တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်


၁။ မြန်မာစာ

Ref>>http://www.moe-st.gov.mm/?p=5587

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံသစ်)

Download (နမူနာမေးခွန်း)

Folder Link မြန်မာစာ

၂။ အင်္ဂလိပ်စာ

Date : 3 May, 2018

Ref>>http://www.moe-st.gov.mm/?p=5602

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

Folder Link အင်္ဂလိပ်စာ

၃။ သင်္ချာ

Ref>>http://www.moe.gov.mm/?q=node/1319

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

Folder Link သင်္ချာ

၄။ ဓါတုဗေဒ

Ref>>

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

Folder Link ဓါတုဗေဒ



၅။ ရူပဗေဒ

Ref>>http://www.moe.gov.mm/?q=node/1321

Download pdf (ရှင်းလင်းချက် + မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

Folder Link ရူပဗေဒ



၆။ ဇီဝဗေဒ
Ref>>

Download pdf (ရှင်းလင်းချက် + မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

၇။ ပထဝီ
Ref>>

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

၈။ သမိုင်း
Ref>>

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

၉။ ဘောဂဗေဒ

Ref>>

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံ)

Download (နမူနာမေးခွန်း)

Ref>>http://www.moe.gov.mm/?q=tags/new-mat-question

နမူနာမေးခွန်းများ Ref

အင်္ဂလိပ်စာ ဘာသာရပ် မေးခွန်းပုံစံသစ်



၂၀၁၉ခုနှစ်တွင် ပြောင်းလဲအသုံးပြုမည့် တက္ကသိုလ်ဝင်စာမေးပွဲအင်္ဂလိပ်စာဘာသာရပ် မေးခွန်းပုံစံသစ်နှင့် ပတ်သက်သည့် ရှင်းလင်းတင်ပြချက်

Date : 3 May, 2018

Ref>>http://www.moe-st.gov.mm/?p=5602




၂၀၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအင်္ဂလိပ်စာဘာသာရပ် မေးခွန်းကိုကျောင်းသား၊ ကျောင်းသူများ ပြဌာန်းစာအုပ်ကို အလွတ်ကျက်မှတ် ဖြေဆိုမှု လျော့နည်းစေပြီး၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုနှင့် ဆက်သွယ်ရေးသား နိုင်မှုများ ပိုမိုဖွံ့ဖြိုး တိုးတက်လာ စေရန်နှင့် ၎င်းတို့၏ အမှန်တကယ် တတ်ကျွမ်းမှုကို စစ်ဆေးသော မေးခွန်းများ ဖြစ်စေရန် ရည်ရွယ်၍ ပြောင်းလဲခြင်း ဖြစ်ပါသည်။

ပြဌာန်းစာအုပ်နှင့် သင်ခန်းစာ (၁၄)ခုကိုပြောင်းလဲမည်မဟုတ်ပါ။ မေးခွန်းအားလုံးကိုလည်း ပြောင်းလဲမည် မဟုတ်ပါ။ သင်ကြားမည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့အတွက် အခက်အခဲ မဖြစ်စေပဲ ကျောင်းသား၊ ကျောင်းသူတို့၏ စဉ်းစားတွေးခေါ် နိုင်သည့် စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် အကျိုးကျေးဇူးကို ရှေ့ရှု၍ မေးခွန်းအချို့ကို မွမ်းမံပြင်ဆင်၊ ဖြည့်စွက် ခြင်းသာ ဖြစ်ပါသည်။ မေးခွန်းအများစုသည် ဒသမတန်း အင်္ဂလိပ်စာ ဖတ်စာအုပ်တွင် ပါရှိသော သင်ခန်းစာ (၁၄)ခုကို အခြေခံ၍ မေးမည်ဖြစ်ပြီး ကျောင်းသားအများစု ဖြေဆိုနိုင်မည့် လွယ်၊ သင့်၊ ခက် မေးခွန်းများ ပါဝင်မည် ဖြစ်သဖြင့် သင်ခန်းစာများကို ကျေညက်စွာ လေ့လာထားသော ကျောင်းသား၊ ကျောင်းသူအများစု ဖြေဆိုနိုင်မည့် မေးခွန်းပုံစံဖြစ်ပါသည်။

လက်ရှိမေးခွန်းပုံစံတွင် မေးခွန်း(၉)ပုဒ်ပါရှိသကဲ့သို့ ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံတွင်လည်း မေးခွန်း (၉)ပုဒ် ပါရှိမည် ဖြစ်ပါသည်။ မေးခွန်းတစ်ပုဒ်စီ အတွက် ပေးထားသော အမှတ်များကိုလည်း ပြောင်းလဲမည်မဟုတ်ပါ။

မေးခွန်းနံပါတ်(၁)ပုံစံကို ပြောင်းလဲမည်မဟုတ်ပါ။

မေးခွန်းနံပါတ်(၂)ကပြောင်းလဲမည်မဟုတ်ပါ။ သို့သော် ဖတ်စာအုပ်ပါ စာပိုဒ်တွင်ပါရှိသည့် ကွက်လပ်ဖြည့်ရာတွင် အသုံးပြုရမည့် စကားလုံး(၂၀)လုံး အစား စကားလုံး(၂၅)လုံး ပေးထားပါမည်။ စကားလုံးအရေအတွက် ပိုပေးထားသဖြင့် ယခင်ကထက် ပိုမိုစဉ်းစားပြီးမှ မှန်ကန်သော စကားလုံးများကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

မေးခွန်းနံပါတ်(၃)တွင် ပြောင်းလဲမှုရှိပါသည်။ ယခင်ကပြဌာန်းစာအုပ်တွင် ပါရှိသော အကြောင်းအရာကို မေးသည့် မေးခွန်း(၅)ခုနှင့် ကဗျာများမှ မေးခွန်း(၅)ခုပါသည့် ကွက်လပ်ဖြည့် မေးခွန်း(၁၀)ခု မေးပါသည်။ ယခုမေးခွန်းတွင် မေးခွန်းနံပါတ် (၃)(က)နှင့် ၃(ခ) ဟုခွဲ၍မေးပါမည်။ မေးခွန်းနံပါတ်(၃)(က)တွင်မေးခွန်း(၅)ပုဒ် မေးပါမည်။ ပြဌာန်းစာအုပ်တွင် ပါသော စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှုကို စစ်ဆေးရန် မေးခွန်းတစ်ပုဒ်စီတွင် ပြဌာန်းစာအုပ်မှ မဟုတ်သော ဝါကျတစ်ကြောင်းနှင့် ရွေးချယ်ရန် စကားလုံး(၃)လုံးကို ပေး၍ မှန်ကန်သော စကားလုံးကို ရွေးချယ်စေပါမည်။ အလွတ်ကျက်မှတ်မှု လျော့နည်းစေရန်နှင့် ဖတ်စာအုပ်ထဲရှိသော Vocabulary Section နှင့် စာပိုဒ်များရှိ စကားလုံးများကို နားလည်ပြီး ပြန်လည် အသုံးပြုတတ်စေရန် ဖြစ်ပါသည်။ မေးခွန်းနံပါတ်(၃)(ခ)တွင် ယခင်မေးခွန်းတွင် မေးသကဲ့သို့ ကဗျာစာကြောင်းများကို ကွက်လပ်ဖြည့် သည့် မေးခွန်း(၅)ပုဒ် မေးပါမည်။

မေးခွန်းနံပါတ်(၄)တွင် ပြောင်းလဲမှု အနည်းငယ်ရှိပါသည်။ မေးခွန်းအရေ အတွက်(၅)ပုဒ်မှာ ပြောင်းလဲမှုမရှိပါ။ ယခင် မေးခွန်းများတွင် ကဲ့သို့ နံပါတ်(၁)နှင့် (၂)တွင် ရွေးချယ်ရန် ပေးမထားပါ။နံပါတ်(၃)နှင့် (၄)တွင်လည်းWho said these words and to whom were they said? What does the underlined word refer to? From which unit are the following lines taken? စသည့် တသမတ်တည်းမေးသည့် မေးခွန်းပုံစံမျိုးမေးမည် မဟုတ်ပါ။ ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီး မေးခွန်းအမျိုးမျိုးကို ဖြေဆိုတတ်စေရန် မေးခွန်း(၄)ခု မေးမည်ဖြစ်ပါသည်။ နံပါတ်(၅)တွင် ယခင်အတိုင်း ကဗျာဆိုလိုရင်းကို မေးမည်ဖြစ်ပါသည်။

မေးခွန်းနံပါတ်(၅)တွင် ဖတ်စာအုပ်ထဲမှ မဟုတ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတို့၏ အဆင့်နှင့် ကိုက်ညီသော စာပိုဒ်တစ်ပိုဒ်(Unseen passage) ကိုပေးထားပြီး မေးခွန်း(၅)ခု ဖြေဆိုစေပါမည်။ ကျောင်းသား၊ကျောင်းသူတို့၏ စာဖတ်ပြီး နားလည်နိုင်စွမ်းကို အမှန်တကယ် စစ်ဆေးသည့် မေးခွန်းများဖြစ်ပါမည်။

မေးခွန်းနံပါတ်(၆)ပုံစံကိုပြောင်းလဲမည်မဟုတ်ပါ။

မေးခွန်းနံပါတ်(၇)(က)နှင့် (၇)(ခ) ပုံစံကိုပြောင်းလဲမည်မဟုတ်ပါ။

မေးခွန်းနံပါတ်(၈)ပုံစံကိုပြောင်းလဲမည်မဟုတ်ပါ။ သို့သော် ကျောင်းသား၊ ကျောင်းသူများ ပေးစာရေးသူနှင့် လက်ခံသူတို့ကို ရောထွေးမှုမရှိစေရန် ပေးစာ (၃)ပုဒ်အစားပေးစာ (၂)ပုဒ်ပေးထားပြီး မိမိနှစ်သက်ရာ တစ်ပုဒ်ကို ရေးသားရပါမည်။ စာလုံးရေ (၃၀၀)ထက် ပိုမရေးရန် ကန့်သတ်ထားပါမည်။ သို့သော် စာလုံးရေ အတိအကျ ရေးရန်မလိုပါ။ ကျောင်းသား၊ ကျောင်းသူများ မေးခွန်းနှင့် ဆီလျော်သော အကြောင်းအရာများကို လိုရင်းတိုရှင်း ကျစ်လစ်တိကျစွာ ကိုယ်ပိုင် အတွေးအခေါ်ဖြင့် ရေးသားနိုင်စေရန် ဖြစ်ပါသည်။

မေးခွန်းနံပါတ်(၉)ပုံစံကို ပြောင်းလဲမည်မဟုတ်ပါ။ ယခင် မေးခွန်းများအတိုင်း စာစီစာကုံးခေါင်းစဉ် (၃)ခု ပေးထားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတို့က မိမိတို့ ကြိုက်နှစ်သက်သည့် ခေါင်းစဉ် တစ်ခုရွေး၍ စာစီစာကုံး ရေးသားရပါမည်။ စာလုံးရေ (၅၀၀)ထက် ပိုမရေးရန် ကန့်သတ်ထားပါမည်။ သို့သော် စာလုံးရေ အတိမကျရေးရန်မလိုပါ။ ကျောင်းသား၊ ကျောင်းသူများ ‌ပေးထားသော ခေါင်းစဉ်နှင့် ကိုက်ညီသော အကြာင်းအရာများကို ကျစ်ကျစ်လစ်လစ် ထိထိမိမိရေးသား တတ်စေရန်နှင့် အလွတ်ကျက်မှတ်ပြီး မဆီလျော်သော အကြောင်းအရာများ ထည့်သွင်းရေးသားမှုကို လျော့နည်းစေရန် စာလုံးရေကန့်သတ်ခြင်းဖြစ်ပါသည်။

မေးခွန်းနံပါတ်(၈)နှင့်(၉)သည် ကျောင်းသား၊ ကျောင်းသူတို့၏ စိတ်ကူးစိတ်သန်းဖြင့် တွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ စဉ်းစားဝေဖန်နိုင်မှု၊ ဆုံးဖြတ်နိုင်မှုနှင့် မိမိတို့အမြင်ကို ထုတ်ဖော်ရေးသား နိုင်မှုတို့ကို အမှန်တကယ် စစ်ဆေးသော မေးခွန်းမျိုးဖြစ်ပါမည်။

ယခုပြောင်းလဲမည့် မေးခွန်းပုံစံကိုခြုံ၍ ကြည့်မည်ဆိုပါကကျောင်းသား၊ ကျောင်းသူတို့၏ အလွတ် ကျက်မှတ်မှုကို အားပေးသော မေးခွန်းပုံစံအစား၊ ၎င်းတို့၏ စဉ်းစားဆင်ခြင် တွေးခေါ်နိုင်မှုနှင့် ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆများကို တင်ပြနိုင်မှုကို ဦးစားပေးသော မေးခွန်းပုံစံဖြစ်စေရန် ပြောင်းလဲခြင်းသာ ဖြစ်ပါသည်။ အင်္ဂလိပ်စာတတ်ကျွမ်းမှုကို အမှန်တကယ် စစ်ဆေးသည့် မေးခွန်းပုံစံသို့ မေးခွန်းအားလုံးကို တစ်ပြိုင်နက်တည်း ပြောင်းလဲရန် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်သင့် မဖြစ်သေးသဖြင့် ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဤမေးခွန်းပုံစံကို ပြောင်းလဲခြင်း ဖြစ်ပါသည်။ အမှတ်ပေးစည်းမျဉ်းများကိုလည်း ကျောင်းသား၊ ကျောင်းသူတို့၏ ဖြေဆိုချက်များ ဆီလျော်မှုရှိ၊ မရှိကို ဦးစားပေး စစ်ဆေးသော စည်းမျဉ်းများအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲမည်ဖြစ်ပါသည်။ ထို့သို့ ပြောင်းလဲခြင်းဖြင့် ၂၀၂၃ခုနှစ်တွင် ပြဌာန်းစာအုပ်အသစ်ကို စတင်အသုံးပြုသည့် အချိန်၌ ကျောင်းသား၊ ကျောင်းသူတို့၏ စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ကြံဆနိုင်မှုနှင့် ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်မှုတို့ကို အပြည့်အဝ စစ်ဆေးသော မေးခွန်းများဖြစ်လာမည် ဖြစ်ပါသည်။

(နမူနာမေးခွန်းတည်ဆောက်ပုံ)

2019

MATRICULATION EXAMINATION

DEPARTMENT OF MYANMAR EXAMINATION

ENGLISH                                                           Time Allowed: (3) Hours

WRITE YOUR ANSWERS IN THE ANSWER BOOKLET.

ANSWER ALL QUESTIONS.

Read the passage.
ပြဌာန်းစာအုပ်တွင် ပါရှိသောသင်ခန်းစာ (၁၄)ခုထဲမှစာပိုဒ် တစ်ပိုဒ်ပေးထားပါမည်။

      (A)   Write the correct word or words to complete each sentence.                (5 marks)

ဝါကျ (၁)ခုစီတွင် ကွက်လပ်(၁)ခုစီပါသောဝါကျ (၅)ကြောင်းပေးထားပြီးကွက်လပ်များကိုစာပိုဒ်ပါ အချက်အလက်များဖြင့် မှန်ကန်စွာဖြည့်ပေးရပါမည်။

(B)    Answer each question in one sentence.                                                    (5 marks)

စာပိုဒ်ပေါ် အခြေခံသောမေးခွန်း(၅)ခုမေးထားပြီးတစ်ခုစီကိုဖြေဆိုရာတွင် စာကြောင်းတစ်ကြောင်းဖြင့် ပြည့်စုံစွာဖြေဆိုရပါမည်။

Fill in each numbered blank with a word from the list given. There are five extra words.                                                                   (10 marks)
      Write down only the number of the blank and the word that fills it.

ကွက်လပ် (၂၀)ပါသောပြဌာန်းစာအုပ်ပါ စာပိုဒ် (၁)ပိုဒ်ပေးထားပြီးဖြည့်ရမည့် စကားလုံး (၂၅)လုံးပေးထားပါမည်။ မှန်ကန်သောစကားလုံး (၂၀)ဖြင့် ကွက်လပ်ကိုဖြည့်ပေးရပါမည်။

III.(A) Choose the appropriate word(s)to complete the sentences.           (5 marks)

ပြဌာန်းစာအုပ်ရှိ Vocabulary Section နှင့် စာပိုဒ်များတွင် ပါဝင်သောစကားလုံးများဖြင့် တည်ဆောက်ထားသောဝါကျ (၅)ကြောင်းပေးထားပါမည်။ဝါကျတစ်ကြောင်းစီတွင် ရွေးချယ်စရာ (၃)ခုကို A, B, C ဖြင့်ပေးထားပြီးဝါကျကိုအဓိပ္ပါယ်ပြည့်စုံစေသည့်မှန်ကန်သောစကားလုံး(သို့မဟုတ်) စကားစုကိုရွေးချယ်ပေးရပါမည်။



III.(B)Write the appropriate words or groups of words to complete the lines of verse.                                                                                                             (5 marks)

ပြဌာန်းစာအုပ်ရှိကဗျာများထဲမှကွက်လပ်(၁)ခုစီပါဝင်သောမေးခွန်း(၅)ခုမေးပါမည်။ကဗျာစာကြောင်းများကိုပြည့်စုံအောင် မှန်ကန်သောစကားလုံးများဖြင့်ဖြည့်ပေးရပါမည်။

                                                                                 

Give complete answers to these questions.                                             (10 marks)
ပြဌာန်းစာအုပ်ပါ သင်ခန်းစာ(၁၄)ခုတွင်ပါရှိသောစာပိုဒ်များအပေါ် အခြေခံ၍ မေးခွန်း(၄)ပုဒ်ကိုမေးပါမည်။မေးခွန်းနံပါတ်(၅)တွင် ကဗျာများမှ ကောက်နုတ်ထားသောစာကြောင်း (၂)ကြောင်း၊ (၃)ကြောင်းပေးထားပြီးWhat do these lines mean?ဟုမေးပါမည်။ ကဗျာ၏ ဆိုလိုရင်းကိုတိကျမှန်ကန်စွာဖြေဆိုရပါမည်။



Read the passage.
ပြဌာန်းစာအုပ်တွင် မပါဝင်သောတက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူတို့အဆင့်နှင့် ကိုက်ညီသည့် စာပိုဒ် တစ်ပိုဒ် ပေးထားပါမည်။

         Answer these questions. Give complete answers.                                       (10 marks)

မေးခွန်း(၅)ခုမေးပါမည်။ စာပိုဒ်ကိုဖတ်ပြီးမေးခွန်းများကိုပြည့်စုံစွာဖြေဆိုရပါမည်။

Punctuate the following.                                (5 marks)
ပြဌာန်းစာအုပ်တွင် မပါသောစာကြောင်း(၅)ကြောင်းပေးထားပြီး ၎င်းစာကြောင်းများကို သင့်လျော်သော Punctuation Markများသုံး၍ ပြန်ရေးပေးရပါမည်။



VII.(A)      Finish each sentence in such a way that it means exactly the same as the sentence that is given.                                                                            (10 marks)

ဝါကျ(၁၀)ကြောင်းပေးထားပြီး ၎င်းဝါကျများကို အဓိပ္ပါယ်မပြောင်းစေပဲပေးထားသောဝါကျအစစကားလုံးများဖြင့် ပြည့်စုံစွာပြန်လည် ရေးသားဖြေဆိုရပါမည်။

Using the prompts given, write a very short paragraph on ONE of the following.                                                       (10 marks)ဖတ်စာအုပ်ပါ သင်ခန်းစာများကိုအခြေခံသောခေါင်းစဉ်(၂)ခုပေးထားပါမည်။ မိမိနှစ်သက်ရာခေါင်းစဉ်တစ်ခုကိုရွေးချယ်၍ ပေးထားသောအချက်အလက်များကိုအသုံးပြု၍ စာပိုဒ် တစ်ပိုဒ်ရေးသားရပါမည်။


VIII.          Letter Writing                                                                             (10 marks)

ရွေးချယ်ရန် ပေးစာ (၂)ခုပေးထားပါမည်။မိမိနှစ်သက်ရာပေးစာတစ်စောင်ကိုရွေး၍ စာလုံးရေ (၃၀၀) ထက်မပို သောပေးစာတစ်စောင်ရေးသားရပါမည်။

Essay Writing                                                                         (15 marks)
ရွေးချယ်ရန် စာစီစာကုံးခေါင်းစဉ် (၃)ခုပေးထားပါမည်။ မိမိနှစ်သက်ရာတစ်ခုကိုရွေး၍ စာလုံးရေ (၅၀၀) ထက်မပိုသောစာစီစာကုံးတစ်ပုဒ် ရေးသားရပါမည်။

မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ်



Date : 2 May, 2018

ဒေါက်တာအောင်မြင့်ဦး

ပါမောက္ခ ဌာနမှူး

မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

Ref>>http://www.moe-st.gov.mm/?p=5587

Download pdf (ရှင်းလင်းချက်)

Download pdf (မေးခွန်းပုံစံသစ်)

 ယခုဆောင်းပါးသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြမည့် ဆောင်းပါး ဖြစ်ပါသည်။

 ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာမေးခွန်းပုံစံသစ်သည် ကျောင်းသူကျောင်းသားတို့ သင်ခန်းစာက ိုနှုတ်တိုက် အလွတ်ကျက်မှတ်ခြင်းထက် သင်ယူလေ့လာ ဆည်းပူးထားသော သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှု၊ ကိုယ်ပိုင် ရေးသားတင်ပြမှု စွမ်းရည်တို့ဖြင့် ပေါင်းစပ်ကာ ဖြေဆိုနိုင်မည့် ပုံစံသို့ ဦးတည်ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲရာတွင် အလုံးစုံပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ ကျောင်းသူ ကျောင်းသားတို့၏ အားသာချက်အား နည်းချက်၊ ဆရာဆရာမများ၏ သင်ကြားမှုအတွေ့အကြုံ၊ စာစစ်အတွေ့အကြုံ၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝ၊ ဘာသာရပ် လိုအပ် ချက်တို့အပေါ် အစစအရာရာ ချိန်ထိုးကာ ကျောင်းသူကျောင်းသားများနှင့် ဘာသာရပ်တို့အတွက် အသင့်လျော်ဆုံးနှင့် ပိုမိုအကျိုးဖြစ် ထွန်းစေနိုင်မည့် အပိုင်းကဏ္ဍ အချို့ကိုသာ မွမ်းမံပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

 မေးခွန်းပုံစံသစ်ကို ပြောင်းလဲထားသော်လည်း ကျောင်းသူကျောင်းသားများ လေ့လာသင်ယူရမည့် ပြဋ္ဌာန်းချက်နှင့် သင်ခန်းစာတို့မှာ ပြောင်းလဲခြင်းမရှိပါ။ တက္ကသိုလ်ဝင်တန်း မြန်မာစာ ဘာသာရပ်အတွက် ပြဋ္ဌာန်းထားသည့် စာအုပ် ၄ အုပ် ရှိပါသည်။ ယင်းတို့မှာ-မြန်မာသဒ္ဒါအတွဲ(၂) အခန်း(၆)၊ မြန်မာကဗျာလက်ရွေးစင်၊ ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်နှင့် ရေသည်ပြဇာတ် တို့ဖြစ်ပါသည်။ စာစီစာကုံးမှာ ပြဋ္ဌာန်းစာအုပ် သတ်မှတ်မထားသော်လည်း ကျောင်းသူ ကျောင်းသားများ လေ့လာဆည်းပူးရမည့် သင်ခန်းစာ တစ်ခု အဖြစ် ပါဝင်ပါသည်။ ယခုမေးခွန်းပုံစံ သစ်တွင် စာစီစာကုံးနှင့်အတူ ကျောင်းသူကျောင်းသားတို့၏ ပင်ကိုဉာဏ်ရည  ်ဉာဏ်သွေးနှင့် အစွမ်းအစကို ဖော်ထုတ်ပြသနိုင်မည့် အဆိုဆွေးနွေးသည့် မေးခွန်းတစ်ပုဒ် ပါဝင်လာမည် ဖြစ်ပါသည်။

၂၀၁၉ တွင် ပြောင်းလဲအသုံးပြုမည့် မြန်မာစာမေးခွန်း ပုံစံသစ်ကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအထိ ကျင့်သုံးခဲ့သော မေးခွန်းပုံစံနှင့် မေးခွန်းနံပါတ် တစ်ခုစီအလိုက် ဆက်လက်ရှင်းလင်း တင်ပြသွားပါမည်။

ခွန်း နံပါတ် ၁ တွင် ယခင်ကမေးခွန်းပုဒ်ခွဲ (က)၊ (ခ)၊ (ဂ)၊ မေးခွန်းပုဒ်ခွဲ သုံးပုဒ်ပါဝင်ပြီး မေးခွန်းပုံစံသစ်တွင် မေးခွန်းပုဒ်ခွဲ (က) နှင့် (ခ) နှစ်ပုဒ်သာ ပါဝင်မည်ဖြစ်ပါသည်။ မေးခွန်းနံပါတ်၁။ (က) သဒ္ဒါ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်းကို ပြောင်းလဲခြင်း မပြုပါ။ သို့ရာတွင် ရွေးချယ်ရန်အတွက် ယခင်က ၅ ခုပေးသော်လည်း မေးခွန်းပုံစံသစ်တွင် ၃ ခုသာ မေးပါမည်။

 ယခင် မေးခွန်းနံပါတ်၁။ (ခ) သည် ပေးထားသော စကားလုံးများကို သဒ္ဒါအမျိုးအစား ဖော်ပြစေသော မေးခွန်း ဖြစ်ပါသည်။ ၆ ခုမေး၍ ၄ ခုဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၁။ (ဂ) တွင် ပေးထားသော စကားလုံးကို ဝါကျတွင် သုံးပြစေခြင်း ဖြစ်ပါသည်။ ၅ ခုမေးပြီး ၃ ခုဖြေဆို ရပါသည်။

 ပြောင်းလဲသည့် မေးခွန်းပုံစံသစ်တွင် မေးခွန်းနံပါတ် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရား နှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) တစ်ပုဒ်တည်းအဖြစ် သဒ္ဒါလက်တွေ့ လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်းနိုင်ရန် ပြောင်းလဲထားပါသည်။ မြန်မာသဒ္ဒါ ပြဋ္ဌာန်းချက်ပါ သင်ခန်းစာ အသီးသီးမှကျောင်းသူ ကျောင်းသားများ အမှန်တကယ် နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းမည်ဖြစ်ပါသည်။ ယခင်က ၁။ (ခ) သည် သဒ္ဒါစကားလုံးများ ပေးထားပြီး သဒ္ဒါအမျိုးအစားကို ဖော်ပြစေခြင်းဖြစ်သည်။ ၁။ (ဂ) သည် ပေးထားသော သဒ္ဒါစကားလုံးကို သဒ္ဒါမှန်စွာ ဝါကျဖွဲ့စေခြင်းဖြစ်သည်။ ပြောင်းလဲသည့် မေးခွန်းတွင် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရား နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ မြန်မာသဒ္ဒါကို ကောင်းစွာနားလည် သဘောပေါက်ပြီး ပြဋ္ဌာန်းစာပါ လေ့ကျင့်ခန်းများကို မှန်မှန်လေ့ကျင့်ထားပါက အလွတ်ကျက်မှတ်ရန်မလိုဘဲ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းပုံစံဖြစ်ပါသည်။

 ယခင်က ၁။ (ခ) ၄ မှတ်ပေးသည့် မေးခွန်းနှင့် ၁။ (ဂ) ၆မှတ်ပေးသည့် မေးခွန်း ပုဒ်ခွဲနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) ၁၀ မှတ်ပေးသည့် မေးခွန်းအဖြစ ်စုစည်းလိုက်သည့်အတွက် သဒ္ဒါစကားလုံးနှင့် သဒ္ဒါအမျိုးအစား မေးခွန်းသာမက သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ – ပေါင်းစပ်နာမ် စကားလုံး၊ ပေါင်းစပ်ကြိယာ စကားလုံး၊ ကြိယာဝိသေသန စကားလုံး ဖန်တီးရေးသား စေခြင်း)၊ ဝါကျတွင်း ပုဒ်အထားအသို ပြင်ဆင်ရေးဖွဲ့စေခြင်း၊ ပေးထားသော ဝါကျတွင် ဆီလျော်သော သဒ္ဒါစကားလုံး ဖြည့်စွက်ရေးသား စေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်မည်ဖြစ်ပါသည်။

 ၂၀၁၈ ခုနှစ်အထိ ကျင့်သုံးခဲ့သော မေးခွန်းနှင့် နှိုင်းယှဉ်ပါက မေးခွန်းပုံစံသစ်သည် ၁။ (ခ) သဒ္ဒါမေးခွန်းများတွင် သဒ္ဒါကို အလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါအကြောင်း နားလည် သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ရေးသား အသုံးပြုနိုင်သည့် မေးခွန်း မျိုးကို ပြောင်းလဲသွားမည်ဖြစ်ရာ ကျောင်းသူကျောင်းသားများ လက်တွေ့ဘဝတွင် မြန်မာစာမှန်ကန်စွာ ရေးသားအသုံးပြု နိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

 မေးခွန်း နံပါတ် ၂တွင် မေးခွန်းပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။ ပုဒ်ရေ အရေအတွက် အပြောင်းအလဲမရှိပါ။ မေးခွန်းနံပါတ်၂။ (က) သည် ခက်ဆစ် ဖွင့်ဆိုခိုင်းခြင်းဖြစ်ပါသည်။ မေးခွန်း ပုံစံအပြောင်းအလဲ မရှိသော်လည်း ရွေးချယ်ရန် ပေးသည့် စကားလုံး ၈ ခုအစား   စကားလုံး ၇ ခု ပြောင်းလဲပါမည်။ ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ် ပြဋ္ဌာန်းစာအုပ်များတွင် အနက်ဖွင့်ဆို ပေးထားသော ဝေါဟာရများ၏ အနက်အဓိပ္ပာယ်ကို သိရှိခြင်း ရှိမရှိ စစ်ဆေးသည့် မေးခွန်း ဖြစ်ပါသည်။

 မေးခွန်းနံပါတ်၂။ (ခ) တွင် လက်ရှိ စစ်မေးလျက်ရှိသော ပုံစံမှာ ပေးထားသည့် ဝေါဟာရကို ဝါကျအသီးသီးတွင် အသုံးပြုစေခြင်း ဖြစ်ပါသည်။ အဆိုပါ မေးခွန်းအစား လက်ရှိတွင် ကျောင်းသား ကျောင်းသူများ၏ အားနည်းချက်ဖြစ်နေသည့် စာလုံးပေါင်း သတ်ပုံ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် အမှားအမှန် စကားလုံးအတွဲတွင် စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်စေခြင်းကို ပြောင်းလဲ စစ်မေးပါမည်။ မြန်မာစာအရေးအသား အခြေခံတွင် စာလုံးပေါင်း သတ်ပုံ မှန်ကန်ရေးသည် အဓိကကျသည့် အလျောက် ဤမေးခွန်းသည် မြန်မာစာ အခြေခံ မှန်ကန်ရေးအတွက် လေ့ကျင့်ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။ စာလုံးပေါင်း သတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ ဝေါဟာရများကို အခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသူ ကျောင်းသားတို့ သိသင့်သိထိုက်သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေးမည် ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ အနေဖြင့် မြန်မာ ဝေါဟာရများ၏ စာလုံးပေါင်း အမှန်ကို ဂရုတစိုက် မှတ်သားထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန် မလိုဘဲ မှန်ကန်စွာ ဖြေဆိုနိုင်မည့် မေးခွန်းမျိုး ဖြစ်ပါသည်။

 မေးခွန်းနံပါတ်၂။ (ဂ) သည် အလင်္ကာ မေးခြင်း ဖြစ်ပါသည်။ လက်ရှိမေးနေသည့် အလင်္ကာမေးခွန်းတွင် ဝေါဟာရများကို အလင်္ကာအမျိုး အမည် ဖော်ပြလျက် ပေးထားပြီး သက်ဆိုင်ရာ သင်ခန်းစာတွင် မည်သို့သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာ မြောက်ကြောင်း မေးပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် အလင်္ကာအမျိုးအမည်ကို မဖော်ပြတော့ဘဲ ပေးထားသော ဝေါဟာရ အသုံးအနှုန်းကို အလင်္ကာအမျိုးအစား ဖော်ပြစေခြင်းနှင့် အဘယ့်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်းတို့ကို မေးမြန်းပါမည်။ ဖြေဆိုရာတွင ်ပုံစံတစ်မျိုးမျိုးကို သတ်မှတ်ဖြေဆိုစေခြင်းထက် ကျောင်းသူကျောင်းသားတို့၏ အမှန်တကယ် နားလည်ဖြေဆိုနိုင်သည့် ဖြေဆိုချက်အပေါ်တွင်သာ အကဲဖြတ်အမှတ်ပေးသွားမည် ဖြစ်ပါသည်။ ပေးထားသော ဝေါဟာရ အရေအတွက် ကိုလည်း ၈ ခုမှ ၇ ခုသို့ ပြောင်းလဲသတ်မှတ် ထားပါသည်။

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရ မေးခွန်း နံပါတ် ၂ ဝေါဟာရများကို လေ့လာရာတွင် ပြဋ္ဌာန်းစာအုပ်များမှဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို သိရှိစေခြင်း၊ မြန်မာဝေါဟာရတို့၏ စာလုံးပေါင်း သတ်ပုံမှန်ကန်မှုကို အလေးထားလာစေခြင်း၊ အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝ နားလည်သဘောပေါက်စွာ ဖြေဆိုနိုင်မှုကို ဦးတည်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

မေးခွန်း နံပါတ် ၃တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။

နံပါတ်၃။ (က)မှာ ကဗျာမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲ မရှိသော်လည်း မေးမည့် မေးခွန်းကို ပိုမိုကျယ်ပြန့်စေရန် ပြင်ဆင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက် အတိုကို ပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး တိုးချဲ့မေးမြန်း သွားမည် ဖြစ်ပါသည်။ ဖြေဆိုရန် မေးထားသည့် ပုဒ်ရေအရေအတွက်ကို ၈ ပုဒ်မှ ၇ ပုဒ်သို့ ပြောင်းလဲသတ်မှတ် ပါသည်။ ကဗျာမေးခွန်းတိုများကို မေးခွန်းပိုမို ကျယ်ပြန့်လာစေခြင်းဖြင့် ကျောင်းသူ ကျောင်းသား များ၏ ကဗျာလေ့လာမှုကိုလည်း ပိုမိုကျယ်ပြန့် လာစေမည် ဖြစ်ပါသည်။ ရွေးချယ်ရန် ပုဒ်ရေကို လျှော့ခြင်းဖြင့် ကျောင်းသူ ကျောင်းသားများ ပိုမိုကြိုးစားလိုစိတ် ဖြစ်လာစေပါမည်။ နံပါတ်၃။ (ခ) ကဗျာမေးခွန်းရှည် ဖြစ်ပါသည်။ အပြောင်းအလဲမရှိပါ။ ဤမေးခွန်းသည် ကျောင်းသူ ကျောင်းသ ူများ၏ လေ့လာ ကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင် အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။

မေးခွန်း နံပါတ် ၄တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။

နံပါတ်၄။ (က)မှာ စကားပြေမေးခွန်းတိုဖြစ်ပါသည်။ မေးခွန်းပုံစံလည်း အပြောင်းအလဲမရှိပါ။ သို့ရာတွင် ဖြေဆိုရန် မေးထားသည့် ပုဒ်ရေအရေအတွက်ကို ၈ ပုဒ်မှ ၇ ပုဒ်သို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။ မေးခွန်းနံပါတ်၄။ (ခ)သည် စကားပြေ မေးခွန်း ရှည်ဖြစ်ပါသည်။ အပြောင်း အလဲမရှိပါ။ စကားပြေမေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသူ ကျောင်းသူများ ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့်မေးခွန်းနှင့် အံဝင် ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်သည့်မေးခွန်းဖြစ်ပါသည်။

မေးခွန်းနံပါတ် ၅ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။ နံပါတ်၅။ (က)သည် ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါသည်။ ယခင်၇ မှတ်ပေးသည့် မေးခွန်းပုံစံအစား ၅မှတ်ပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲ သတ်မှတ် ထားပါသည်။ ဖြေဆိုရာတွင် စကားစပ်ဆိုင်ရာ အချက် ၆ ချက်အတွက် ၃ မှတ်၊ ဆိုလိုရင်းကို ရှင်းလင်းရေးသား ဖြေဆိုခြင်း အတွက် ၂ မှတ်သတ်မှတ်ထားရာ ဖြေဆိုရသည့် အချက်အလက်နှင့် အမှတ်ခွဲဝေမှုမှာ ပိုမိုရှင်းလင်း ပြတ်သားလာမည် ဖြစ်ပါသည်။

မေးခွန်း နံပါတ်၅။ (ခ)သည် ရေသည်ပြဇာတ် မေးခွန်းရှည်ဖြစ်ပါသည်။ လက်ရှိမေးခွန်းတွင် အကြောင်းအရာပိုင်းကိုသာ မေးပြီး ပေးမှတ်မှာ ၈ မှတ်ဖြစ်ပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် ပြဇာတ် အကြောင်းအရာ တစ်ပုဒ်နှင့် ပြဇာတ်အတတ်ပညာ၊ အရေးအသားတစ်ပုဒ်မေးမြန်းပြီး နှစ်သက်ရာကို ရွေးချယ်ဖြေဆိုစေမည် ဖြစ်ပါသည်။ ပေးမှတ်ကိုလည်း ၈ မှတ်အစား ၁၀ မှတ်သို့ ပြောင်းလဲသတ်မှတ်ပါမည်။ ကျောင်းသူကျောင်းသားများသည် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏ အရေးအသား အတင်အပြနှင့် ပြဇာတ်ဖန်တီးမှု အတတ်ပညာတို့ကိုလည်း မလွဲမ သွေလေ့လာဆည်းပူး သင့်သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့ကိုလည်း ပြဇာတ်မေးခွန်းတွင် ထည့်သွင်း မေးမြန်းသွားမည် ဖြစ်ပါသည်။

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရမေးခွန်းနံပါတ် ၅ (ခ) ရေသည်ပြဇာတ် မေးခွန်းရှည်တွင် ပြဇာတ်၏ အကြောင်းအရာသာမက ပြဇာတ်စာပေ၏ သဘောလက္ခဏာများ၊ ပြဇာတ်ဖန်တီးမှု အတတ်ပညာများကို ကျောင်းသူကျောင်းသားများ ပိုမိုနားလည် သိရှိလာစေမည်ဖြစ်ပြီး ပြဇာတ်လေ့လာရာတွင် ပိုမို စိတ်ဝင်စားလာမည် ဖြစ်ပါသည်။ ရေသည်ပြဇာတ်မေးခွန်းရှည်၏ သဘော သဘာဝသည်လည်း ကဗျာမေးခွန်းရှည်နှင့် စကားပြေမေးခွန်းရှည်တို့ ကဲ့သို့ပင် လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ်မည် ဖြစ်ပါသည်။

မေးခွန်း နံပါတ် ၆ သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာဖြေဆိုရသည့်မေးခွန်း ဖြစ်ပါသည်။ ပေးမှတ်မှာအမှတ် ၂၀ ဖြစ်ပါသည်။ ၃ ပုဒ်မေး၍ ၁ ပုဒ်ဖြေဆိုရပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် ၆ ကို (က) နှင့် (ခ) ခွဲ၍ မေးခွန်း ပုဒ်ခွဲနှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆။ (က) ကို ၁၀ မှတ်ပေးသည့် စာစီစာကုံး မေးခွန်းအဖြစ် လည်းကောင်း၊ ၆။ (ခ) ကို အဆိုတစ်ခုဆွေးနွေးစေသည့် ၁၀မှတ်ပေးသော မေးခွန်းအဖြစ်လည်းကောင်း ပြောင်းလဲ ထားပါသည်။

ယခင်ကနံပါတ် ၆ စာစီစာကုံးမေးခွန်းတွင် ၃ ပုဒ်ပေး ၁ ပုဒ်ဖြေ သတ်မှတ်ခဲ့သော်လည်း ယခုပြောင်းလဲထားသည့် မေးခွန်းပုံစံ ၆။ (က) တွင် ၂ ပုဒ်ပေး ၁ပုဒ်ဖြေ အဖြစ်လည်းကောင်း၊ ပုံကြမ်းအချက်အလက်ကို ယခုပုံစံတွင် အချက် ၅ ချက်သာပေး၍ အချက်တစ်ချက် ၂ မှတ်နှုန်းဖြင့် ဖြေဆိုစေရန်လည်းကောင်း၊ စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့လည်းကောင်း ပြောင်းလဲ သတ်မှတ်ပါသည်။ မေးထားသည့် ပုံကြမ်း အချက်အလက်များကို မိမိ၏ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့် ရေးသားဖြေဆို ရမည် ဖြစ်ပါသည်။ ပုံကြမ်းအချက်အလက်ကို အခြေခံကာ မိမိစိတ်ကူးစိတ်သန်းဖြင့် ရေးသားရမည် ဖြစ်ရာ ပုံကြမ်းအချက် အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ် ဖြေဆိုပါက အမှတ်မရရှိနိုင်သည့် ပုံစံသို့ ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ပေးထားသည့်စာစီစာကုံး နှစ်ပုဒ်တွင် သရုပ်ဖော်နှင့် ဖြစ်စဉ်ပြ ရေးနည်းကို အခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်နှင့် ကြောင်းကျိုးပြနှင့်ဖွင့်ဆိုရှင်းပြ ရေးနည်းကို အခြေခံသည့်ခေါင်စဉ်တစ်ပုဒ်ကိုမျှ၍ပေးထားမည်ဖြစ်ပါသည်။

 ၆။ (ခ) သည်အသစ်ဖြည့်စွက်ထည့်သွင်းထားသောမေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကို ဆွေးနွေးစေသော မေးခွန်းသည် ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင် စဉ်းစားဉာဏ် အတွေးအခေါ်၊ ပင်ကိုအရည်အသွေး ဖော်ထုတ်ပြသ နိုင်သော မေးခွန်းပုံစံ ဖြစ်ပါသည်။ ဖြေဆိုရာတွင် စာဟန်အရေးအသားဖြင့်သာ ဆွေးနွေး တင်ပြကာဖြေဆို ရမည်ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူး စိတ်သန်းကောင်းလျှင် ကောင်းသလောက်၊ အရေးအသား အတင်အပြ ကောင်းလျှင် ကောင်းသလောက် အမှတ်ရရှိနိုင်မည့် မေးခွန်း ဖြစ်ပါသည်။ ပေးထားသော အဆိုမှာလည်း ကျောင်းသူကျောင်းသား အားလုံး ရင်းနှီးကျွမ်းဝင် မည့်ယေဘုယျကျသော အဆိုမျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ သာဓကအားဖြင့်- “နွေရာသီသည် ဆောင်းရာ သီထက်ပို၍သာယာလှပသည်” ၊ “ကွန်ပျူတာကို အလွန်အကျွံအသုံးပြုခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်” ၊ “ရေဒီယိုနားထောင် ခြင်းသည် သတင်းစာဖတ်ခြင်းထက်ပို၍ အကျိုးရှိသည်”စသည့် အကြောင်းအရာမျိုး ဖြစ်ပါသည်။ အဆိုကိုမှန်သည်မှားသည် အဆုံးဖြတ်ပေးစေခြင်းမျိုး မဟုတ်ဘဲ မိမိအမြင်အတိုင်း၊ မိမိထင်မြင် ယူဆချက်အတိုင်း ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ ဖြစ်စေ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးတင်ပြရန် ဖြစ်ပါသည်။

ယခင်နံပါတ် ၆ စာစီစာကုံး မေးခွန်းသည်အမှတ် ၂၀ ပေးထားရာ ပေးမှတ်များပြား သည့်အလျောက် စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ကွာဟချက်ကို ကြီးမားစေပါသည်။ ထို့ပြင်ကျောင်းသူကျောင်းသားများ အနေဖြင့် ကိုယ်ပိုင်ရေးသားတင်ပြမှုထက် အလွတ်ကျက် မှတ်မှုကိုသာ အားပြုဖြေဆိုလျက်ရှိကြပါသည်။ ပေးထားသော ပုံကြမ်းအချက်အလက်နှင့် ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ အလွတ်ကျက်မှတ်ထားသည်ကို များများရေးနိုင်လျှင် အမှတ်များများရနိုင်သည် ဟု ထင်မြင်ယူဆလျက် ရှိကြသည့်အလျောက် ဤမေးခွန်းပုံစံသည် ကျောင်းသူကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုရန် အားသန်သည့် မေးခွန်းပုံစံဖြစ်နေပါသည်။ ဤမေးခွန်း ပုံစံကို လျှော့ချ၍ပုံကြမ်းပါအချက်အလက် ၅ ချက်ကိုသာ အခြေခံပြီး ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အတင်အပြဖြင့် တိတိ ကျကျဖြေဆိုနိုင်မည့် စာစီစာကုံးမေးခွန်းနှင့် ကျောင်းသူကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းဖြင့် ဖြေဆိုနိုင်မည့် အဆိုဆွေးနွေးသည့် မေးခွန်းကို ဖြည့်စွက်လိုက်ခြင်းဖြင့်ကျောင်းသူကျောင်းသားတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

ယခုပြောင်းလဲအသုံးပြုမည့်မေးခွန်းပုံစံသည်အလွတ်ကျက်မှတ်သည့်မေးခွန်းပုံစံထက်ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အတွေးအခေါ် နှင့်တစ်နှစ်ပတ်လုံးပုံမှန်လေ့လာသင်ယူလေ့ကျင့်မှုအပေါ်တွင်အားပြုဖြေဆိုနိုင်မည့်မေးခွန်းပုံစံသို့ ပြောင်းလဲ ထားပါသည်။ ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာရပ်ကိုကောင်းစွာနားလည်သဘောပေါက်ပြီး မှန်ကန်စွာလက်တွေ့ရေးသား အသုံးပြုနိုင်သည့်မေးခွန်းပုံစံသို့ပြောင်းလဲထားသည့်အလျောက်ကျောင်းသူကျောင်းသားများ လက်တွေ့ဘဝတွင် မြန်မာစာမှန်ကန်စွာ ရေးသား အသုံးပြုနိုင်မှုအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

ယခုမေးခွန်းပုံစံတွင် ကျောင်းသူကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုနိုင်မည့်ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း၊ ကျောင်းသူ ကျောင်းသားများ တစ်နှစ်ပတ်လုံး လေ့လာဆည်းပူးမှုမှရရှိထားသည့်မြန်မာစာဆိုင်ရာအသိပညာနှင့်ကိုယ်ပိုင်တွေးခေါ်စဉ်းစားမှု၊ ကိုယ်ပိုင်အရေးအသားအတင်အပြစွမ်းရည်တို့ဖြင့်ဖြေဆိုရမည့်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတို့ဖြင့်အချိုးညီမျှစွာဖွဲ့စည်းထားပါသည်။

ပြောင်းလဲ အသုံးပြုမည့် မေးခွန်းပုံစံသစ်သည် ယခင်အသုံးပြုခဲ့သည့်မေးခွန်းပုံစံ၏အားသာချက်အားနည်းချက်များ၊ ကျောင်းသူ ကျောင်းသားတို့၏ အားသာချက်အားနည်းချက်များ၊ သင်ကြား ပို့ချလျက်ရှိကြသည့်ဆရာဆရာမတို့၏ ထိရောက်စွာသင်ကြားနိုင်ရေး၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝနှင့်အနှစ်သာရ၊ စစ်ဆေးအကဲဖြတ်ရာတွင် ကျောင်းသူကျောင်းသားတို့နစ်နာမှုမရှိစေရေး စသည့်ဘက်ပေါင်းစုံမှလေ့လာသုံးသပ်ကာပြုပြင်ပြောင်းလဲထားခြင်းဖြစ်ရာလေ့လာသင်ယူလျက်ရှိသည့်ကျောင်းသူကျောင်းသားများ၊ သင်ကြားသည့် ဆရာဆရာမများ အတွက်အကျိုးဖြစ်ထွန်းစေမည်သာမကစစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ခွဲဝေမှုစနစ် ပို၍ရှင်းလင်း ပြတ်သားတိကျမှုရှိလာမည်ဖြစ်ပါသည်။ ထို့ပြင်ကျောင်းသူကျောင်းသားများ၏ စဉ်းစား တွေးခေါ် နိုင်စွမ်းထက်မြက်လာမှု ၊ မြန်မာစာ ထိရောက်မှန်ကန်စွာ ရေးသားအသုံးချနိုင်မှုစသည့်လက်တွေ့ ဘဝအတွက် ပိုမိုအသုံးဝင်မည့် သင်ကြားသင်ယူမှု အခြေအနေများ တိုးတက်ဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

REDATAM databases to SPSS


REDATAM is a software designed to distribute and process census microdata. It is produced by ECLAC and was adopted by a large number of Latin American countries to publish data from their censuses. This application is distributed in conjunction with the data and allows users to perform queries and data crossings in aggregate without the need for other statistical packages (SPSS, STATA, R) or greater technical knowledge.

The problem

REDATAM, by design, does not give access to microdata, but allows aggregate queries of data. This is not adequate when you want to do statistical calculations to account for relations between variables: correlations, regressions, clusters and the like. As a consequence, REDATAM is very practical to perform descriptive analysis, and very laborious for other tasks.

More detail>>https://idiscontinuos.wordpress.com/2015/03/21/convirtiendo-bases-redatam-a-spss/

Myanmar Census 2014