// //]]>

Income Tax

နိုင်ငံခြားငွေဖြင့် ထုတ်လုပ်ရောင်းရငွေ(ပို့ကုန်)၀န်ဆောင်မှုရငွေ၊ လက်ခစားCMP ရငွေ၊ငှားရမ်းခရငွေ၊အကျိုးဆောင်ခရငွေ၊ လစာရငွေများ ကို ကျပ်ငွေဖြင့်သာ ပေးဆောင်ရတော့မည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ
အမှတ် ၊ ၁၄၈/၂၀၁၂
နေပြည်တော် ၊ ၁၃၇၄ ခုနှစ် ၊ တန်ခူးလဆန်း ၁၅ ရက်
(၂၀၁၂ ခုနှစ် ၊ ဧပြီလ ၆ ရက်)

၁။ ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄ နှင့် ၀င်ငွေခွန်စည်းမျဉ်း ၇ တို့အရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၂)မှ သဘောတူခွင့်ပြုချက် အရ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။ အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေခေါင်းစဉ်များမှ နိုင်ငံခြားငွေဖြင့် ၀င်ငွေရရှိလျှင် ယင်းဝင်ငွေအပေါ် ၀င်ငွေခွန်စည်းမျဉ်း ၈ ပါ ပြဌာန်းချက်များနှင့်အညီ တွက်ချက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်း နေနိုင်ငံခြားသားဖြစ်ပါက ကျပ်ငွေဖြင့်လည်းကောင်း ၊ ပြည်ပနေနိုင်ငံခြား သား ဖြစ်ပါကရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်လည်းကောင်း ၀င်ငွေခွန်ပေး ဆောင်ရမည်။
၃။ ဤအမိန့်ကြော်ငြာစာဖြင့် အောက်ပါအမိန့်ကြော်ငြာစာများကို ပယ်ဖျက်လိုက်သည်-
(က) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၅-၆-၂၀၀၆ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၁၂၃/၂၀၀၆
(ခ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၅-၆-၂၀၀၆ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၁၂၄/၂၀၀၆
(ဂ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၅-၆-၂၀၀၆ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၁၂၅/၂၀၀၆
(ဃ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၈-၈-၂၀၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၁၅၆/၂၀၁၁
(င) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၈-၈-၂၀၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၁၅၇/၂၀၁၁
(စ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁-၂-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၄၈/၂၀၁၂
(ဆ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၀-၂-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၅၃/၂၀၁၂
၎။ ဤအမိန့်ကြော်ငြာစာသည် ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

လှထွန်း
ပြည်ထောင်စုဝန်ကြီး
စာအမှတ် ၊ဘခ-၂/၁၁(၁၂၅၈/၂၀၁၂)
ရက်စွဲ ၊၂၀၁၂ ခုနှစ် ၊ ဧပြီလ ၂၃ ရက်


Related Posts

1 comment: