// //]]>

NO Genocide in Myanmar


ဒီဇင်ဘာ ၂၆။            ။ မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မရှိဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီရှီရို မာရုယာမာ (H.E. Mr. Ichiro Maruyama) က ပြောသည်။
ဂျပန်သံအမတ်ကြီး  နေအိမ်တွင် ယနေ့ ပြုလုပ်သည့်  အိုင်စီဂျေ (ICJ) အရေး နှင့် ရခိုင်အရေး သတင်းစာရှင်းလင်းပွဲတွင် ဂျပန်အစိုးရ၏ ရပ်တည်ချက်အား ပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။
ဂျီနိုဆိုက်မရှိသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနိုင်ကြောင်း ပြောသည်။ ထိုသို့ လူ့အခွင့်အရေး ချိုးဖေါက်မှုများအား  မြန်မာအစိုးရမှ ဖွဲ့စည်းထားသည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) မှ စုံစမ်းတွေ့ရှိလျှင် အရေးယူဖို့ အရေးကြီးကြောင်း ပြောသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောထားသည့်အတိုင်း လူ့အခွင့်အရေး ချိုးဖေါက် မှုများအား တွေ့ရှိလျှင် အရေးယူမည်ဆိုသည်ကို ဂျပန်အစိုးရ အနေဖြင့် ယုံကြည်ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက်ဖြေရှင်းခဲ့သည့် အတွက် ဂျပန်အစိုးရအနေနဲ့ချီးကျူး ကြောင်းပြောကြားသည်။  
အိုင်စီဂျေ (အပြည်ပြည်ဆိုင်ရာတရားရုံး) မှ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင်ဆောင်ရွက်ချက် (Provisional Measure) အား မဆုံးဖြတ်ဖို့ရန် နှင့် မချမှတ်ဖို့ရန် မိမိအနေဖြင့် နေ့စဉ် ဆုတောင်းနေကြောင်း ၊ ထိုသို့ဆုံးဖြတ်ချက် မချအောင်လည်း ဂျပန်အစိုးရ အနေဖြင့် ကူညီသွားမည်ဖြစ်သည်ဟု ပြောသည်။

Related Posts

No comments:

Post a Comment