// //]]>

မိုး


မိုး

ရေး - အလင်္ကာကျော်စွာရွှေပြည်အေး
ဆို - တက္ကသိုလ်မြကြီး

(ဝသန်ခါမီ...လရာသီ...ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့...ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ ဟန်ချီ... မင်းလွင်စည်... ညိုရောင်မှောင် ခိုး... မိုးလအခါမီ ဖြိုးဖြိုးလျလျ စွေလှသည်)၂

(ဂျိုးဂျိမ့်သံ မာန်တင်းကာပ... အသူရာ သိကြားမင်းက စစ်ခင်းကာ ပြိုင်ကြပြီ)၂ စိတ်မကျေနိုင်...အနိုင်လုတော့... အေးလှပါသည်... ထွေးစရာ့ ဗလာအထည်...(ဆွေး)၃ ရတာရှည်...ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါဘဲ...မလုံ့ တလုံ့ ခြုံလွှာမွဲလို့... မစုံဖော်ကွဲ... သည်းကြေလုပြီ... သြော် ဘယ်ခါမှ... အတူတကွ နေရပါမည်... နွေးစရာ့အတည်... ဆွေနှမ ‘ဒါလီ... ဝေးရပြီ...

(လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော်)၂ (မသင့်တော်သလိုပါ့ တစ်မေခင်လွဲ)၂ သြော်... ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ... (စွဲသူ့မျက်ရည် မျက်ရည်။ စွဲသူ့ရဲ့မျက်ရည်)၂ ရက်ရှည်ရှည် ဆွေးတယ်လေး... သွေးကဲ့သို့နီ...

ပဇ္ဈန်ရယ်...သံစုံရင့်ကျူး...မြူးခဲ့ပြီ... လေဦးမိုးသက်ချီ... တရွေ့ရွေ့နဲ့... မိုးငွေ့တွေလေချီ... ငွေချည်ငွေပန်း... တန်းကာကျပြီ... ဆန်းစွာလှသည်... လွမ်းတာကရှည်... ပန်းလျဝေရီ... လွမ်းတလို့ပဲ... ဖြေမဆည် နိုင်တော့ပြီ...။




မိုး သီချင်းကို ကွန်ပျူတာ အကူအညီဖြင့် ဖန်တီးသည်။ ဝါသနာရှင်များ လေ့ကျင့်နိုင်ရန် ရည်ရွယ်သည်။ mp3 ကို mid ပြန်လုပ်ရာတွင် အပိုအလို အမှားရှိလျှင် မူလ အတီးများကို ပြန်လည် နားထောင် ပြင်ဆင် လေ့ကျင့်ပါရန်။ နုတ်ကို ဘယ်ညာလက် ပြန်လည် ခွဲခြားခြင်း ခက်ခဲပါသဖြင့် မြန်မာသံ ဘယ်ညာလက် အတိုင်း ယူဆ လေ့ကျင့်ပါရန်။

ရည်ညွန်။ https://www.skitfy.com/2018/06/piano-hla-htut.html

Related Posts

No comments:

Post a Comment