// //]]>

စားသုံးသူတိုင်ကြားလွှာ



http://www.doca.gov.mm/complaint/public/

စားသုံးသူတိုင်ကြားလွှာအား ရေးသားဖြည့်သွင်းခြင်း မပြုမီအရေးကြီးသော အောက် ပါ သတင်းအချက်အလက်များ ကိုဦးစွာဖတ်ရှုပါ။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ စားသုံးသူတိုင်ကြားမှု လက်ခံ ဆောင် ရွက်ရေး  လုပ်ငန်းကော်မတီသည်စားသုံးသူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုတို့ကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှု မခံရစေရန် ဥပဒေအရ အကာအကွယ် ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ကျွနု်ပ်တို့၏စားသုံးသူရေးရာဌာနခွဲဝန်ထမ်းများသည် စားသုံးသူများ၏ မေးခွန်းများအား ကူညီ ဖြေဆို ပေးနိုင်ရန် အသင့်ဖြစ်သည်။ သင့်အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ ကို မေးမြန်းလိုပါက ဆက်သွယ်မေးမြန်းနိုင်သည်။
ကျွနု်ပ်တို့သည် ပုဂ္ဂိုလ်ရေးရာ၊ မိသားစု သို့မဟုတ် အိမ်ထောင်စုအတွက် ရည်ရွယ်ချက်ဖြင့် ဝယ်ယူ သုံးစွဲသည့်ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်သည့်တိုင်ကြားမှုများ သို့မဟုတ် ယင်းရည်ရွယ် ချက်ဖြင့် လုပ်ဆောင်သည့် ကြော်ငြာ၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့နှင့် ပတ် သက်သည့် တိုင်ကြားမှုများကိုသာ ဖြေရှင်းဆောင်ရွက်ပေးရန် အခွင့်အာဏာ ရှိသည်။
ကျွနု်ပ်တို့သည် ပုဂ္ဂိလိကဏ္ဍမှ တစ်ဦးချင်းလုပ်ငန်း ဆောင်ရွက်သူများအချင်းချင်း ၎င်းတို့၏ လုပ်ငန်း များနှင့်ပတ်သက်သည့် တိုင်ကြားမှုများနှင့်စီးပွားရေးလုပ်ငန်း အလို့ငှာ ရည်ရွယ် ဆောင်ရွက်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ပါဝင်သော လုပ်ငန်းများနှင့်ပတ်သက်သည့် တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ပါ။
ကျွနု်ပ်တို့သည် တရားရုံးတွင် တိုင်ကြားသူများ၏ ကိုယ်စားအနေဖြင့် ဥပဒေ အကြံဉာဏ်ပေးခြင်း၊ ဥပဒေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းသို့မဟုတ် အမှုကိစ္စများကို လိုက်လံဆောင်ရွက်ခြင်း၊ တရားရုံးတစ်ခုတွင် ကြားနာရန် စီစဉ် ဆောင်ရွက်ထားသော သို့မဟုတ် ကြားနာပြီးသော တိုင်ကြားမှုကို ဖြေရှင်း ဆောင်ရွက်ပေးခြင်း၊ သင်လျော်သော ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ဌာနသို့မဟုတ် အဖွဲ့အစည်းတို့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သော သို့မဟုတ် ဖြေရှင်း ဆောင်ရွက်နေသော တိုင်ကြားမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ် ပေးမည် မဟုတ်ပါ။
အချို့သောတိုင်ကြားမှုများမှာ အခြားသက်ဆိုင်သည့်ဌာနများ၏ ဆုံးဖြတ်ပိုင်ခွင့် အာဏာအတွင်း ကျရောက် မည်ဖြစ်သောကြောင့် ကျွနု်ပ်တို့၏ ဝန်ထမ်းများမှ သင့်အား သင့်လျော်သော ရွေးချယ်မှု ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးလိမ့်မည်။

ဆက်လက်ဖတ်ရန်>>http://www.doca.gov.mm/complaint/public/

Related Posts

No comments:

Post a Comment