// //]]>

Business Information Systems (1)

Information System ဆိုတာဟာ လုပ်ငန်းပြီးမြောက်ဖို့
People, IT နဲ့ business process တို့ပေါင်းစပ်ထားတာပါ။
ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Facebook ကိုပဲကြည့်လိုက်ပါ။
-People: The actors who interact in a business
သုံးနေတဲ့ ကျွန်တော်တို့ပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေပါတယ်။
-Information Technology (IT): Hardware/software used to facilitate business
IT ထဲမှာ ကွန်ပျူတာတွေ၊ Mobile Phone တွေ၊ Tablet တွေ၊ဆက်သွယ်ရေးတွေ၊
ဒီအထဲမှာ သုံးတဲ့ Windows OS တို့၊ Android တို့၊ တစ်ခါ Google Chrome၊ FireFox အစရှိတဲ့ Web Browser app တွေ။
-Business Processes: Goal-oriented activities conducted by a business
FB account ဖွင့်တာကအစ၊ Post တင်၊ Like & Share လုပ်၊ Report ထုတယ် ဘာညာ
မိတ်ဆွေ Facebook မှာ သုံးနေတာအားလုံးဟာ Customer side အတွက် Business process တွေပါပဲ။
FB company ဘက်မှာ ဘာကို ဘယ်လို Analyze လုပ်နေမလဲ ဆိုတာ ချဲ့တွေးကြည့်လိုက်ပါ။
ဒီနေ့ကမ္ဘာမှာ Information Systems ဆိုတာကို marketing, management, finance, and accounting စတဲ့
နယ်ပယ်တွေမှာ မဖြစ်မနေ သုံးတဲ့အတွက် မိမိအလုပ်နဲ့ဆက်စပ်သလောက် ယေဘူယျသိဖို့ လိုအပ်ပါလိမ့်မယ်။
ဥပမာ ပြီးခဲ့တဲ့ မဲစာရင်းတွေကိစ္စ၊ ကွန်ပျူတာ Error လို့ အလွယ်တကူပြောတာမျိုး၊
နောက် ATM card နဲ့ငွေထုတ်လို့မရတာ၊ ငွေတွေ အခိုးခံရတာ၊ Online ကနေ Voting လုပ်တာ
ဒါတွေဟာလည်း Information Systems တွေပါပဲ။
System ကောင်းတစ်ခုဟာ သုံးတဲ့ user/customer မှာ ဘယ်လောက် အဆင်ပြေပြေသုံးနိုင်သလဲလို့
အလေးထားဆောင်ရွက်ပါတယ်။

Related Posts

No comments:

Post a Comment