NO Genocide in Myanmar


ဒီဇင်ဘာ ၂၆။            ။ မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မရှိဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီရှီရို မာရုယာမာ (H.E. Mr. Ichiro Maruyama) က ပြောသည်။
ဂျပန်သံအမတ်ကြီး  နေအိမ်တွင် ယနေ့ ပြုလုပ်သည့်  အိုင်စီဂျေ (ICJ) အရေး နှင့် ရခိုင်အရေး သတင်းစာရှင်းလင်းပွဲတွင် ဂျပန်အစိုးရ၏ ရပ်တည်ချက်အား ပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။
ဂျီနိုဆိုက်မရှိသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနိုင်ကြောင်း ပြောသည်။ ထိုသို့ လူ့အခွင့်အရေး ချိုးဖေါက်မှုများအား  မြန်မာအစိုးရမှ ဖွဲ့စည်းထားသည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) မှ စုံစမ်းတွေ့ရှိလျှင် အရေးယူဖို့ အရေးကြီးကြောင်း ပြောသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောထားသည့်အတိုင်း လူ့အခွင့်အရေး ချိုးဖေါက် မှုများအား တွေ့ရှိလျှင် အရေးယူမည်ဆိုသည်ကို ဂျပန်အစိုးရ အနေဖြင့် ယုံကြည်ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက်ဖြေရှင်းခဲ့သည့် အတွက် ဂျပန်အစိုးရအနေနဲ့ချီးကျူး ကြောင်းပြောကြားသည်။  
အိုင်စီဂျေ (အပြည်ပြည်ဆိုင်ရာတရားရုံး) မှ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင်ဆောင်ရွက်ချက် (Provisional Measure) အား မဆုံးဖြတ်ဖို့ရန် နှင့် မချမှတ်ဖို့ရန် မိမိအနေဖြင့် နေ့စဉ် ဆုတောင်းနေကြောင်း ၊ ထိုသို့ဆုံးဖြတ်ချက် မချအောင်လည်း ဂျပန်အစိုးရ အနေဖြင့် ကူညီသွားမည်ဖြစ်သည်ဟု ပြောသည်။

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ


ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ (Standardized Health Messages) -  စံပြု app
https://play.google.com/store/apps/details?id=com.cmkk.shm

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ဝေခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်ထဲက အချက်အလက်တွေကို လူအများ လက်လှမ်းမီ​စေဖို့ application အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။

- ပါဝင်တဲ့ အချက်အလက်တွေကိုခေါင်းစဉ်တွေနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့ စာအုပ်ဖတ်ရတာနဲ့မတူဘဲ အချက်အလက်တွေကို လွယ်လွယ်ကူကူနဲ့ အချိန်မြန်မြန် သိနိုင်ပါတယ်။
- သိချင်တဲ့ အချက်ကို search box နဲ့ အမြန် ရှာဖွေနိုင်ပါတယ်။
- အချက်အလက်အသစ်ထွက်ရှိရင်လည်း ချက်ချင်းရရှိနိုင်ပါတယ်။
- ကျန်းမာရေးဝန်ထမ်းတွေတင်မက အများပြည်သူလည်း မှန်ကန်တဲ့ ကျန်းမာရေး အချက်အလက်တွေကို ရရှိမှာ ဖြစ်ပါတယ်။

- website version ကို ဒီမှာကြည့်နိုင်ပါတယ်။
https://myanmarhealth.info/

- မူရင်းစာအုပ်ကို ဒီမှာ

https://goo.gl/yvrSYQ
download လုပ်နိုင်ပါတယ်။

Thank you Ko Thet Aung, Ko Nyein Chan Ko Ko and team.

ရန်ကုန်တက္ကသိုလ်ရာပြည့်


ရန်ကုန်တက္ကသိုလ်နောက်ခံမြန်မာရုပ်ရှင်ဇာတ်ကားများကို ည(၉)နာရီ နောက်ပိုင်းတွင် ထုတ်လွှင့်ပြသမည်