို့ နိုင်ငံက အဲဒီတုန်းက စစ်ပြီးခါစ ဖြစ်ပေမယ့်လည်း ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေး အခြေအနေက ကျောင်းက ကလေးတွေဟာလည်း နို့မှုန့် မှန်မှန်ရတာကြောင့် ကျန်းကျန်းမာမာနဲ့ ထွားကျိုင်း မှန်ကန်မှုကိုလည်း ရရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ကျွန်မတို့နိုင်ငံမှာ အများကြီး လုပ်ပေးခဲ့ပါတယ်။ ငယ်ငယ်ကတည်းက မှတ်မိတဲ့ အရွယ်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကို ကျွန်မပြောပြတာပါ။ အခု တစ်နှစ်ထက် တစ်နှစ် ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း တိုးတက် သွားလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ကနေပြီးတော့ ပေးတဲ့ အကူအညီတွေကို ထိုက်ထိုက်တန်တန် သုံးနိုင်မှလည်း ပိုပြီးတော့ ပေးချင်တဲ့စိတ်တွေ ဖြစ်မှာပါ။ ပိုပြီးတော့ ပေးသင့်တဲ့အနေအထားကို ကျွန်မတို့ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အမျိုးသားကျန်းမာရေး စီမံကိန်းဟာ ကျွန်မတို့ပြည်သူပြည်သား များရဲ့ ကျန်းမာရေးအတွက်ဖြစ်သလို ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး အတွက်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူပြည်သားများဟာ ကျန်းမာတဲ့အခါကျလို့ရှိရင် လုပ်ရည်ကိုင်ရည်ဟာ တက်လာတယ်။ လုပ်ရည် ကိုင်ရည်ဟာ တက်လာတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက်ကို အများကြီး ပံ့ပိုးနိုင်ပါတယ်။ နိုင်ငံ့ရဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုတာဟာ နိုင်ငံရဲ့တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူပြုပါတယ်။ နိုင်ငံက တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်ဆိုလို့ရှိရင် ကမ္ဘာကလည်း လေးစားတယ်၊ ပိုပြီးတော့ ကျွန်မတို့ကို ၀ိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးချင်တဲ့စိတ်ဓာတ် တွေကလည်း များပြားလာပါတယ်။ ဒါကြောင့် ဒီအမျိုးသားရေး ကျန်းမာရေးစီမံကိန်းဟာ ကျွန်မတို့ရဲ့ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာကို အားလုံးလည်း သဘောပေါက်စေချင်ပါတယ်။
ကျန်းမာရေး ကုသမှုပေးလိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ၊ ကိုယ် ကျန်းမာရေးကုသမှု ပေးလိုက်တဲ့ လူနာများဟာ ဘယ်လောက်ထိ နိုင်ငံကို ပံ့ပိုးနိုင်မလဲဆိုတာ ကျွန်မတို့ ခန့်မှန်းလို့ မရပါဘူး။ ဒါပေမယ့်လည်း အမြဲပဲ လူနာတွေကို ပံ့ပိုးမှုပေးတဲ့အခါမှာ၊ ပြုစုတဲ့အခါမှာ ကိုယ်ပြုစုပေးလိုက်တဲ့ လူနာတစ်ယောက်ဟာ တစ်နေ့တစ်ချိန် အခါမှာ ကိုယ့်နိုင်ငံကို အင်မတန်မှ ကျေးဇူးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးကိုတော့ အမြဲခေါင်းထဲမှာ ထားစေချင်ပါတယ်။ ကျန်းမာရေးပေးတဲ့ပုဂ္ဂိုလ်များ ဟာ တကယ့်ကို အကျင့်သိက္ခာနဲ့ ပြည့်စုံနေဖို့လိုပါတယ်။ တကယ့်ကို စေတနာအရင်းခံ ပြီးတော့ မိမိတို့ရဲ့အလုပ်ကို လုပ်ဆောင်ဖို့လိုပါတယ်။
ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့က အဆင့်အတန်းခွဲတာမဟုတ်ဘဲ အင်မတန်မှ အဆင့်မြင့်တဲ့ ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေသာ အရေးကြီးတာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ ထိတွေ့မှုရှိနေတဲ့ သူနာပြုဆရာမများ၊ ၀မ်းဆွဲဆရာမများဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီအခြေခံကျန်းမာရေးပြုစုမှုပေးတဲ့ ကျွန်မတို့ရဲ့ဝန်ထမ်း များဟာ ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေးအတွက် ပံ့ပိုးမှု ပေးနိုင်ပါတယ်။ ကျွန်မတို့ ကျေးလက် တောရွာတွေမှာဆိုလို့ရှိရင် ၀မ်းဆွဲ ဆရာမတွေကို အဓိက အားကိုးရတယ် ဆိုတာ အများသိရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကျန်းမာရေးဝန်ကြီးဌာန ကဆိုလို့ရှိရင် အခု ဒီလို ကျန်းမာရေးဝန်ထမ်းတွေကို သေသေချာချာ ပညာပေးပြီးတော့ သေသေချာချာ လေ့ကျင့်ပေးဖို့ ဦးစားပေး လုပ်ဆောင်နေတယ်ဆိုတာလည်း ကျွန်မတို့ သိရလို့ အင်မတန်မှ အားတက်ပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေလည်း အားတက်စရာ ဖြစ်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။
ကျန်းမာရေးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ရေးဆိုတာဟာ တခြားဆက်စပ်မှုတွေထဲမှာ ပညာရေးနဲ့ပဲ ယှဉ်လို့ရပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများဟာ ပညာအရ၊ ကျန်းမာရေးအရ အားသန်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ဘာကိုမှ စိုးရိမ်ဖို့မလိုပါဘူး။ ဘယ်လို စိန်ခေါ်မှုမျိုးမဆို ကျွန်မတို့ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ပညာတတ်တဲ့ ပြည်သူပြည်သားများဟာ၊ ကျန်းမာတဲ့ပြည်သူပြည်သားများဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံ ဟာ တိုးတက်မှာလား၊ မတိုးတက်ဘူးလားဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ကျန်မာရေး၊ ပညာရေး အခြေအနေကိုကြည့်ပြီးတော့ ကျွန်မတို့ဆုံးဖြတ်လို့ရပါတယ်။
တစ်ချိန်တစ်ခါတုန်းကဆိုလို့ရှိရင် မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးကနေပြီးတော့ လေးစားရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို အလေးထားပြီး အောင်မြင်အောင်လုပ်နိုင်ခဲ့လို့ပါပဲ။
ကျွန်မတို့နိုင်ငံဟာ တကယ်တော့ ရုပ်ပိုင်းအရ ချမ်းသာတယ်ဆိုတဲ့ အဆင့်ကို ဘယ်တုန်းကမှ မရောက်ခဲ့သေးပါဘူး။ ကျွန်မတို့ အခုသွားနေတဲ့ လမ်းကနေပြီးတော့ ရောက်သွားမယ်လို့ယုံကြည်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာတဲ့ အဆင့်ကို မရောက်သေးတဲ့ ကာလတုန်းကတောင်မှ ကျွန်မတို့နိုင်ငံဟာ အင်မတန်မှ ကမ္ဘာက လေးစားခဲ့ရတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေရဲ့ အရည်အချင်းကို ကျွန်မတို့မြှင့်တင်နိုင်ခဲ့လို့ပါပဲ။ အရည်အချင်းကို မြှင့်တင်တဲ့နေရာမှာ ပညာရေးနဲ့ ကျန်းမာရေးဟာအဓိက ဖြစ်ပါတယ်။
ကျွန်မတို့အခု ဒီစီမံကိန်းကို မြန်မာပြည် တစ်ဝှမ်းလုံးမှာ အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်ဖို့တွက် ကျွန်မတို့ရဲ့ဝန်ကြီးဌာနကနေပြီးတော့ ဦးဆောင် သွားမယ်။ ကျန်တဲ့ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများကလည်း ၀ိုင်းဝန်းပြီးတော့ ပံ့ပိုးသွားရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ နောက်ဆုံးက ပြည်သူပြည်သားတွေပါဝင်လာဖို့ပါပဲ။
ကျွန်မတို့ပြည်သူပြည်သားတွေ ပါဝင်လာနိုင်အောင် လုပ်နိုင်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရက တာဝန်ပေးမှ နိုင်ငံသူနိုင်ငံသားတွေကလည်း တာဝန် သိမှာပါ။ ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ ကျန်းမာရေးကို ကောင်းမွန်ဖို့ အတွက် တတ်နိုင်သမျှ မှန်မှန်ကန်ကန်နဲ့ လုပ်နေတယ်ဆိုတာ ပေါ်လွင်လို့ရှိရင် ကျွန်မတိုရဲ့ပြည်သူပြည်သားတွေဟာလည်း မိမိတို့ရဲ့ ကျန်းမာရေးကို မိမိတို့ ကိုယ်တိုင် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ ၀ိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက် ပံ့ပိုး သွားမယ်ဆိုတာ ကျွန်မတို့ သံသယရှိစရာ ကိစ္စမဟုတ်ပါဘူး။
ဒီအခမ်းအနားမှာ ကျွန်မတို့ ပြည်သူပြည်သားများရဲ့ ကျန်းမာရေးအတွက် အဖက်ဖက်က ကူညီခဲ့တဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ကျွန်မတို့ ကျန်းမာရေးဘက်ကို ပါဝင်ပြီးတော့ အားပေးဖို့အတွက် ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျန်းမာရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ပိုက်ဆံရှိမှ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အခြေအနေမျိုးကို မဖြစ်စေချင်ပါဘူး။ ကိုယ့်မှာ ပိုက်ဆံရှိသည်ဖြစ်စေ၊ ပိုက်ဆံမရှိသည်ဖြစ်စေ၊ ကိုယ့်နိုင်ငံက ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်သွားမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများ ရှေ့ဆက်ပြီးသွားနိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့နိုင်ငံဟာ တကယ်ပဲ ထူးခြားတဲ့ လာဘ်လာဘတစ်ခုကို ရထားပြီလို့ ကျွန်မတို့အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဆောင်ရွက်လျက် ရှိသည့် ပြည်သူအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြသည်။
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ၏ အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားအားလုံးအတွက် အခြေခံအကျဆုံးသော မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုများကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေးဖြစ်ပြီး အဆိုပါ ပန်းတိုင်ရောက်ရှိရေးအတွက် အမျိုးသား ကျန်းမာရေးစီမံကိန်းကို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ တိုင်းသားကျန်းမာရေးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော် နေသည့် အဖွဲ့အစည်းများအကြားဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု အသွင်ရရှိရေးကို ရည်မှန်းဆောင်ရွက်ကြောင်း သိရသည်။
Source: https://www.facebook.com/state.counsellor/posts/1013450638789152
ပေးချေငွေအပေါ် နုတ်ယူ ပေးဆောင်စေတဲ့အခွန် withholding tax
(ပြည်တွင်းအခွန်များဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်၊ ရေနံကုမ္ပဏီကြီးတစ်ခု၏ အကြီးတန်း အရာရှိတစ်ဦး၏ မေးမြန်းချက်နှင့်
အခြား အမေး၊အဖြေများကို စုစည်းထားပါသည်။
ရည်ညွှန်း။ https://www.facebook.com/permalink.php?story_fbid=858295274309735&id=100003878109210)
၁။ ဘာလို့ကောက်သလဲ
အခွန်ကိုလိမ်ညာ တိမ်းရှောင် စာရင်းဖျောက် ပေါင်းစား မလုပ်နိုင်စေဖို့ တိတိကျကျ သတင်းစာရင်း အလိမ်အညာ မရှိ ပေးဆောင်စေဖို့ အခွန်မရှောင်စေဖို့ ကောက်ပါတယ်။
၂။ ဘယ်တုံးကစကောက်သလဲ
၁၉၂၂ Burma Income Tax Act section 15 and 16 မှာ ကိုက withholding tax ကို လုပ်ငန်းအလိုက်ကောက် ခံ တဲ့နှုန်းများဖော်ပြကောက်ခံပါတယ်။ ကိုလိုနီခေတ် အရင်းရှင်စီးပွားရေးစနစ် မှာကတည်းက စတင်ကောက်ခဲ့ပါတယ်။
၃။ မြတ်မှန်းမသိ ရှုံးမှန်းမသိ ကောက်တာဘဲလား။
စီးပွားရေးလုပ်ငန်းတစ်ခုကို မြတ်ဖို့ ရာခိုင်နှုန်း မများဘဲ လုပ်တဲ့လုပ်ငန်းရှင်ဟာ ရူးနေလို့သာဖြစ်ပါမယ်။ မြတ်ဖို့အလားအလာရှိမှ လုပ်လေ့ရှိတာပါ။ တကယ်ဝင်ငွေနှစ်ကုန်လို့ အခြေအနေအရ ထင်သလောက်မမြတ်တာ ရှုံးတာမျိုးသာရှိပါတယ်။ တည်ဆဲဝင်ငွေခွန်ဥပဒေ အရ လစာ တစ်နှစ် ၄၈သိန်းအထက် ရသူများကို လစာထုတ်ပေးရတဲ့ ငွေပေးချေသူ လုပ်ငန်းရှင်များက အဲသည် မိမိ လခစားရဲ့ဝင်ငွေကနေ ကျသင့်အခွန်ကို ခန့်မှန်းတွက်ချက်ပြီး လစဉ် လခပေးတဲ့အခါ နုတ်ယူထားပြီး အခွန်ဆောင်ပေးရပါတယ်။အမြတ်မရှိတဲ့ လစာရသူတွေကတောင် လစဉ်နုတ်ပယ်ပေးဆောင်နေတာပါ။ လစာမဟုတ်တဲ့ ကျန်ပေးချေငွေများအနက်က အတိုးပေးငွေ၊ မူပိုင်ခွင့်ပေးချေငွေနဲ့ ကျန်ပေးချေငွေ ၄မျိုးကို ပေးချေရင် ယေဘူယျ ၁၀% အမြတ်ထားပြီး ပေးဆောင်ရမယ့် အခွန်နှုန်း ၂၅% အရ ပေးချေငွေရဲ့ ၂.၅% အခွန်ကျသင့်မှာမို့ ၂% ကို ပေးချေသူကနုတ်ယူပေးဆောင်ပေးစေတာဖြစ်ပါတယ်။
၎။ နှစ်ကုန်ရင်အရှုံးအမြတ် တွက် အခွန်ဆောင်မှာဘဲ။ ခုလိုကြိုကောက်တာ လုပ်ငန်းတွေမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်။
နှစ်ကုန်ရင် စာရင်းမလိမ် အမှန်အတိုင်းပေးသော လုပ်ငန်းရှင် ဘယ်နှစ်ဦးရှိပါမလဲ။ စာရင်းလိမ်တာကို လိုက်ဖြေရှင်းတာထက် မလိမ်နိုင်အောင် စီစဉ်ထားတာက ပိုကောင်းတာမို့ သည်စနစ်ကို ကမ္ဘာ့နိုင်ငံအတော်များများ ကျင့်သုံးကြပါတယ်။
နောက်တစ်ချက်က ဘယ်အစိုးရမှ ငွေမရှိဘဲတိုင်းပြည်ဖွံ့ဖြိုးအောင်မလုပ်နိုင်ပါ။ လိုအပ်တဲ့ငွေကို နှစ်ကုန်မှ တစ်ခါထဲပေးမယ် ဆိုတဲ့ လုပ်ငန်းရှင်များထံ နိုင်ငံတော်က လုပ်ငန်းအပ်ရင် လုပ်ငန်းအားလုံးပြီးမှငွေချေမယ်ဆို လက်ခံမလား။ ဝန်ထမ်းလစာများကိုလည်း လုပ်ငန်းရှင်များ အခွန်ဆောင်ပြီး နှစ်ကုန်မှ ပေးလို့ရမလား။ လုပ်ငန်းရှင်ပေးတဲ့အခွန်နဲ့ နိုင်ငံတော်က လုပ်ငန်းတွေလုပ် လုပ်ငန်းရှင်ထံအပ် အဆင့်တိုင်းငွေချေပေး လုပ်ငန်းရှင်များက ငွေရတိုင်းအခွန်ဆောင် ဆိုမှ တိုင်းပြည်တွင်း လှည့်လည်ငွေကြေးစနစ် ပုံမှန်လည်ပါတ် မှာမို့ ခုလိုနုတ်ပယ်ပေးသွင်းစေတာပါ။
နောက်ဆုံးတစ်ချက်က လုပ်ငန်းရှင်ပေးချေငွေ ရတဲ့အချိန်တိုင်း နုတ်ပယ်ခြင်းဖြင့် စုစည်းပေးဆောင်တဲ့အခါ ငွေကြေးအခက်အခဲဖြစ်တာ၊ ရငွေစာရင်းလိမ်ပြ ထိမ်ချန်ပြ ဝန်ထမ်းနဲ့ပေါင်း မသမာမှုလုပ်ကြ ဆိုတာများကိုကာကွယ်ဖို့ပါ။
၅။ နိုင်ငံတကာမှာမကောက်ဘူး။
ကောက်ပါတယ်။ အာစီယံနိုင်ငံအားလုံး ကောက်ပါ တယ်။ အိမ်နီးချင်း တရုတ်နဲ့အိန္ဒိယ ဖွံ့ဖြိုးပြီး ဂျပန်၊ တောင်ကိုရီးယား၊ အင်္ဂလန် အမေရိကန် ကောက်ပါတယ်။ မကောက်တဲ့နိုင်ငံမရှိသလောက်ပါ။
သိသမျှတော့ ရှင်းပြပြီးပြီဗျာ။ ဆောင်တာ မဆောင်တာ တော့ လုပ်ငန်းရှင်များသဘောပါ။ ကိုယ်အစိုးရ ဖြစ်နေတုံး ကတော့ ကောက်ခဲ့ကြပြီး ခု မှမကောက်စေချင်တာ၊ စေတနာ မေတ္တာနဲ့ ဦးဆောင်နေပေမယ့် အဓိကကျသော ငွေကြေးမရှိရင် ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံစီမံ အလုပ်လုပ်မရတဲ့အစိုးရကို ငွေမရှိအောင် စီမံနေတာ၊ အများပြည်သူများတစ်ဦးချင်း ပေးချေရင် ဖြတ်တောက်စရာမလိုဘဲ နိုင်ငံပိုင် သမပိုင် ကုမ္ပဏီ များထံကသာ နုတ်ယူပေးသွင်းစေပြီး ရတဲ့အခွန်နဲ့မှ အများပြည်သူ အကျိုး ပြန်သုံးစွဲနေတာကို သိရက်နဲ့ အများ အကျိုးထိခိုက်အောင် မကောက်သင့်ပါဘူး ဆိုနေ ကြတာတွေသည် ပြည်သူအများအကျိုးအမှန်လား စဉ်းစားသာကြည့်ကြပါတော့ဗျာ။
တိုင်းပြည်ကောင်းကျိုး ခိုးဝှက်လိမ်ညာ မပြုပါဘဲ စိတ်ရင်းစွဲမှန် စိတ်ကောင်းခံဖြင့် ပြည့်လင့်အခွန် ငွေအမွန်ကို တာဝန်ကျေစွာဆောင်နိုင်ကြပါစေ။
xxxxxxxxxxx
မေး။
မြန်မာ့ပုလဲမှမုတ်ခွံအခွံလေလံအောင်လို့ဝယ်တာကုန်သွယ်ခွန်၅%ကိုဘယ်သူ့နံမည်နှင့်သွင်းရမလဲ ။
ဖြေ။
မြန်မာ့ပုလဲက မြန်မာ့ပုလဲအမည်နဲ့ဆောင် ဝယ်သူကို ကသခ ၃၁ ပုံစံထုတ်ပေး ဝယ်သူနဲ့ဆိုင်ရာအခွန်ရုံးကို ကသခ ၃၁ မိတ္တူပို့ပေးရပါမယ်။
မေး။
2% ဖြတ်မယ်ဆိုတာကိုငြင်းဆန်တဲ့လုပ်ငန်းရှင်/ကုမ္ပဏီများကို ပင်ရင်းကဖြတ်တောက်ပေးသွင်းဖို့တာဝန်ရှိသူများကဘယ်လိုဆောင်ရွက်ရမလည်း( သူတို့ကတော့ခပ်မာမာပြောတာက အဖြတ်မခံနိုင်ဘူး၊မကျေနပ်ရင်သူတို့နဲ့လုပ်ငန်းမလုပ်နဲ့လို့ပြောကြတယ်၊တချို့ကိစ္စရပ်တွေမှာမိမိဖက်ကရွေးချယ်လို့မရတာမျိုးရှိပါတယ်-ဥပမာ -နေရာငှားရမ်းခြင်းမျိုး၊ လက်မခံရင် 2% ဖြတ်တာလက်မခံကြောင်းကုမ္ပဏီ letter head နဲ့စာတောင်းရင်တော့မပေးဘူးဗျ၊အဲ့တော့ နာမည်တပ်ပြီး ပတခ ကိုတိုင်ရမလားပေါ့)
ဖြေ။
အမိန့်ကြော်ငြာစာ ၂/၂၀၁၇ အရ လက်ခံသူကငြင်းဆန်သော်လည်း နုတ်ယူပေးဆောင်ရန်တာဝန်ရှိပါတယ်။
သူတို့လိုဘဲ အနုတ်မခံရင် သူတို့နဲ့အလုပ်မလုပ်ဘူးလို့ ပေးချေသူများက ညီညီညာညာ လိုက်နာမယ်ဆိုရင်တော့
အချက် ၁ နဲ့ တွေးရရင်တော့ လိမ်ချင်ညာချင် ရှောင်ချင်သောလုပ်ငမ်းရှင်လို့ ယူဆစရာပါဘဲ။
မေး။
စီးတီးမတ်မယ် ဈေးဝယ်တယ်ဗျာ..၊ ဆိုပါစို့ရဲ့ သုံးသိန်းကျော်သွားတယ်။ ဒါဆိုရင် ကိုယ့်ဘာသာ ၂ ရာနှုန်း နှုတ်ပြီး အခွန်ရုံးကို သွားဆောင်ပေးဖို့ ဆိုရင် အဆင်ပြေနိုင်မလား..၊ သိချင်တယ်ဗျာ..၊ မြင်သာတဲ့ ဥပမာ တစ်ခုပြောတာပါ။ စီးတီးမတ်ဆိုရင် ဖြတ်စရာ မလိုပါဘူး ဆိုတာမျိုး ကြားဖူးလို့ပါ။
ဖြေ။
စီးတီးမတ်မို့ ဖြတ်စရာ မလိုတာ မဟုတ်ပါ။ စာချုပ် ချုပ်ဆို ဝယ်ယူတာ မဟုတ်တဲ့ ဈေးဝယ်တာမို့ ဖြတ်ဖို့ မလိုတာပါ။ ဒါ့အပြင် ငွေပေးချေ ဝယ်ယူသူ ကလည်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရပါမယ်။
မေး။
စာချုပ်ချုပ်ဆိုဝယ်ယူတာမျိုး မဟုတ်ဘဲ ဘယ် ဈေးဆိုင်ကမဆို ဈေးဝယ်တာမျိုးဆိုရင် ဖြတ်စရာ မလိုဘူး လို့ ဆိုလိုပါသလားခမျာ..
ဥပမာ။ ဖိုးပြုံးချိုကနေ စတေရှင်နရီတွေ ဝယ်ရပါတယ်..၊ စာချုပ် မရှိပါ..၊ ကုမ္ပဏီ ပီအာရ်အတွက် တံဆိပ်ရိုက်ပြီး ဝေဖို့ ဂျော်ဒါးနိုးကနေ စပို့ရှပ်တွေ..၊ တီရှပ်တွေ အခါအားလျော်စွာ ဝယ်ရပါတယ်..၊ ဒါတွေရော ဖြတ်စရာ မလိုဘူးလားခမျာ..
ကျွန်တော်တို့ ကုမ္ပဏီက ဗမာပြည်မှာ မှတ်ပုံတင်ထားပြီးသား ရေနံကုမ္ပဏီပါ။
ဖြေ။
အမိန့်ကြော်ငြာစာမှာ under a tender, contract, quotation or other modes လို့ ပါရှိတဲ့အတွက် ဈေးဝယ်သလို ကြုံလို့ ဝယ်တာတွေအတွက် ဖြတ်ဖို့ မလိုပါဘူး။ Tender ခေါ်ပြီးဝယ်တာ၊ Contract ချုပ်ပြီးဝယ်တာ၊ Quotation တောင်းပြီးမှဝယ်တာ၊ Purchase Order ထုတ်ပြီးဝယ်တာ တွေဆိုရင် ဖြတ်ရပါမယ်။
မေး။
other modes ဆိုတာထဲ အကြုံးမဝင်ဘူး လို့ သတ်မှတ်ရင်ဖြင့် အဆင်ပြေပါတယ် ဆရာ..၊ ခုများဖြင့် နိုင်ငံတော်ကြီးကို အခွန်ဆောင်ဖို့ ဂျော်ဒါးနိုးဆိုင်က ပြေစာကို ရုံးမယ် တင် မရတော့ ဝယ်ရသူတွေခမျာ မိတ်တွေ ကပ်ရ..၊ ဝယ်ရ ခြမ်းရလို့ အခွန်များ ဖြတ်ဖို့ ပမာဏ ကျော်ပြီဆို အခွန် ဆောင်ဖို့ ၂ ရာနှုန်း ပို ရေးပေးပါခမျာ ဆိုတာများ ပြောရရင်ဖြစ်ဖြစ်..၊ တစ်လထဲ ဝယ်တဲ့ ပမာဏက လစ်မစ် ကျော်သွားရင် အရင် ဝယ်ခဲ့တာလေးအတွက်ပါ ပြေစာ ပြင် ရေးပေးပါခမျာ ပြောရရင်ဖြစ်ဖြစ် မယုံသင်္ကာသလိုလို အကြည့်ခံရတာတွေ အဆင်ပြေသွားတာပေါ့ဗျာ။
ဖြေ။
ဥပဒေ (နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ အပါအ၀င်) တွေကို ဘာသာပြန်ရင်ဖြစ်စေ၊ အဓိပ္ပါယ်ဖွင့်ရင်ဖြစ်စေ တစ်ဦးနဲ့ တစ်ဦး ကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ နိုင်ငံက တည်ဆောက်ရေးအချိန် ဖြတ်သန်းနေရတာဆိုတော့ ထုတ်ပြန်တဲ့ ဥပဒေတွေမှာ အသုံးအနှုံး ၀ိဝါဒ ကွဲစရာတွေ ပါနေတတ်သလို မြန်မာလိုတွေးပြီး ရေးတာတွေက တခါတခါ နိုင်ငံတကာအမြင်မှာ ကွဲလွဲနေတာ ရှိနေနိုင်ပါတယ်။ သူ့အနေနဲ့ မဟုတ်မဟတ် အကြံပေးတယ်လို့ မထင်မိပါဘူး။ စိတ်ချသေချာရအောင် သတ်မှတ် ပေးချေငွေ ပမာဏ ကျပ် ၃၀၀၀၀၀ ကျော်ရင် ဖြတ်ရမယ်လို့ အကြံပြုတာ ဖြစ်နိုင်ပါတယ်။ ၂% ပိုရေးခိုင်းတာ ဒါမှမဟုတ် မိတ်တွေကပ်တာ မလုပ်ဖို့ အကြံပြုပါတယ်။
မေး။
ကျေးဇူးပါခင်ဗျာ။ မလုပ်ချင်ပါဘူး..၊ဒါပေမဲ့ နိုင်ငံတော်ကြီးကို အိပ်ထဲက စိုက်ပြီး အခွန် ဆောင်ပေးရမှာမို့ တာဝန်ကျသူများခမျာ မလုပ်ချင်လည်း လုပ်နေရပါကြောင်း..၊ ဒါမျိုး လက်တွေ့ပိုင်းက ဗရုတ်သုက္ခတွေကို အခွန်ရုံးက ရှင်းရှင်းလင်းလင်း စာနဲ့ ဖြေကြားပေးစေချင်ပါတယ်..၊ ဒါမှလည်း
ဥပဒေ၊ နည်းဥပဒေတွေက လိုရာ ဘာသာပြန်ဆို အနက်ကောက်တာမျိုး မဟုတ်တော့ဘဲ တပြေးညီ ဖြစ်သွားမှာပါ..၊ စိတ်ချရအောင် မလိုအပ်ဘဲ ဖြတ်ခိုင်းမယ် ဆိုတာက ပရော်ဖက်ရှင်နယ်(Professional) မဆန်ပါ..၊
ဖြေ။
တစ်ဦးချင်းပုဂ္ဂိုလ်များ ပေးချေငွေမှ နုတ်ယူပေးဆောင်ရန်တာဝန်မရှိပါ။