// //]]>

အိမ်ဝယ်ယူမှုအတွက် အခွန်ဆောင်ခြင်း

အိမ် ဝယ်ထားသူ အခွန်ဆောင်ချင်ပါက
၁။ ထိုအိမ်ကိုဝယ်ယူထားကြောင်း အခွန်ဆောင်ရန်တန်ဘိုး (အခွန်ထမ်းဆောင်ရန်အတွက် တန်ဘိုးတစ်ခုဖြစ်ပါသည်၊ ထိုတန်ဘိုးဖြင့်ရောင်းချရန် ဝယ်ယူရန် မဟုတ်ပါ။ တန်ဘိုးအမှန်ကို ကာယကံရှင်များမှသာ တိကျစွာသိမည်ဖြစ်သဖြင့် တပြေးညီဖြစ်အောင် ဆောင်ရွက်သတ်မှတ်ခြင်းဖြစ်ပြီး မည်သည့်တန်ဘိုးဖြစ်မည်ကို တန်ဘိုးဖြတ်အဖွဲ့ရုံးတွင် မြင်သာစွာ ကြေညာပေးထားပါသည်။ မည်သူမဆိုဝင်ရောက်ကြည့်ရှုနိုင်ပြီး မမှန်ကန်စွာ သတ်မှတ်ပါက တိုင်ကြားနိုင်ပါသည်။) သတ်မှတ်ပေးစေလိုကြောင်း ပန်းဆိုးတန်းလန်းရှိ အိမ်ခြံမြေတန်ဘိုးဖြတ်ရုံးသို့ အိမ်ကို ရှေ့ ဘယ် ညာ ရိုက်ယူထားသော ဓာတ်ပုံ ၆စုံ၊ ရောင်းချ/ဝယ်ယူရန်အတွက် ဟုဖော်ပြထုတ်ယူထားသော မြေပုံမြေရာဇဝင် ၆စုံ၊ ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မိတ္တူ ၆စုံတို့နှင့်အတူ တင်ပြရပါမည်။
၂။ သတ်မှတ်တန်ဘိုးကို အနီးဆုံးအစည်းအဝေးတွင်(ပုံမှန်အားဖြင့် တစ်ပါတ်တစ်ကြိမ်ပြုလုပ်သောအစည်းအဝေးဖြစ်သဖြင့် ၂ပါတ်ထက်ပိုမကြာမြင့်ပါ) တန်ဘိုးသတ်မှတ်ပေးပါမည်။
၃။ မိမိတို့က ယခုမှဝယ်ယူခြင်းမဟုတ်ဘဲ ယခင်ကတည်းက ဝယ်ယူထားခဲ့ပြီး ယခုမှ အခွန်ဆောင်ရန်တင်ပြခြင်းဖြစ်ပါက အကြောင်းရင်းကို တင်ပြရပါမည်။ တင်ပြသောအကြောင်းရင်းသည် အခွန်ထမ်းဆောင်လိုသူ၏ အားနည်းမှုမဟုတ်ဘဲ အခြားအခြေအနေ ဥပမာ တရားရုံးတွင် အမှုရင်ဆိုင်နေရသဖြင့် ကာလကျော်လွန်ခဲ့ခြင်းမျိုး ဖြစ်ပါက ထိုအမှန် ရောင်းဝယ်စဉ်ကာလနှင့်အနီးစပ်ဆုံးတန်ဘိုးကို သတ်မှတ်ပေးပါမည်။
၄။ တန်ဘိုးသတ်မှတ်ချက်ကို ဆိုင်ရာမြို့နယ်အခွန်ရုံးသို့ တန်ဘိုးဖြတ်အဖွဲ့ဝင်များလက်မှတ်စုံလင်သည်နှင့် ၇ရက်အတွင်း ပေးပို့မည်ဖြစ်ပြီး ဝယ်ယူသူမှ တံဆိပ်ခေါင်းခွန် ၄% ပေးဆောင်ရပါမည်။
....
တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီးပါက မိမိတို့ဝယ်ယူသော ငွေအတွက် ဝင်ငွေစိစစ်မှုခံယူရပါမည်။
၁။ မိမိဝယ်ယူသောငွေသည် လစာ၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခြင်းမှရရှိငွေ၊ အိမ် ခြံမြေ ယာဉ်လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်း စသည့် အခြေပစ္စည်းများရောင်းချခြင်းမှ ဝင်ငွေဖြစ်ပါက ဝင်ငွေရရှိခဲ့စဉ်က အခွန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားဖြစ်သည့် ပုံစံ ဝင-၈ ကိုတင်ပြရပါမည်။
၂။ လစာမှဝင်ငွေဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်ရှိသော သတ်မှတ်ငွေဖြစ်လျှင် အဆိုပါငွေရရှိခဲ့စည့်အထောက်အထားကိုတင်ပြနိုင်ပါသည်။ လစာပေါ်တွင်အခွန်ဆောင်ပြီးပါက အခွန်ရုံးမှထုတ်ပေးထားသည့် အထောက်အထား စာအုပ်၊ ထောက်ခံစာ တစ်ခုခုကို မိမိအလုပ်ရှင်ထံမှတဆင့် တောင်းခဲရယူတင်ပြနိုင်ပါသည်။
၃။ ထီပေါက်ခြင်း အမွေရခြင်းများကို ဆိုင်ရာအထောက်အထား များဖြင့်တင်ပြရပါမည်။
၄။ ထိုသို့တင်ပြသောဝင်ငွေသည် မိမိဝယ်ယူသော အိမ်တန်ဘိုးထက် ကျော်လွန်နေပါက ဝင်ငေလခွန်ထပ်မံပေးဆောင်ရန်မလိုအပ်ဘဲ စာချုပ်စာတမ်းကိုမှတ်ပုံတင်ခြင်းနှင့် ဂရန်ထုတ်ယူမှုများ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။
၅။ တင်ပြသောဝင်ငွေမရှိလျှင် မလုံလောက်ဘဲ လိုနေသေးလျှင် ထိုမတင်ပြနိုင်သော လိုနေသော ဝင်ငွေအတွက် အောက်ပါနှုန်းဖြင့် အခွန်ကျသင့်ပါမည်။
သိန်း၃၀၀ ထိ ၁၅%၊ သိန်း၃၀၀ မှ သိန်း၁၀၀၀ ထိ ၂၀%၊ သိန်း၁၀၀၀ကျော်လွန်ပါက ၃၀%ဖြစ်ပါသည်။
Credit to Minn Lwin Oo

Related Posts

No comments:

Post a Comment

1234567 Next