// //]]>

အစိုးရ ဌာနဆိုင်ရာဝန်ထမ်းများ ရိုးသားချိန်တန်ပါပြီ



ဟုတ်ကဲ့ တစ်ပြိုင်တည်း ကျန်ဌာနများက ဝန်ထမ်းများလည်း ရိုးသားချိန် တန်ပါပြီ။
ပတခ ၂၀၁၄ မှာ ရုံးတစ်ရုံး စတင်ဖွဲ့စည်းပါတယ်။ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ပါ။
အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကို IMF AND USA OTA တို့ရဲ့အကြံပေးများခန့်ထားပြီးေောင်ရွက်ပါတယ်။ ရေတောင်တိုက်မရ မုန့်တောင် လက်ဆောင်ပေးမရပါ။ ZERO CORUPTION စစ်စစ်နဲ့ ကုမ္ပဏီအကြီးဆုံး ၅၀၀ ကိုစည်းကြပ်နေပါတယ်။ ယခုနှစ် နောက်ထပ် ကုမ္ပဏီအလတ် ၇၀၀ ကို အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရူံး ၁ ဖွဲ့စည်းလို့ ဆက်လက်ဆောင်ရွက်ပါပြီ။ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် နဲ့ ZERO CORUPTION ပါ။ နိုင်ငံတော်အကြံပေးကိုယ်တိုင် မျကိခြည်မပြတ် ထိန်းကြောင်းနေပါတယ်။ လာမယ့်နှစ် နောက်ထပ် ကုမ္ပဏီ ၁၂၀၀ ကိုဆက်လက် ပြောင်းလဲပါမယ်။ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ၂ ပါ။ ကျွန်တော် ရှိနေပါတယ်။ ပြောင်းလဲပြီး ဝန်ထမ်းများ ဘယ်လောက်ရိုးသားကြတယ်ဆိုတာ ဆက်ဆံနေရတဲ့ကုမ္ပဏီများသိကြပါတယ်။ တဖြေးဖြေး အားလုံးသော အခွန်ရုံးများ လိုက်ပြောင်းမှာပါ။ ပတခ တကယ်ရိုးသားဖို့ စတင်နေပါပြီ။ မကြာခင် အားလုံးရိုးသားပါ့မယ်။ ကဲအခွန်ထမ်းများကရော။ အသင့်ဘဲလား။ ပြိုင်တူမှန်ရင် အမှန်ပြိုင်လိုက်ရအောင်။ အပြိုင်မှန်ရင် တိုးတက်ပြီပေါ့။
စုံစမ်းနိုင်ပါတယ်။
ယခုစတင်ပြောင်းလဲလိုက်တဲ့ အခွန်ထမ်း ကုမ္ပဏီကြီး ၅၀၀ ကပေးဆောင်တဲ့အခွန်က တစ်ပြည်လုံးရဲ့ ၇၅ ရာနှုန်းခန့်ရှိပါတယ်။ လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ အများဆုံးအခွန်ပေးေောင်ထားတဲ့ လုပ်ငန်းရှင် များကို ဂုဏ်ပြုပွဲလုပ်ပါမယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးမှာပါ။

Related Posts

No comments:

Post a Comment