// //]]>

ဓမ္မစကြာသုတ္တံ ပါဠိ မြန်မာ အင်္ဂလိပ် သုံးဘာသာ


 


Pali Myanmar English



ဓမ္မစကြာသုတ္တံ ပါဠိ မြန်မာ အင်္ဂလိပ် သုံးဘာသာ


Dhammacakka Pawattana Sutta Pali Myanmar English


(Setting in Motion the Wheel of Truth)


* ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ။

   မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။

* သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော။

   စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။

* နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

   သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။


-ဓမ္မစကြာအမွှန်း-


နတ်လူတို့၏ကိုးကွယ်ရာ ဖြစ်သော သစ္စာလေးပါးကို သိတော် မူသော မြတ်စွာဘုရားကို၊ သဟမ္ပတိ အမည်ရှိသော ဗြဟ္မာမင်းသည်၊ တရားဟောစိမ့်သောငှါ တောင်းပန်အပ်သည် ဖြစ်၍၊ ဣသိပတန အမည်ရှိသော သားသမင်တို့အား ဘေးမဲ့ ပေးရာ မိဂဒါဝုန်တော၌၊ ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော၊ ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ ရှင်ရဟန်းတို့အား၊ နိဗ္ဗာန်သို့ ရောက်စေနိုင်သော ဓမ္မစကြာ တရားတော်ကို ဟောတော် မူလေပြီ။ ခပ်သိမ်းကုန်သော နတ် ဗြဟ္မာတို့သည်၊ နှစ်လိုအပ် သော ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုပ္ပန် သံသရာ စည်းစိမ်ကို ပြီးစေတတ်သော၊ ထိုဓမ္မစကြာ တရားတော်ကို၊ လောက၏ အစီးအပွားအကျိုးငှါ၊ အို သူတော်ကောင်း အပေါင်းတို့၊ ငါတို့သည် ညီညာဖြဖြ ရွတ်ဆိုကြပါကုန်စို့...


( နိဒါန်း )


ဧဝံ မေ သုတံ-

ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ။


(နိဒါန်း)


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ ''သီတင်းသုံး'' နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ''ဓမ္မစကြာ တရား'' ဟောကြားတော်မူလေသည်။


At one time the Buddha was dwelling at the deer park, in Migadavana forest, Isipatana (Now=Sarnath) near Varanasi. Then the Buddha addressed the group of five Disciples (Panca Vaggl).


( မမှီဝဲသင့်သော အဖို့အစွန်း ၂-ပါး )


ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။


ကတမေ ဒွေ-

ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။


( မမှီဝဲသင့်သော အဖို့အစွန်း ၂-ပါး )

ယုတ်ညံ့၍ ရွာသူတို့၏အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့ အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ် ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စား အားထုတ်ခြင်း လည်းကောင်း၊ ကိုယ်စိတ်၏ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏အကျင့်မဟုတ်သော အကျိုး စီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်း လည်းကောင်း ဤနှစ်ပါးတို့တည်း။


There are two extremes; devotion to the attractive sense of pleasures is one extreme. It is the low practice of villagers. It is not the noble practice of Ariyas. There is another extreme. It is the devotion to self-torment which is suffering. This practice of severe austerity measures brings forth only bodily suffering, it is not the noble practice of Ariyas. It has no connection whatever with the profit of the discipline of Sila, Samadhi and Panna, the observance of which will bring forth Nibbana.

O Bhikkhus, for the person who has already given up the world should not follow those two extremes.


( မဇ္ဈိမ ပဋိပဒါနှင့် ယင်း၏အကျိုး )


ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။


( မဇ္ဈိမ ပဋိပဒါနှင့် ယင်း၏အကျိုး )


ရဟန်းတို့ ဤအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သောဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ် ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှာ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှာဖြစ်၏၊ သစ္စာလေးပါးကို သိရန်အလို့ငှာဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှာ ဖြစ်၏။


O Bhikkhus! Avoiding both these extremes, the Buddha has realized the Middle Path: It produces vision, it produces knowledge, and it leads to tranquility, to higher knowledge to enlightenment, to Nibbana.


ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ၊


အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။


သေယျထိဒံ-

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော

သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။


ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော် မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော ကိလေသာငြိမ်းခြင်းငှာ ထူးသောဉာဏ်ဖြင့် သိခြင်းငှာ သစ္စာလေးပါးကို သိခြင်းငှာ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းငှာဖြစ်သော ထို အလယ်အလတ်ဖြစ်သော မြတ်သော အကျင့်ကား အဘယ်နည်း အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ် ပင်တည်း။


ဤသည်ကား အဘယ်နည်း-

မှန်ကန်သော အမြင် 'သမ္မာဒိဋ္ဌိ'၊ မှန်ကန်သော ကြံစည်မှု 'သမ္မသင်္ကပ္ပ'၊ မှန်ကန်သော စကား 'သမ္မာဝါစာ'၊ မှန်ကန်သော အလုပ် 'သမ္မာကမ္မန္တ'၊ မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'တို့တည်း။


What is that Middle Path, O Bhikkhus, that the Buddha has fully understood? It gives vision, it gives knowledge, and it leads to tranquility, to higher knowledge, to enlightenment, to Nibbana. It is simply the Noble Eightfold Path itself. They are namely Right Understanding, Right Thinking, Right Speech, Right Action, Right livelihood, Right Effort, Right Mindfulness, and Right Concentration.


အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊


ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော် မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော ဤမြတ်သော အကျင့် သည် ကိလေသာငြိမ်းရန် အလို့ငှာ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှာ ဖြစ်၏၊ သစ္စာလေးပါးကို သိရန် အလို့ငှာဖြစ်၏၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် အလို့ငှာဖြစ်၏။


O Bhikkhus, This is the Noble Path realized by the Buddha, which gives vision, which gives knowledge, and which leads to calm, to higher knowledge, to enlightenment and to Nibbana.


ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။


ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း ဆင်းရဲကုန်၏။


This is, O Bhikkhus, the Noble Truth of Suffering (Dukkha Sacca); Birth is suffering, Ageing is suffering, sickness is suffering, Death is suffering, Association with the unloved one is suffering, separation from the beloved one is suffering, Not to get what one desires is suffering. In brief, the five aggregates of attachment are suffering.


( သမုဒယသစ္စာ )


ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာ ဘိနန္ဒိနီ။


သေယျထိဒံ- ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။


( သမုဒယသစ္စာ )


ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင် တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တတ်မက်ခြင်းနှင့် တကွဖြစ်၏၊ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏။


ထိုတပ်မက်မှုတဏှာသည် အဘယ်နည်း၊ ကာမ၌ တပ်မက်မှု 'ကာမတဏှာ'၊ သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သော တပ်မက်မှု 'ဘဝတဏှာ'၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွ ဖြစ်သော တပ်မက်မှု 'ဝိဘဝတဏှာ'တို့တည်း။


This is, O Bhikkhus, the Noble Truth of the Cause of suffering (Samudaya Sacca); it is this craving which produced rebirth, bound up with pleasure and greed. It finds fresh delight now here and there, namely craving for sense pleasure, craving for existence and craving for non-existence.


( နိရောဓသစ္စာ )


ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။


( နိရောဓသစ္စာ )


ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ချုပ်ရာဖြစ်သော အရိယာ တို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာ ဟူသည် ထိုတပ်မက်မှု 'တဏှာ'၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက်ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာဖြစ်၏။


This is, O Bhikkhus, the Noble Truth of the Cessation of Suffering (Nirodha Sacca); It is complete Cessation of craving, giving it up, renouncing it, release from it, detachment from it.


( မဂ္ဂသစ္စာ )


ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။


သေယျထိဒံ-

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော

သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။


( မဂ္ဂသစ္စာ )


ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ချုပ်ရာ 'နိဗ္ဗာန်'ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယာမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသည်ကား မှန်ကန်သော အမြင်'သမ္မာဒိဋ္ဌိ'၊ မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊ မှန်ကန်သော စကား 'သမ္မာဝါစာ'၊ မှန်ကန်သော အလုပ် 'သမ္မာကမ္မန္တ'၊ မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ' တို့တည်း။


This is, O Bhikkhus, the Noble Truth of the Path leading to the Cessation of Suffering (Magga Sacca); It is simply the Noble Eight fold Path, namely; Right Understanding, Right Thinking, Right Speech, Right Action, Right Livelihood, Right Effort, Right Mindfulness, Right Concentration.


( ဒုက္ခသစ္စာ၌ သစ္စဉာဏ် )


''ဣဒံ ဒုက္ခံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( ဒုက္ခသစ္စာ၌ သစ္စဉာဏ် )


ရဟန်းတို့ ''ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူး ကုန်သော ဒုက္ခသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိ သည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of Suffering. Thus, O Bhikkhus, concerning things unheard before: there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( ဒုက္ခသစ္စာ၌ ကိစ္စဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( ဒုက္ခသစ္စာ၌ ကိစ္စဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ကို ပိုင်းခြား၍ သိထိုက်၏''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of Suffering which should be fully understood. Thus, O Bhikkhus, concerning things unheard before: there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( ဒုက္ခသစ္စာ၌ ကတဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( ဒုက္ခသစ္စာ၌ ကတဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍သိခဲ့ပြီ''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of Suffering which has already been understood. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( သမုဒယသစ္စာ၌ သစ္စဉာဏ် )


''ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( သမုဒယသစ္စာ၌ သစ္စဉာဏ် )


ရဟန်းတို့ ''ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Cause of Suffering. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( သမုဒယသစ္စာ၌ ကိစ္စဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( သမုဒယသစ္စာ၌ ကိစ္စဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်အပ်၏''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Cause of Suffering which should be abandoned. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( သမုဒယသစ္စာ၌ ကတဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( သမုဒယသစ္စာ၌ ကတဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်ပြီးပြီ''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Cause of Suffering which has already been abandoned. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( နိရောဓသစ္စာ၌ သစ္စဉာဏ် )


''ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( နိရောဓသစ္စာ၌ သစ္စဉာဏ် )


ရဟန်းတို့ ''ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော နိရောဓသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Origin of the Cessation of Suffering. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( နိရောဓသစ္စာ၌ ကိစ္စဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( နိရောဓသစ္စာ၌ ကိစ္စဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုအပ်၏''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော နိရောဓသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Origin of the Cessation of Suffering which should be realized. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( နိရောဓသစ္စာ၌ ကတဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( နိရောဓသစ္စာ၌ ကတဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ'ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော နိရောဓသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှား ဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ'သည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Origin of the Cessation of Suffering which has already been realized. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( မဂ္ဂသစ္စာ၌ သစ္စဉာဏ် )


''ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( မဂ္ဂသစ္စာ၌ သစ္စဉာဏ် )


ရဟန်းတို့ ''ဤတရားသည် ဆင်းရဲ၏ချုပ်ရာ 'နိဗ္ဗာန်' ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန် တရားမည်၏''ဟု ဘုရားမဖြစ်မီရှေးက မကြားဖူးကုန်သော မဂ္ဂသစ္စာတရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Path leading to the Cessation of suffering. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( မဂ္ဂသစ္စာ၌ ကိစ္စဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( မဂ္ဂသစ္စာ၌ ကိစ္စဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများ အပ်၏''ဟု ဘုရားမဖြစ်မီရှေးက မကြားဖူးကုန်သော မဂ္ဂသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍သိသော ဉာဏ် 'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။


This is the Noble Truth of the Path leading to the Cessation of suffering which has to be developed. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( မဂ္ဂသစ္စာ၌ ကတဉာဏ် )


''တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။


( မဂ္ဂသစ္စာ၌ ကတဉာဏ် )


ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများ ပြီးပြီ''ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော မဂ္ဂသစ္စာ တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏။ အသိဉာဏ်သည် ထင်ရှားဖြစ်၏။ အပြား အားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏။ ထိုးထွင်း၍ သိသော ဉာဏ်'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်၏။ အလင်းရောင်သည် ထင်ရှားဖြစ်၏။


This is the Noble Truth of the Path leading to the Cessation of suffering which has already been developed. Thus, O Bhikkhus, concerning things unheard before; there arose in me the vision, there arose in me the knowledge, there arose in me the wisdom, there arose in me the insight, and there arose in me the light.


( ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ )


ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ''အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'' တိ ပစ္စညာသိံ။


( ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ )


ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသောအပြန် တစ်ဆယ့်နှစ်ပါးသော အခြင်း အရာရှိသော မှန်ကန်သောဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏ ဗြဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော အရဟတ္တမဂ် ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။


O Bhikkhus, as long as my vision of true knowledge was not fully clear in there three aspects in these twelve ways, regarding Four Noble Truths, I did not claim to have realized the perfect Enlightenment that is supreme in the world with its gods, with its Maras and Brahmas, in this world with its recluses and brahmanas, with its princes and men.


( ဘုရားအဖြစ် ဝန်ခံတော်မူပုံ )


ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝ မနုဿာယ ''အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ''တိ ပစ္စညာသိံ။


( ဘုရားအဖြစ် ဝန်ခံတော်မူပုံ )


ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သောဉာဏ်အမြင်သည် စင်ကြယ်လာသောအခါ၌ သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏ ဗြဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာသိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏။


But when, O Bhikkhus, my vision of true knowledge was fully clear in there three aspects in these twelve ways, regarding Four Noble Truths, then I claimed to have realized the perfect Enlightenment that is supreme in the world with its gods, with its Maras and Brahmas, in this world with its recluses and brahmanas, with its princes and men.


( ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ )


ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။


( ပဉ္စဝဂ္ဂီတို့တရားနှစ်သက်ကြပုံ )


ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။


( ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ )


ငါ၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက် စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သောဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီဟု ငါ့အား ပစ္စဝက္ခဏာ ဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏။


( ပဉ္စဝဂ္ဂီတို့တရားနှစ်သက်ကြပုံ )


မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါး ရဟန်းတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်၏။


Indeed, a vision of true knowledge arose in me thus: Deliverance from defilements (kilesa) of my mind is unshakeable. This is the last birth. Now there is no more (rebirth) becoming. Thus, the Buddha spoke. The group of five Bhikkhus was delighted and they applauded at his words.


(အရှင်ကောဏ္ဍည တရားထူးရပုံ)


ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ''ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ။


(အရှင်ကောဏ္ဍည တရားထူးရပုံ)


ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည် ရှိသော် အသျှင်ကောဏ္ဍညအား ''ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည်ချုပ်ခြင်း သဘောရှိ၏'' ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်'သည် ဖြစ်ပေါ်လာ၏။


When this doctrine was being expounded there arose in the venerable Kondanna: the dustless, stainless eye of the truth (sotapatti mag) and he realized that “Whatever is subject to causation all that is subject to cessation”.


( နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ )


ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


( နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ )


ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည် ရှိသော် ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏''ဟု ဘုမ္မစိုးနတ် တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။


When the Buddha expounded the discourse of the turning of the wheel of the truth, the earth bound deities exclaimed together – “This excellent wheel of the truth which could not be expounded by any ascetic, brahmana, god, mara, or Brahma in this world, it has been expounded by the Blessed one at the Deer Park, in Isipatana, near Varanasi.


ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ စာတုမဟာ ရာဇ်နတ်တို့သည် ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Earth bound deities, the Catu Maharajika Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာ နတ်တို့သည် ''မြတ်စွာဘုရားသည် ဗာရာဏသီ ပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Catu Maharajika Devas, the Tavatimsa Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


တာဝတိံသာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ယာမာနတ်တို့သည် ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Tavatimsa Devas, the Yama Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


ယာမာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တုသိတာ နတ်တို့သည် ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Yama Devas, the Tusita Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


တုသိတာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ နိမ္မာနရတီ နတ်တို့သည် ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို ဟောတော်မူ၏''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Tusita Devas, the Nimmanarati Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတ-ဝသဝတ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


နိမ္မာနရတီနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ပရနိမ္မိတ ဝသဝတ္တီ နတ်တို့သည် ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားကို ဟောတော်မူ၏''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Nimmanarati Devas, the Paranimmita Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။


ပရနိမ္မိတ ဝသဝတ္တီနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန် တောဝယ် လောက၌ သမဏ ဗြဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤ ဓမ္မစကြာတရားတော်ကို ဟောတော်မူ၏''ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။


Having heard the exclaimation of the Paranimmita Devas, the Brahmakayika Devas exclaimed together- “This excellent wheel of the Truth which could not be expounded by any ascetic, brahmana, god, mara or Brahma in this world, it has been expounded by the Blessed one of the Deer Park, in Isipatana near Varanasi”.


ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။


ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍တက်၏၊


Thus in that very moment, in that very second, in that very instant, this joyous cry extended as far as the Brahma realm.


( မြေငလျင်လှုပ်ခြင်း၊ အရောင်အလင်းဖြစ်ပေါ်ခြင်း )


အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။ အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။


( မြေငလျင်လှုပ်ခြင်း၊ အရောင်အလင်းဖြစ်ပေါ်ခြင်း )


ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်း အရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှား ဖြစ်ပေါ်၏။


The Ten thousand world systems quaked, tottered and trembled violently to and fro. An immeasurable and mighty radiant light, surpassing the glow of the Devas, appeared in the world.


( မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ )


အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ ''အညာသိ ဝတဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော'' တိ။


ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ''အညာသိ ကောဏ္ဍညော'' တွေဝ နာမံ အဟောသီတိ။


( မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ )


ထိုအခါ မြတ်စွာဘုရားသည် ''ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤဥဒါန်းကို ကျူးရင့်တော် မူသောကြောင့်သာလျှင် အသျှင်ကောဏ္ဍညအား 'အညာသိ ကောဏ္ဍည' ဟူ၍သာ အမည်တွင်လေ၏။


Then the Buddha uttered this solemn utterance. “Kondanna has indeed understood. Kondanna has indeed understood. Therefore the venerable Kondanna was named Annasi Kondanna.


( အရှင်ကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ )


အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ ''လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ''န္တိ။


( အရှင်ကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ )


ထိုအခါ အရှင်ကောဏ္ဍညသည် သိမြင်အပ်ပြီးတရား၊ ရောက်အပ်ပြီးသော တရား၊ အထင်အရှားသိအပ်ပြီးသော တရား ထက်ဝန်းကျင် သက်ဝင်၍ သိအပ်ပြီးသောတရား ရှိလာတော့ ယုံမှား သံသယစိတ်တွေကို ကျော်လွန်ခဲ့ပြီမို့။ သို့လော သို့လောနဲ့ တွေးတောမှုတွေလဲကင်း၍ ဘုရားရှင် သာသနာမှာ အသိဉာဏ်နဲ့ ရဲရင့်ခြင်းသို့လဲရောက်လို့ ဘုရားရှင်ကို- ''မြတ်စွာဘုရား၊ တပည့်တော် မြတ်စွာဘုရားအထံတော်မှာ ရဟန်းအဖြစ်ကို ရလိုပါသည်'' အရှင်ဘုရား။


Then the venerable Annasi Kondana having seen Dhamma, attained Dhamma, known Dhamma, plunged into Dhamma, having crossed over doubt, having put away uncertainty, having attained confidence, without depanding on others in the Teacher’s religion, spoke to the Buddha “ May I, Lord, get to leave the world in the presence of the Buddha, May I get the ordination”.


( ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ )


''ဧဟိ ဘိက္ခူ'' တိ ဘဂဝါ အဝေါစ ''သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ'' တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။


( ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ )


''ရဟန်းလာခဲ့လော့'' ငါဘုရား တရားတော်ကို အကောင်းဆုံး ဟောထားတယ်။ ဝဋ်ဒုက္ခအဆုံးသတ်ဖို့ရာ မြတ်တဲ့ အကျင့်ကို ကျင့်လှည့်လော့လို့ မြတ်ဗုဒ္ဓက ဧဟိဘိက္ခုအဖြစ် ခေါ်တော် မူလေသည်။ အရှင်အညာသိကောဏ္ဍညသည် ရဟန်းအဖြစ်သို့ ရရှိသွားလေသည်။


The Bhddha replied –

”Come Bhikkhu, well taught is the Dhamma. Come and practise the holy life for the sake of complete ending of suffering”, so this came to the ordination of the long lived Venerable Kondanna.


ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ။

ဓမ္မစက္ကပ္ပဝတ္တနသုတ် မြန်မာပြန် ပြီးပါပြီ။

Dhammacakka Sutta ends here.


ဓမ္မစက္ကပ္ပဝတ္တနဝဂ်၊ မဟာဝဂ္ဂသံယုတ်၊ သံယုတ်ပါဠိတော်။


Dhammacakka Pawattana Sutta, Maharvagga Samyutta, Saṃyutta Pali



Credit to Source>>https://lknt6.blogspot.com/p/pali-myanmar-english.html

Related Posts

No comments:

Post a Comment