// //]]>

မြန်မာ့ပညာရေးအတွက် သြစတြေးလျဒေါ်လာ ၇၁ သန်းကျော် ထောက်ပံ့ရန်ဆွေးနွေး

နေပြည်တော် မတ် ၁၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ရေးရာဝန်ကြီး၊ အထက်လွှတ်တော်အမတ် Hon Concetta Fierravanti-Wells အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပိုမိုပူးပေါင်းဆောင်ရွက်ရေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် စီမံခန့်ခွဲရေးတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍအတွက် သြစတြေးလျ ဒေါ်လာ ၇၁ ဒသမ ၅ သန်း ထောက်ပံ့ပေးမည့်ကိစ္စ၊ အာဆီယံ-သြစတြေးလျ ပူးပါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် သြစတြေးလျအထက်လွှတ်တော်အမတ်က သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ဆက်လက်ထောက်ခံအားပေးရပ်တည်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)

Source: https://www.facebook.com/TheMirrorDaily/posts/1284539001638984:0

Related Posts

No comments:

Post a Comment