// //]]>

ပေးချေငွေအပေါ် နုတ်ယူ ပေးဆောင်စေတဲ့အခွန် withholding tax


(ပြည်တွင်းအခွန်များဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်၊ ရေနံကုမ္ပဏီကြီးတစ်ခု၏ အကြီးတန်း အရာရှိတစ်ဦး၏ မေးမြန်းချက်နှင့်
အခြား အမေး၊အဖြေများကို စုစည်းထားပါသည်။
ရည်ညွှန်း။ https://www.facebook.com/permalink.php?story_fbid=858295274309735&id=100003878109210)
၁။ ဘာလို့ကောက်သလဲ
အခွန်ကိုလိမ်ညာ တိမ်းရှောင် စာရင်းဖျောက် ပေါင်းစား မလုပ်နိုင်စေဖို့ တိတိကျကျ သတင်းစာရင်း အလိမ်အညာ မရှိ ပေးဆောင်စေဖို့ အခွန်မရှောင်စေဖို့ ကောက်ပါတယ်။

၂။ ဘယ်တုံးကစကောက်သလဲ
၁၉၂၂ Burma Income Tax Act section 15 and 16 မှာ ကိုက withholding tax ကို လုပ်ငန်းအလိုက်ကောက် ခံ တဲ့နှုန်းများဖော်ပြကောက်ခံပါတယ်။ ကိုလိုနီခေတ် အရင်းရှင်စီးပွားရေးစနစ် မှာကတည်းက စတင်ကောက်ခဲ့ပါတယ်။

၃။ မြတ်မှန်းမသိ ရှုံးမှန်းမသိ ကောက်တာဘဲလား။
စီးပွားရေးလုပ်ငန်းတစ်ခုကို မြတ်ဖို့ ရာခိုင်နှုန်း မများဘဲ လုပ်တဲ့လုပ်ငန်းရှင်ဟာ ရူးနေလို့သာဖြစ်ပါမယ်။ မြတ်ဖို့အလားအလာရှိမှ လုပ်လေ့ရှိတာပါ။ တကယ်ဝင်ငွေနှစ်ကုန်လို့ အခြေအနေအရ ထင်သလောက်မမြတ်တာ ရှုံးတာမျိုးသာရှိပါတယ်။ တည်ဆဲဝင်ငွေခွန်ဥပဒေ အရ လစာ တစ်နှစ် ၄၈သိန်းအထက် ရသူများကို လစာထုတ်ပေးရတဲ့ ငွေပေးချေသူ လုပ်ငန်းရှင်များက အဲသည် မိမိ လခစားရဲ့ဝင်ငွေကနေ ကျသင့်အခွန်ကို ခန့်မှန်းတွက်ချက်ပြီး လစဉ် လခပေးတဲ့အခါ နုတ်ယူထားပြီး အခွန်ဆောင်ပေးရပါတယ်။အမြတ်မရှိတဲ့ လစာရသူတွေကတောင် လစဉ်နုတ်ပယ်ပေးဆောင်နေတာပါ။ လစာမဟုတ်တဲ့ ကျန်ပေးချေငွေများအနက်က အတိုးပေးငွေ၊ မူပိုင်ခွင့်ပေးချေငွေနဲ့ ကျန်ပေးချေငွေ ၄မျိုးကို ပေးချေရင် ယေဘူယျ ၁၀% အမြတ်ထားပြီး ပေးဆောင်ရမယ့် အခွန်နှုန်း ၂၅% အရ ပေးချေငွေရဲ့ ၂.၅% အခွန်ကျသင့်မှာမို့ ၂% ကို ပေးချေသူကနုတ်ယူပေးဆောင်ပေးစေတာဖြစ်ပါတယ်။

၎။ နှစ်ကုန်ရင်အရှုံးအမြတ် တွက် အခွန်ဆောင်မှာဘဲ။ ခုလိုကြိုကောက်တာ လုပ်ငန်းတွေမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်။

နှစ်ကုန်ရင် စာရင်းမလိမ် အမှန်အတိုင်းပေးသော လုပ်ငန်းရှင် ဘယ်နှစ်ဦးရှိပါမလဲ။ စာရင်းလိမ်တာကို လိုက်ဖြေရှင်းတာထက် မလိမ်နိုင်အောင် စီစဉ်ထားတာက ပိုကောင်းတာမို့ သည်စနစ်ကို ကမ္ဘာ့နိုင်ငံအတော်များများ ကျင့်သုံးကြပါတယ်။
နောက်တစ်ချက်က ဘယ်အစိုးရမှ ငွေမရှိဘဲတိုင်းပြည်ဖွံ့ဖြိုးအောင်မလုပ်နိုင်ပါ။ လိုအပ်တဲ့ငွေကို နှစ်ကုန်မှ တစ်ခါထဲပေးမယ် ဆိုတဲ့ လုပ်ငန်းရှင်များထံ နိုင်ငံတော်က လုပ်ငန်းအပ်ရင် လုပ်ငန်းအားလုံးပြီးမှငွေချေမယ်ဆို လက်ခံမလား။ ဝန်ထမ်းလစာများကိုလည်း လုပ်ငန်းရှင်များ အခွန်ဆောင်ပြီး နှစ်ကုန်မှ ပေးလို့ရမလား။ လုပ်ငန်းရှင်ပေးတဲ့အခွန်နဲ့ နိုင်ငံတော်က လုပ်ငန်းတွေလုပ် လုပ်ငန်းရှင်ထံအပ် အဆင့်တိုင်းငွေချေပေး လုပ်ငန်းရှင်များက ငွေရတိုင်းအခွန်ဆောင် ဆိုမှ တိုင်းပြည်တွင်း လှည့်လည်ငွေကြေးစနစ် ပုံမှန်လည်ပါတ် မှာမို့ ခုလိုနုတ်ပယ်ပေးသွင်းစေတာပါ။
နောက်ဆုံးတစ်ချက်က လုပ်ငန်းရှင်ပေးချေငွေ ရတဲ့အချိန်တိုင်း နုတ်ပယ်ခြင်းဖြင့် စုစည်းပေးဆောင်တဲ့အခါ ငွေကြေးအခက်အခဲဖြစ်တာ၊ ရငွေစာရင်းလိမ်ပြ ထိမ်ချန်ပြ ဝန်ထမ်းနဲ့ပေါင်း မသမာမှုလုပ်ကြ ဆိုတာများကိုကာကွယ်ဖို့ပါ။

၅။ နိုင်ငံတကာမှာမကောက်ဘူး။
ကောက်ပါတယ်။ အာစီယံနိုင်ငံအားလုံး ကောက်ပါ တယ်။ အိမ်နီးချင်း တရုတ်နဲ့အိန္ဒိယ ဖွံ့ဖြိုးပြီး ဂျပန်၊ တောင်ကိုရီးယား၊ အင်္ဂလန် အမေရိကန် ကောက်ပါတယ်။ မကောက်တဲ့နိုင်ငံမရှိသလောက်ပါ။

သိသမျှတော့ ရှင်းပြပြီးပြီဗျာ။ ဆောင်တာ မဆောင်တာ တော့ လုပ်ငန်းရှင်များသဘောပါ။ ကိုယ်အစိုးရ ဖြစ်နေတုံး ကတော့ ကောက်ခဲ့ကြပြီး ခု မှမကောက်စေချင်တာ၊ စေတနာ မေတ္တာနဲ့ ဦးဆောင်နေပေမယ့် အဓိကကျသော ငွေကြေးမရှိရင် ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံစီမံ အလုပ်လုပ်မရတဲ့အစိုးရကို ငွေမရှိအောင် စီမံနေတာ၊ အများပြည်သူများတစ်ဦးချင်း ပေးချေရင် ဖြတ်တောက်စရာမလိုဘဲ နိုင်ငံပိုင် သမပိုင် ကုမ္ပဏီ များထံကသာ နုတ်ယူပေးသွင်းစေပြီး ရတဲ့အခွန်နဲ့မှ အများပြည်သူ အကျိုး ပြန်သုံးစွဲနေတာကို သိရက်နဲ့ အများ အကျိုးထိခိုက်အောင် မကောက်သင့်ပါဘူး ဆိုနေ ကြတာတွေသည် ပြည်သူအများအကျိုးအမှန်လား စဉ်းစားသာကြည့်ကြပါတော့ဗျာ။

တိုင်းပြည်ကောင်းကျိုး ခိုးဝှက်လိမ်ညာ မပြုပါဘဲ စိတ်ရင်းစွဲမှန် စိတ်ကောင်းခံဖြင့် ပြည့်လင့်အခွန် ငွေအမွန်ကို တာဝန်ကျေစွာဆောင်နိုင်ကြပါစေ။

xxxxxxxxxxx 


မေး။ 
မြန်မာ့ပုလဲမှမုတ်ခွံအခွံလေလံအောင်လို့ဝယ်တာကုန်သွယ်ခွန်၅%ကိုဘယ်သူ့နံမည်နှင့်သွင်းရမလဲ ။
ဖြေ။
မြန်မာ့ပုလဲက မြန်မာ့ပုလဲအမည်နဲ့ဆောင် ဝယ်သူကို ကသခ ၃၁ ပုံစံထုတ်ပေး ဝယ်သူနဲ့ဆိုင်ရာအခွန်ရုံးကို ကသခ ၃၁ မိတ္တူပို့ပေးရပါမယ်။

မေး။
2% ဖြတ်မယ်ဆိုတာကိုငြင်းဆန်တဲ့လုပ်ငန်းရှင်/ကုမ္ပဏီများကို ပင်ရင်းကဖြတ်တောက်ပေးသွင်းဖို့တာဝန်ရှိသူများကဘယ်လိုဆောင်ရွက်ရမလည်း( သူတို့ကတော့ခပ်မာမာပြောတာက အဖြတ်မခံနိုင်ဘူး၊မကျေနပ်ရင်သူတို့နဲ့လုပ်ငန်းမလုပ်နဲ့လို့ပြောကြတယ်၊တချို့ကိစ္စရပ်တွေမှာမိမိဖက်ကရွေးချယ်လို့မရတာမျိုးရှိပါတယ်-ဥပမာ -နေရာငှားရမ်းခြင်းမျိုး၊ လက်မခံရင် 2% ဖြတ်တာလက်မခံကြောင်းကုမ္ပဏီ letter head နဲ့စာတောင်းရင်တော့မပေးဘူးဗျ၊အဲ့တော့ နာမည်တပ်ပြီး ပတခ ကိုတိုင်ရမလားပေါ့)

ဖြေ။
အမိန့်ကြော်ငြာစာ ၂/၂၀၁၇ အရ လက်ခံသူကငြင်းဆန်သော်လည်း နုတ်ယူပေးဆောင်ရန်တာဝန်ရှိပါတယ်။ 
သူတို့လိုဘဲ အနုတ်မခံရင် သူတို့နဲ့အလုပ်မလုပ်ဘူးလို့ ပေးချေသူများက ညီညီညာညာ လိုက်နာမယ်ဆိုရင်တော့ 
အချက် ၁ နဲ့ တွေးရရင်တော့ လိမ်ချင်ညာချင် ရှောင်ချင်သောလုပ်ငမ်းရှင်လို့ ယူဆစရာပါဘဲ။

မေး။
စီးတီးမတ်မယ်  ဈေးဝယ်တယ်ဗျာ..၊ ဆိုပါစို့ရဲ့ သုံးသိန်းကျော်သွားတယ်။ ဒါဆိုရင်  ကိုယ့်ဘာသာ ၂ ရာနှုန်း နှုတ်ပြီး အခွန်ရုံးကို သွားဆောင်ပေးဖို့ ဆိုရင် အဆင်ပြေနိုင်မလား..၊ သိချင်တယ်ဗျာ..၊  မြင်သာတဲ့ ဥပမာ တစ်ခုပြောတာပါ။ စီးတီးမတ်ဆိုရင် ဖြတ်စရာ မလိုပါဘူး ဆိုတာမျိုး ကြားဖူးလို့ပါ။
ဖြေ။ 
စီးတီးမတ်မို့ ဖြတ်စရာ မလိုတာ မဟုတ်ပါ။ စာချုပ် ချုပ်ဆို ဝယ်ယူတာ မဟုတ်တဲ့ ဈေးဝယ်တာမို့ ဖြတ်ဖို့ မလိုတာပါ။ ဒါ့အပြင် ငွေပေးချေ ဝယ်ယူသူ ကလည်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရပါမယ်။
မေး။
စာချုပ်ချုပ်ဆိုဝယ်ယူတာမျိုး မဟုတ်ဘဲ ဘယ် ဈေးဆိုင်ကမဆို ဈေးဝယ်တာမျိုးဆိုရင် ဖြတ်စရာ မလိုဘူး လို့ ဆိုလိုပါသလားခမျာ..
ဥပမာ။ ဖိုးပြုံးချိုကနေ စတေရှင်နရီတွေ ဝယ်ရပါတယ်..၊ စာချုပ် မရှိပါ..၊ ကုမ္ပဏီ ပီအာရ်အတွက် တံဆိပ်ရိုက်ပြီး ဝေဖို့ ဂျော်ဒါးနိုးကနေ စပို့ရှပ်တွေ..၊ တီရှပ်တွေ အခါအားလျော်စွာ ဝယ်ရပါတယ်..၊ ဒါတွေရော  ဖြတ်စရာ မလိုဘူးလားခမျာ..
ကျွန်တော်တို့ ကုမ္ပဏီက ဗမာပြည်မှာ မှတ်ပုံတင်ထားပြီးသား ရေနံကုမ္ပဏီပါ။
ဖြေ။
အမိန့်ကြော်ငြာစာမှာ under a tender, contract, quotation or other modes လို့ ပါရှိတဲ့အတွက် ဈေးဝယ်သလို ကြုံလို့ ဝယ်တာတွေအတွက် ဖြတ်ဖို့ မလိုပါဘူး။ Tender ခေါ်ပြီးဝယ်တာ၊ Contract ချုပ်ပြီးဝယ်တာ၊ Quotation တောင်းပြီးမှဝယ်တာ၊ Purchase Order ထုတ်ပြီးဝယ်တာ တွေဆိုရင် ဖြတ်ရပါမယ်။
မေး။
other modes ဆိုတာထဲ အကြုံးမဝင်ဘူး လို့ သတ်မှတ်ရင်ဖြင့် အဆင်ပြေပါတယ် ဆရာ..၊ ခုများဖြင့် နိုင်ငံတော်ကြီးကို အခွန်ဆောင်ဖို့ ဂျော်ဒါးနိုးဆိုင်က ပြေစာကို ရုံးမယ် တင် မရတော့ ဝယ်ရသူတွေခမျာ မိတ်တွေ ကပ်ရ..၊ ဝယ်ရ ခြမ်းရလို့ အခွန်များ ဖြတ်ဖို့ ပမာဏ ကျော်ပြီဆို အခွန် ဆောင်ဖို့ ၂ ရာနှုန်း ပို ရေးပေးပါခမျာ ဆိုတာများ ပြောရရင်ဖြစ်ဖြစ်..၊ တစ်လထဲ ဝယ်တဲ့ ပမာဏက လစ်မစ် ကျော်သွားရင် အရင် ဝယ်ခဲ့တာလေးအတွက်ပါ ပြေစာ ပြင် ရေးပေးပါခမျာ ပြောရရင်ဖြစ်ဖြစ် မယုံသင်္ကာသလိုလို အကြည့်ခံရတာတွေ အဆင်ပြေသွားတာပေါ့ဗျာ။
ဖြေ။
ဥပဒေ (နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ အပါအ၀င်) တွေကို ဘာသာပြန်ရင်ဖြစ်စေ၊ အဓိပ္ပါယ်ဖွင့်ရင်ဖြစ်စေ တစ်ဦးနဲ့ တစ်ဦး ကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ နိုင်ငံက တည်ဆောက်ရေးအချိန် ဖြတ်သန်းနေရတာဆိုတော့ ထုတ်ပြန်တဲ့ ဥပဒေတွေမှာ အသုံးအနှုံး ၀ိဝါဒ ကွဲစရာတွေ ပါနေတတ်သလို မြန်မာလိုတွေးပြီး ရေးတာတွေက တခါတခါ နိုင်ငံတကာအမြင်မှာ ကွဲလွဲနေတာ ရှိနေနိုင်ပါတယ်။ သူ့အနေနဲ့ မဟုတ်မဟတ် အကြံပေးတယ်လို့ မထင်မိပါဘူး။ စိတ်ချသေချာရအောင် သတ်မှတ် ပေးချေငွေ ပမာဏ ကျပ် ၃၀၀၀၀၀ ကျော်ရင် ဖြတ်ရမယ်လို့ အကြံပြုတာ ဖြစ်နိုင်ပါတယ်။ ၂% ပိုရေးခိုင်းတာ ဒါမှမဟုတ် မိတ်တွေကပ်တာ မလုပ်ဖို့ အကြံပြုပါတယ်။
မေး။
ကျေးဇူးပါခင်ဗျာ။  မလုပ်ချင်ပါဘူး..၊ဒါပေမဲ့  နိုင်ငံတော်ကြီးကို အိပ်ထဲက စိုက်ပြီး အခွန် ဆောင်ပေးရမှာမို့ တာဝန်ကျသူများခမျာ မလုပ်ချင်လည်း လုပ်နေရပါကြောင်း..၊ ဒါမျိုး လက်တွေ့ပိုင်းက ဗရုတ်သုက္ခတွေကို အခွန်ရုံးက ရှင်းရှင်းလင်းလင်း စာနဲ့ ဖြေကြားပေးစေချင်ပါတယ်..၊ ဒါမှလည်း
ဥပဒေ၊ နည်းဥပဒေတွေက လိုရာ ဘာသာပြန်ဆို အနက်ကောက်တာမျိုး မဟုတ်တော့ဘဲ တပြေးညီ ဖြစ်သွားမှာပါ..၊ စိတ်ချရအောင် မလိုအပ်ဘဲ ဖြတ်ခိုင်းမယ် ဆိုတာက ပရော်ဖက်ရှင်နယ်(Professional) မဆန်ပါ..၊
ဖြေ။
တစ်ဦးချင်းပုဂ္ဂိုလ်များ ပေးချေငွေမှ နုတ်ယူပေးဆောင်ရန်တာဝန်မရှိပါ။

Related Posts

2 comments: