တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို
အခြေခံအားဖြင့် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ဒါတွေနဲ့တိုင်းတယ်။
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲဝင်လာတဲ့အခါ
ကျန်းမာရေး၊ ပညာရေး တိုးတက်ဖို့ ကို ဦးစားပေး ခဲ့တယ်။
အရင်က လုပ်ထားလို့ ဗမာ့စီးပွားရေးနယ်ပယ်မှာ ရှိနေဖြစ်နေတဲ့
ခရိုနီတွေ... လူကြီးမင်းတွေ... လုပ်ပိုင်ခွင့်နဲ့ စားထား ဝါးထားတာတွေ
ဒါတွေကို မသိချင်ယောင်ဆောင်ထားနေရတယ်။
သေချာ စဉ်းစားကြည့်ပါ။
ဒီလူတွေ အများစု လွှတ်တော်မှာ ရှိတယ်။
သူတို့ဆီက ချက်ချင်းပြန်ယူဖို့ မဖြစ်နိုင်သေးဘူး။
ထပ်ပြီး အရင်အခွင့်အရေး မယူနိုင်အောင် တားထားမယ်။
နောက် စီးပွားရေးမှာ ဥပဒေနဲ့အညီ လက်ဝါးကြီးအုပ်အခွင့်အရေးမရောက်စေဘဲ
တကယ့် ဈေးကွက်ပြိုင်ဆိုင်မှုဖြစ်လာအောင် လုပ်မယ်။
အချိန်ယူရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေး မပြောဘူး။
လူကြီးမင်းတွေ စားထား ဝါးထားတာ မပြောဘူး။
တရားဥပဒေစိုးမိုးရေးကိုပြောတယ်။
နိုင်ငံခြားက သင့်လျော်သော အကူအညီရဖို့ကြိုးစားတယ်။
ကျွန်တော့်အမြင် ဒါဟာ ဦးသိန်းစိန်နဲ့သဘောတူထားတဲ့အချက်တွေပဲ။
ဦးသိန်းစိန်ဟာ အရင်လူဖြစ်ပေမယ့်
(ပုံမှန် အခွင့်အရေးကလွဲလို့) ရှားရှားပါးပါး စီးပွားရေးအခွင့်အရေးမယူခဲ့ဘူး။
လူ့သဘာဝအလျောက် နေရာရမှုကို သဘောကျမယ်။ ဒါပေမယ့် အာဏာရှင် (အာဏာမက်သူ) မဟုတ်ဘူးလို့ ယူဆနိုင်တယ်။
အများကောင်းကျိုးကို တကယ်လိုလားသူလို့ ယူဆနိုင်တယ်။ (သူ့အစိုးရကို ပြောတာမဟုတ်ဘူး၊ တစ်ယောက်တည်းအနေနဲ့ပြောတာ)
-ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာတယ်၊
-လွှတ်တော်နဲ့ အစိုးရ အားပြိုင်မှု ရှိလာတယ်။
-ဝန်ကြီး အချို့ (ပြောင်း. ပြုတ် ဖြစ်တယ်)
ဒီတော့ နိုင်ငံရေး သဘာဝအတိုင်း အားပြိုင်၊ ရှုံ့ချ၊ တိုက်ခိုက်...။
ဒီတော့
တစ်ချို့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တယ်။
တစ်ချို့က ဦးသိန်းစိန်ကို တိုက်ခိုက်တယ်။
တစ်ချို့က ဒီနှစ်ယောက်ကို ရန်တိုက်တယ်။
.......................
အခုအချိန်မှာ သူတို့နှစ်ယောက်စလုံး (သို့မဟုတ်)
ဘယ်တစ်ယောက်ဖြစ်ဖြစ် ထိခိုက်ရင်
ဘယ်သူအကျိုးရှိလဲ။
တိုင်းပြည်အကျိုးရှိမလား။
No comments:
Post a Comment